တာဝေးဆက်နွယ်မှု(Teleconnection)
သဘော။ရန်ကုန်-ဇန်န၀ါရီ၇09:00 am
သဘော။ရန်ကုန်-ဇန်န၀ါရီ၇09:00 am
(၁) (၅-၁-၂၀၁၄)ရက် 06 UTC (မြန်
မာစံတ်ာချိန် နေ့(၁၂)နာရီခွဲအချိန်)
တွင်တိုင်းတာရရှိတဲ့ အာတိတ်လေအေး
များ မြောက်အမေရိကတိုက်အနာက်
အလယ်ပိုင်းဒေသ(U အထက်ပိုင်းကို
တိုးဝင်နေခဲ့ရာမှာ၊ အများဆုံး လေ
တိုက်နှုန်း 170 mph
မာစံတ်ာချိန် နေ့(၁၂)နာရီခွဲအချိန်)
တွင်တိုင်းတာရရှိတဲ့ အာတိတ်လေအေး
များ မြောက်အမေရိကတိုက်အနာက်
အလယ်ပိုင်းဒေသ(U အထက်ပိုင်းကို
တိုးဝင်နေခဲ့ရာမှာ၊ အများဆုံး လေ
တိုက်နှုန်း 170 mph
ခန့်အထိတိုက်ခတ်ခဲ့တဲ့ အနောက်ဂျက်လေစီးကြောင်းများကြောင့် အမေရိကန် Illinois,
Michigan, Indiana, Missouri, and Ohio ပြည်နယ်များမှာ ၁ပေကျော် အထူရှိတဲ့
နှင်းများ ဖုံးလွှမ်း သွားခဲ့ပြီး၊ Chicago မြိုကမှာ အနိမ့်ဆုံးအပူချိန် -10C
အထိ ရှိခဲ့ပြီး Wind Chill အပူချိန်ကတော့ -40C အထိရှိနေ ခဲ့ပါတယ်။
(၂) ချီကာဂိုမြို့(Chicago) နံနက်ပိုင်းအချိန်တွင်
သစ်ပင်အကိုင်းအခက်များအပေါ် တွင် အေး ခဲနေပြီးးတင်ရှိနေတဲ့
ရေခဲနဲ့နှင်းခဲများကြောင့် ၀ါဂွမ်းသစ်ပင်(Cotton Tree) ဖြစ်နေတဲ့
သစ်ပင်တစ် ပင်ကို လှပဆန်းကျယ်စွာတွေ့ရမြင်ရပုံဖြစ်ပါတယ်။
(၃) 2010-2011 ဆေဆာင်းရာသီကာလတုံးက အာတိတ်ပေါက်ကွဲမှုဖြစ်လို့
အာတိတ်လေအေးတွေ တိုးဝင်မှုများခဲ့တယ်။ ဒီလိုဆိုရင်တော့ ကမ္ဘာပတ်
အနောက်ဂျက်လေစီးကြောင်းတွေ အရင် လို ဖြောင့်ဖြောင့် တန်းတန်း မသွားကြတော့ဘဲ
မြွေလိမ်မြွေကောင်လမ်းကြောင်းတွေ နဲ့ သွားခဲ့ကြ တယ်။ ဒါကြောင့်
အပူလျော့ဒေသSu Yin Tunbtropical Region – 22.5 N မှ 45.0 N latitude belt)
တွေမှာ တောင်ဖက်-မြောက်ဖက်မှ လေတိုးဝင်မှုတွေရှိလခဲ့တယ်။ ဒါကြောင့်
အပူလျော့ဒေ သ(Subtropical region) တလျှောက်မှာ အပူလွန်ကဲတဲ့ဒေသ (ဥပမာ
အစ္စရေး၊ပါလက်စ တိုင်း လို) တွေနဲ့ အအေးလွန်ကဲတဲ့ဒေသတွေ (ဥပမာ - အင်္ဂလန်၊
ပြင်သစ်၊ နယူးရောက်လို) ရှိလာခဲ့ရပါ တယ်။ မြန်မာနိုင်ငံအနေ နဲ့တော့
မြောက်ဖက်က ရုရှမှာရှိနေတဲ့ ဆိုက်ဘီးရီးယားဒေသဟာ အအေးလွန်ကဲမယ့် centre of
action ဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့် အရှေ့တောင်အာရှဒေသကို
အအေးဓါတ်တွေရောက်လာကြမှာဖြစ်ပါတယ်။
အဲဒီ subtropical latitudes တလျှောက် အရှေ့အနောက် ကမ္ဘာတစ်ပတ်ကြည့်ရင်
America, Europe, Asia (၃)နေရျွာာ အအေးလွန်ကဲမငတွေ တပြိုင်နက်တည်း
ဖြစ်တတ်လို့ ဒီဖြစ်စဉ်ကို ကျွန်တော့ ဆရာ Professor Dr. T. N. Krishnamurti က
Three Wave Structure လို့ အမည်တပ်ခေါ်ဝေါ် ခဲ့ပါ တယ်။
အခုလက်ရှိမှာတော့ အမေရိကမှာအေးနေပြီ။ မကြာမှီ ဥရောပမှာ အေးလာပြီ ဆိုရင်တော့ အာရှက လာတော့မယ်။ အနွေးထည်တွေ ပြင်ဆင်ထားကြရပါတော့မယ်။
လောလောဆယ်တော့ စောင့်ကြည့်နေရတုံးမို့ သေချာဖို့ကတော့လိုပါသေးတယ်ဗျာ။
ဒေါက်တာထွန်းလွင်
No comments:
Post a Comment