ရဟန်း၊
သံဃာတွေနဲ့ ပါတ်သက်လို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဒီလိုလုပ်ရင် ရဟန်းမစစ်ဘူး
အစရှိသဖြင့် ကျွန်တော် အရင်က ဝေဖန်ခဲ့ပေမယ့် နောက်ပိုင်းမှာ လုံးဝ
မဝေဖန်တော့ဘူး...... ဘာကြောင့်လည်းဆိုတော့ ရဟန်း ရဟန်းအကျင့် မကျင့်တာ
ကျွန်တော်နဲ့ မဆိုင်ဘူး..... ရဟန်း စစ်သည် မစစ်တာ
ကျွန်တော့်အလုပ်မဟုတ်ဘူး...... ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ စစ်မှန်တဲ့
ဗုဒ္ဓဝါဒသမား တစ်ယောက်ဖြစ်တဲ့အတွက် ကံ ကံ၏ အကျိုးကို ယုံတယ်......
ကိုယ့်စိတ်က၊ ကိုယ်ကိုးကွယ်တာ ရတနာ သုံးပါးက သံဃာကို ကိုးကွယ်ကြည်ညိုတာပဲ...... သိမ်တက်ထားတဲ့ ရဟန်းမှန်သမျှ သူ့သိက္ခာနဲ့သူ ရှိတာပဲ....... သူအကျင့်မကောင်းရင် သူ့အကုသိုလ်၊ သူ့ဟာသူ အာပါတ်သင့်မယ်.... သံဃာမစစ်ရင် သူ့ဟာသူ ဒယ်အိုးသွားမှာပဲ...... ဒါကို ဘာဖြစ်တယ် ညာဖြစ်တယ် လိုက်ပြီးဝေဖန်ဖို့ စိတ်မဝင်စားဘူး......
တစ်ချို့က ဝိနည်းတွေ၊ သိက္ခာပုဒ်တွေနဲ့ ဘုန်းကြီးကို ပြန်စာချနေတာတွေ တွေ့ရတာ အတော် အဆင်မပြေလှဘူး...... ဝိနည်း၊ သိက္ခာပုဒ်တွေနဲ့ အပြည့်ညီမှ ဘုန်းကြီးတွေကို ကိုးကွယ်ရမယ်ဆိုရင် မြန်မာပြည်မှာ တော်တော့ကို ရှာယူရမယ်..... ဒါကြောင့် အာပတ်ဖြေဖို့ မြတ်စွာဘုရားက ခွင့်ပေးခဲ့တာပဲ...... မြန်မာပြည်အလည်ပိုင်း သံဃာ့ညီလာခံက ဆရာတော်တွေကို စော်ကားနေသူတွေအတွက် တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ၂၀၀၇ ကိစ္စအပြီး မိန့်ဘူးတာလေးပဲ ပြန်ပြောပြမယ်.....
အဲ့ဒိ စီတန်းလှည့်လည် မေတ္တာပို့နေတဲ့ သံဃာတော်တွေထဲမှာဖြစ်စေ၊ ကျောင်းထဲမှာ သူ့ဟာသူနေတုန်း ကျောင်းဝင်စီး အဖမ်းခံရတဲ့ သံဃာတော်တွေထဲမှာဖြစ်စေ သောတပန်ဖြစ်နေတဲ့ သံဃာ၊ ရဟန်းကိစ္စပြီးနေတဲ့သံဃာ မပါဘူးလို့ ဘယ်သူမှ ကံသေ ကံမမပြောနိုင်ဘူး..... ရိုက်ကြ နှက်ကြလို့ ဒဏ်ရာရတဲ့အထဲ၊ သေတဲ့ကြေတဲ့အထဲ၊ အတင်းလူဝတ်လဲ အဖမ်းခံရတဲ့ အထဲမယ် အဲ့ဒိလို သံဃာတော်တွေ မပါဘူးလို့ မဆိုနိုင်ဘူး.....
သံဃာတွေကတော့ ဝဋ်ကြွေးပါလို့ ဆပ်ရတယ်ဆိုပေမယ့် ပြုလုပ်သူတွေကတော့ ကံကြီးထိုက်မှာပဲ...... ဒီလိုပဲ အဲ့ဒိ သံဃာတွေကို သံဃာမစစ်ပါဘူးလို့ ဆိုနေသူတွေလည်း ဝဇီဗေဒတော့ ထိတိုင်းရှမှာပဲ....... ဘာသာရေးနဲ့ ပါတ်သက်လာရင်၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ပါတ်သက်လာရင် ကိုယ်မသိတာကို မဝေဖန်တာ အကုသိုလ်ကင်းတယ် ဒကာလေးတဲ့....... `
ဒါတွေကြောင့် ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်တဲ့အတွက် ဘုန်းကြီးနဲ့ ပါတ်သက်လို့ မဝေဖန်တော့ဘူး....... ကံ ကံ ၏ အကျိုးကိုပဲ ယုံတယ်...... အခုဒါတွေကို ပြောနေတာ ဘုန်းကြီးထက်ပိုသိ၊ ပိုတတ်နေပီး ရတနာသုံးပါးမှာပါတဲ့ ကိုးကွယ်ရာ သံဃာကို ရစရာမရှိအောင် ပြောတဲ့အတွက်ကြောင့်ပဲ...... မယုံကြည်ရင် မကိုးကွယ်နဲ့ ဒါဟာဒီမိုကရေစီကျတယ်...... ရိုင်စိုင်း ပုတ်ခတ် စော်ကားတာတော့ ကျုပ်တို့လည်း ဗုဒ္ဓဘာသာဝင် ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူး..... ခင်ဗျားတို့နဲ့ အယူအဆ မတူဘူးဆိုတာ ဒီမိုကရေစီကျကျ ပြန်ထောက်ပြရမှာပဲ....... ထပ်ပြောမယ် မကြိုက်ရင် မယုံကြည်ရင် မကိုးကွယ်နဲ့ ခင်ဗျားတို့ကို ဘယ်သူမှ အတင်းအကြပ် မကိုးကွယ်ခိုင်းဘူး.......

No comments:
Post a Comment