ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss ASEAN 2013 ပြိုင်ပွဲကို မြန်မာ အလှမယ် နှစ်ဦးသွားရောက်ယှဉ်ပြိုင်

ထိုင်းနိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်မယ့် Miss ASEAN 2013 ပြိုင်ပွဲကို Stars & Model Int’lAgencyမှ မြန်မာပြည် ကိုယ်စားပြု
အနေနဲ့ Miss ငွေနှင်းမှုံနဲ့ Miss ဝမ်းသီရိဖြိုး တို့ က ဒီဇင်ဘာ ၁၇ ရက် နေ့၊
မနက်ပိုင်းလေယာဉ်နဲ့ ထွက် ခွာသွားခဲ့ပါ တယ်။ အဆို ပါ ပြိုင်ပွဲ အတွက်
သွားရောက် ယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး တော့ Miss ငွေ နှင်းမှုံက “အခု
သွားရောက် ယှဉ်ပြိုင်မယ့် ပွဲလေးက Miss ASEAN 2013 ပြိုင်ပွဲလေး ပါ။
မြန်မြာ ပည်ကိုယ်စား ပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရတဲ့ အတွက် တအားလည်း
ဝမ်းသာပါတယ်။ အခုလိုမျိုး ပါဝင်ယှဉ်ပြိုင်ရဖို့ကို လည်း ကိုယ့်ကိုယ်ကိုယ်
မထင်ထား ပါဘူး။ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာရပါ တယ်။ ဆရာ ဂျွန်လွင်က
လည်း ညီမ တို့ကို အစစ အရာရာ ပံ့ပိုး ပေးတယ်။ ဒါ ကြောင့်လည်း
ဝင်ပြိုင်ဖြစ်တယ်။ ယှဉ်ပြိုင်တဲ့အခါမှာ ဗဟုသုတ အနေနဲ့ ကိုယ့်
နိုင်ငံ အကြောင်းအရာ လေးတွေ ကို လေ့လာထားပါ တယ်။ မြန်မာနိုင် ငံကို
ကိုယ်စားပြုပြီး သွား ပြိုင်ရတာဖြစ်တဲ့အတွက်၊ မြန်မာ တစ်နိုင်ငံလုံးရဲ့
အမျိုး သမီးတွေကို ကိုယ်စားပြုပြီး ပြိုင်ရတဲ့အတွက် ဂုဏ် လည်းယူပါတယ်။ ညီမက
ဝတ်စုံနှစ်စုံနဲ့ပြိုင်ရ မယ်။ ရှမ်းဓားသိုင်းအကလည်း ကပြရမှာဖြစ်တဲ့ အတွက်
ကြိုတင်ပြင်ဆင် လေ့ကျင့်သွားပါ တယ်။ အစွမ်း ကုန် ကြိုးစားပြီး တော့
ယှဉ်ပြိုင်ခဲ့ မှာပါ” လို့ပြော ပြပါတယ်။ ဆက်လက်ပြီး ဝမ်းသီရိဖြိုး ကလည်း..
“မြန်မာ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တဲ့ အတွက်
ကိုယ့်ဘက်ကလည်း အစွမ်း ကုန်ကြိုး စားယှဉ်ပြိုင်သွားမှာပါ။ ညီမက ပုဂံအက
ကပြရမှာဖြစ်တဲ့အ တွက် လည်း အကကို သေ ချာလေးသင် ထားပါတယ်။ အစစအရာရာ
အားလုံးပြင်ဆင်ထားပါတယ်။ စိုးရိမ် စိတ်မရှိအောင် လည်း ဆရာဂျွန်လွင် က
ညီမတို့ကို သင်ကြားေ ပးထားပါ တယ်။ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မှာ ပါ” လို့
ပြောပြခဲ့ပါတယ်။
No comments:
Post a Comment