From : ဧရာဝတီမြစ်ဖျားဆီက
ဟန်ထက်ကျေးရွာမှ ရှမ်းလူမျိုး(၁၅)ဦးအား
၂၀၁၃-ခု၊ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် KIA
မှ ဆက်လက်ဖမ်းဆီးသွားတယ်လို့ ဒေသခံ
များထံမှ သိရှိရပါတယ်။
အဆိုပါ ဟန်ထက်ကျေးရွာသည် မံစီနှင့် ၈ မိုင်ခန့်လောက်ဝေးပြီး ဟန်ထက်ရွာနှင့် မိုင်းခေါင်ကြား ခက်ပရာ(ကချင်)ရွာမှာ တပ်စွဲထားတဲ့ KIA တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာ ဖြစ်တယ်လို့

ဒေသခံတစ်ဦးမှ ပြောကြားသည်။
၎င်း ဒီဇင်ဘာလ (၁၄) ရက်နေ့မှာပဲ ဗန်းမော် - နမ့်ခမ်းလမ်းပေါ်ရှိ မန်ဝိန်းကြီးတိုက်နယ်အတွင်း ရှမ်း ရွာ ( ၁၄ )ရွာအနက် နားလုံ ၊ ကုန်းခါး ၊ နောင်မွန်းရွာများမှလည်း ( ၁ )ရွာလျှင် ( ၂ )ဦးစီ ( ၆ )ဦးကို KIA မှ ဖမ်းဆီးခေါ်ဆောင် သွားသေးတယ်လို့ အဆိုပါ ဒေသခံကပဲ ဆက်လက်ပြောကြားသည်။
မံစီမြို့နယ်အတွင်း မန်ဖွရွာနှင့် ရှမ်းရွာများမှ ရှမ်းနီလူမျိုးများကို KIA မှ တပ်သားသစ် ဖမ်းဆီး စုဆောင်းနေမှုနှင့် မန်ဝိန်းကြီးတိုက်နယ်အတွင်း ရှမ်းရွာ( ၁၄ )ရွာအား တစ်ရွာလျှင် (၁၅) ဦးပေး ပို့ရန် KIA မှ ဆင့်ခေါ်ထားမှုတို့ကြောင့် ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့နှင့် ရှမ်းနီပါတီ တို့မှ သဘောထားထုတ်ပြန်မှုများ ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။

No comments:
Post a Comment