ရန်ကုန်တိုင်းဒေသကြီးအပိုင် ဘင်္ဂလား ပင်လယ်အော်နှင့်
ကပ္ပလီ ပင်လယ်ပြင်အကြားတွင်တည်ရှိသည့် ကိုးကိုးကျွန်းပေါ်တွင်
တရုတ်ရေတပ်စ
ခန်းနှင့် တရုတ်လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်လျှက်ရှိကြောင်း
အိန္ဒိယ သတင်းစာတစ်စောင်က ဖော်ပြခဲ့သည့် သတင်းမှာ မှားယွင်းနေပြီး
မူလလေ ယာဉ်ပြေးလမ်းကို ပြန်
လည်ပြုပြင်နေခြင်း သာဖြစ်သည်
ဟု မြန်မာ့တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်ရုံးက တုံ့ပြန်လိုက်သည်။
``ကိုကိုးကျွန်းက ဘယ်သူမဆိုအလည်အပတ်သွားလို့ရပါတယ်။ အပျော်စီးသင်္ဘောတွေတောင်သွား
လို့ရနေပါပြီ။ တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းဘာတစ်ခုမှမရှိဘူး။ လူတိုင်းသိလို့ရတဲ့ကိစ္စပါ။ ကိုကိုး ကျွန်းပေါ်မှာ လျှို့ဝှက်ထားစရာနေရာ ဘာမှမရှိဘူး။ ထင်ယောင်ထင်မှားဖြစ်အောင် ဘာလို့လုပ်ကြ တာလဲမသိဘူး´´ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

No comments:
Post a Comment