ညဘက်တွေမှာ အုပ်စုလိုက် ဆိုင်ကယ်စတန့်
လုပ်တာတွေ၊ ပြိုင်ကား ကားစတန့်လုပ်
တာတွေကြောင့် ယာဉ်အန္တရာယ် ဖြစ်မှာ
စိုးရိမ်နေတယ်လို့ မန္တလေးမြို့ခံအချို့က
ပြောပြပါတယ်။
အသစ်ဖောက်လုပ်လိုက်တဲ့ ၆၆ လမ်းမ(၃၂x၃၅ ကြား)လမ်းမပေါ်မှာ ညကိုးနာရီနဲ့ ဆယ်နာရီဝန်းကျင်လောက်တွေမှာ
“ဒီလမ်းဖောက်ထားတာ မကြာသေးဘူး။ လမ်းကဖြူးနေတာဆိုတော့ ဆိုင်ကယ်တွေ၊ ပြိုင်ကားတွေ က ညဆိုရင်ရောက်လာပြီ ။ ဆိုင်ကယ်တွေက အုပ်စုလိုက်တွေ အများကြီးပဲ။ အစီး၂၀ ကျော်တယ်။ လမ်းတောင်ဖြတ်မကူးရဲဘူး။ ကြောက်လို့ အပြင်လည်းမထွက်ဘူး။ ဒါပေမယ့် အသံတွေကဆူ ညံနေ တာပဲ။”လို့ အနီးဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
အသစ်ဖောက်လုပ်လိုက်တဲ့ ၃၂x၃၅ လမ်းကြား ၆၆ လမ်းနေရာဟာ လမ်းမဖောက်လုပ်ခင်က မန္တလေး ပညာရေးကောလိပ်ကျောင်း
“ကျောင်းနားလေးမှာတော့ အချက်ပြမီးတပ်ထားတယ်။ ဆိုင်ကယ်တွေက ညပိုင်းဆို အရမ်းမောင်း တာ။ လမ်းမှာ မီးကလည်း မရှိသေးတော့ ညဘက်ဆို အ၇မ်းမှောင်တယ်။ ဆိုင်ကယ်စတန့်တွေ က တော်တော်ဆိုးတယ်။
တစ်ခုခုဖြစ်မှာကို စိုးရိမ်တယ်။ ဒါလေးကို ထိန်းသိမ်းပေးနိုင်ရင်တော့
ကောင်းပါတယ်” လို့ ကောလိပ်ကျောင်းဝင်းနားမှာ နေထိုင်တဲ့ မြို့ခံအချို့ ကပြောပါတယ်။
“မိန်းနားလေးမှာလည်း ဒီလောက်လှုရှုပ်နေတာကို ဆိုင်ကယ် ဒို နှစ်စီး ရှေ့ဘီးထောင်နေတာ၊ သူတို့ကို ရှောင်ကွင်းသွားရတယ်။ ဘေးလူတွေ ထိခိုက်မိမှာ စိုးရိမ်ရတယ်”လို့ တက္ကသိုလ်ဝင်းထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့လည
No comments:
Post a Comment