ရှမ်းလူမျိုးများအား KIO/KIA မှ ဖိနှိပ်ချုပ်
ချယ်မှုအပေါ် တွေ့ဆုံညှိနှိုင်းခွင့်
တောင်းဆိုထားသော်လည်း အဆင်မပြေ
ပါက ရှမ်းလူမျိုးများ အနေဖြင့် တရား
ဥပဒေနှင့်အညီ လက်နက်ကိုင်ဆောင်ခွင့်
တင်ပြသွားမည်ဖြစ်ကြောင်း ရှမ်းမျိုးနွယ်
စုရေးရာ အဖွဲ့ နာယက ဦးစိုင်းသာဇုံက
ပြောကြားသည်။“ဆန္ဒပြရင် မလိုလားအပ်တဲ့ လူမျိုးရေးပဋိပက္ခကို မဖြစ် စေချင်လို့ အခုဆွေးနွေး
တဲ့ အပိုင်းကို ဦးတည်သွားတာပါ၊ ဆွေးနွေးလို့မှ မအောင်မြင် ဘူးဆိုရင် လူထု ဆန္ဒအရ ဆန္ဒ ဖော် ထုတ်မယ်၊ အဲဒါမှ မရဘူးဆိုရင်တော့ တရားဥပဒေနဲ့အညီ လက်နက်ကိုင်ဆောင်တဲ့ အထိ သွား မယ်”ဟု ၎င်းကပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကချင်ငြိမ်းချမ်းရေး အကျိုး တော်ဆောင် ဦးဆန်းအောင်က ရှမ်းပြည် နယ်မှာရှိနေတဲ့ ကျွန်တော်တို့ ကချင် လူမျိုး တွေကိုလည်း စစ်သားစုဆောင်း ခံရတာ ရှိပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နဲ့ ဆွေးနွေးရမှာ မဟုတ်ဘူး၊KIOနဲ့ ဆွေးနွေးရမှာပါ၊ ဆွေးနွေး ဖို့ လည်း အမျိုးမျိုး ကူညီပေးနေပါတယ်”ဟု ၎င်းမှ ပြောကြား
သည်။
ရှမ်းလူမျိုးများအနေဖြင့် လူထုဆန္ဒဖော်ထုတ်ခြင်းမျိုးသည် မလွှဲမရှောင်သာသည့် အခြေအနေမှ သာ ဖော်ထုတ်ပြသ မည်ဖြစ်ပြီး တွေ့ဆုံညှိနှိုင်း ခြင်းဖြင့် သွားမည်ဖြစ်ကြောင်း ညှိနှိုင်း၍ အဆင် မပြေမှ ဆန္ဒပြသမည်ဖြစ်၍ ဆန္ဒပြသပြီး တောင်းဆိုတာမှ အကြောင်းတစုံတရာ မထူးခြား ပါက လက်နက်ကိုင်ဆောင်ပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်း ရှမ်းရေးရာ အဖွဲ့နာယက ဦးစိုင်းသာဇုံ က ပြောကြားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) အနေဖြင့် ရှမ်းတိုင်းရင်းသားများအား အလိုမတူဘဲ စစ်သားစုဆောင်းမှုများကြောင့် ရှမ်းတိုင်းရင်း သားများက ဒီဇင်ဘာ ၂၀ ရက် နေ့တွင် ကချင်ြ ပည် နယ် မြစ်ကြီးနားမြို့ရှိ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ရုံးရှေ့တွင် ဆန္ဒပြသ ခွင့် တောင်း ခံထား သော်လည်း ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသည့် အချိန်ဖြစ်၍ ဆန္ဒပြတောင်းဆိုခွင့် အား ပြုခဲ့ခြင်း မရှိခဲ့ပေ။
No comments:
Post a Comment