ကျင့်ဝတ်နှင့်မညီဘဲ သတင်းယူခဲ့သည့် Eleven Media Group မှ သတင်းထောက်မခိုင်
အစိုးရသစ်လက်ထက်တွင်
အကျင့်ပျက်သတင်းထောက် များအား အရေးယူမှု ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ
Eleven Media Group ၏သတင်းထောက်အား သတင်း ရ ယူမှုနှင့်ပတ်သက်၍
အိမ်ကျော်နင်းမှုဖြင့် လွိုင်ကော် မြို့နယ်တရားရုံးမှ ဒုမြို့နယ်တရားသူကြီး
ဦးမြမင်းဟန် က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းရယူသည့်
သတင်းထောက်တစ်ဦးအား အိမ်ကျော်နင်းမှုဖြင့် တရားစွဲဆိုကာ
ထောင်ဒဏ်သုံး လချ မှတ်ခြင်း သည် လက်ရှိအစိုးရသစ် တရားစီရင်ရေး၌
ပထမဆုံးဖြစ်ပြီး ညစ်ညမ်းစွာပြောဆိုမှု၊ အသရေဖျက်မှု များဖြင့်
ထောင်ဒ ဏ်ချမှတ်ခြင်းမှာလည်း မရှိသလောက်နည်းပါးနေသေးသဖြင့် ထပ်မံ
အရေးယူမှုများပြုလုပ်ရန်လို အပ်နေကြောင်း လည်း တရားစီရင်ရေးနယ်ပယ်နှင့်
နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ
သတင်းထောက်မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန်
လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏
နေအိမ်သို့ သွားရောက်ခဲ့ပြီး ထိုသို့ သွားရောက်ရာတွင် ၎င်းနှင့်အတူ
ဦးသန်းဇော်ဝင်း၏ ဇနီး၊ ယောက်ဖတို့နှင့်အတူ သွားရောက်ခဲ့ကြောင်း
သတင်းထောက်မခိုင်၏ ပြောကြားချက်အရ သိရသည်။
သတင်းထောက်မခိုင်နှင့်အတူပါသည့်
ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့်
လွိုင်ကော် မြို့နယ်တ ရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ
ဖြစ်သည်။
ယင်းငွေဒဏ်ချမှတ်ခံရသည့်အမှုတွင်
သိမ်းဆည်းခံရသော ဆင်ဆာမဲ့အခွေများတွင် ဦးသော်တာသိန်းဆိုသူ၏
မူပိုင်မြန်မာဇာတ်ကား ၁၃ ကားပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက
တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဦးသော်တာသိန်းသည်
ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်း က
ရှေ့နေငှား ရမ်းခနှစ် သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို
တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်းက ယင်းကိစ္စ ညှိနှိုင်းရန်
ဒေါ်အေးအေးဖြိုးထံသို့ ၂၇ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊
ယင်းကိစ္စကိုသတင်းရယူရန် သတင်းထောက်မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါဖြစ်စဉ်နှင့်
ပတ်သက်၍ သတင်းထောက်မခိုင်က"ကယားပြည်နယ်မှာ ဆင်ဆာမဲ့ဗီဒီယိုခွေတွေကို
ဖမ်းဆီးတာနဲ့ ပတ်သက်လို့ တရားခံတွေကို တွေ့ဆုံမေးမြန်းပြီးတော့
ဦးသော်တာသိန်းရဲ့ သီရိမွန် ဗီဒီယိုဖြန့်ချိရေး (ရှမ်းမြောက်ပိုင်း)
ရပ်ကွက်နေတဲ့သူကို တွေ့ဆုံမေးမြန်းလိုပေမယ့်လို့ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့်
ဦးသော်တာသိန်းနေ အိမ်ကို တွေ့ ဆုံမေးမြန်းဖို့ တရားခံတွေက
ရှေ့နေခပေးချေတဲ့နေ့မှာ လိုက်လာဖို့ပြောတဲ့အတွက် ၂၇ ရက်ညမှာ
သွားရောက်ဖြစ်ခဲ့ ပါတယ်။ အိမ်ရှင်ဒေါ်အေးအေးဖြိုးက ဦးသန်းဇော်ဝင်းဇနီးနဲ့
ယောက်ဖဖြစ်သူတို့ကို တံခါးဖွင့်ပေးခဲ့တာပါ။ ဦးသန်းဇော် ၀င်းတို့ က
ရှေ့နေခမပေးနိုင်တဲ့အတွက် တောင်းပန်တဲ့အခါကျမှ ကျွန်မက
မေးမြန်းခွင့်ပြုဖို့ ရှေ့နေဒေါ်အေးအေးဖြိုး ကို ခွင့်တောင်းတဲ့အခါ သူမက
ခွင့်ပြုခဲ့ပါတယ်။ ကျွန်မကမမေးမြန်းခင်မှာ ကျွန်မ Eleven က
သတင်းထောက်ြ ဖစ်ကြောင်းကို ပြောပြီးမှ မေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့အခါမှာ
ရှေ့နေခဘယ်လောက်ပေးလဲလို့ မေးလိုက်တဲ့အခါ ဒေါ်အေးအေးဖြိုးက စိတ်ဆိုးသွားပြီး
သူမရဲ့ဖခင်ဖြစ်သူ ဦးအောင်ရှိန်ကိုခေါ်ပါတယ်။
အဲဒီအခါ
ဦးအောင်ရှိန်က မင်းငါ့ကိုသိလား။ ငါကခရိုင် NLD ဥက္ကဋ္ဌ
မှုခင်းသတင်းထောက်ရှေ့နေ လည်း ဖြစ် တယ် လို့ပြော ဆိုပြီး သတင်းမပေးနိုင်ကြောင်း
ပြောပါတယ်။ ဒါ့အပြင် ဒီခရိုင်မှာ ဘယ်သတင်းထောက်မှ
သတင်းလာယူ ခွင့် မရှိဘူးဆိုတာ မသိဘူးလားလို့ ပြောပါတယ်။ အဲဒီနောက်
ဒေါ်အေးအေးဖြိုးက ကျွန်မသတင်းထောက် ကတ်ကိုတောင်း လို့ ပြခဲ့ပါတယ်။
ပေးတော့မပေးခဲ့ပါဘူး။ ကျွန်မက ဥပဒေတွေကိုမသိလို့ ဦးသန်းဇော်ဝင်းနဲ့
လိုက်လာ ပြီး မေးမြန်ြး ခင်းဖြစ်ကြောင်းကို ပြောပြပါတယ်။
အဲဒီအခါဦးအောင်ရှိန်က သမီးဖြစ်တဲ့ ဒေါ်အေးအေးဖြိုးကို စခန်းမှူးကို
ဖုန်းဆက်ခေါ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မောင်းထုတ်လို့
ဦးသန်းဇော်ဝင်း က တောင်း ပန်ပြီး ထွက်လာတော့ ကျွန်မတို့ကို ခြံပြင်ရောက်တော့
သူခိုးသတင်းထောက် လို့ အော်ဟစ်မောင်း ထုတ်ပါတယ်" ဟု ဖြစ် စဉ်ဖြစ်ပွားပြီးနောက်
နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။
အောက်တိုဘာ
၂၇ ရက် ညပိုင်းက မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ ရှေ့နေနေအိမ်သို့
သွားရောက်ခဲ့ခြင်းနှင့် ပတ်သက် ၍ အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့်
ဦးသန်းဇော်ဝင်းတို့အား တရားရုံးကဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊
ထိုသို့ဆင့်ခေါ်ရခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍
တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မခိုင်သည်
နို့တစ်စာ အချခံထားရသူနှင့် လိုက်လာကြောင်း၊ ရှေ့နေများ၊ ဥပဒေများ၊
တရားသူကြီးများကို ဂျာနယ် ထဲတွင် ကြော်ငြာထည့်ရလိမ့်မည်ဆိုသည့်
ပုံစံမျိုးဖြင့် အိမ်ပေါ်သို့ အဓမ္မတက်လာကြောင်း၊ ၎င်းအနေဖြင့်
မခိုင်အား မပြောသော်လည်း သန်းဇော်ဝင်းအား နှင်ထုတ်ခဲ့ကြောင်း
"မင်းဘာဖြစ်လို့ ခေါ်လာတာလဲ"ဟုဆိုကာ ၎င်းကိုယ် တိုင် မောင်း ထုတ်ခဲ့ကြောင်း၊
အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဥပဒေမဲ့ မလုပ်ရဘူးဟု ပြောခဲ့ကြောင်း၊ ထိုအခါတွင်
အဲဒီသူက ဆဲသွားကြောင်း၊ အဲဒါနှင့်ပတ်သက်ပြီး တရားစွဲထားကြောင်း၊ တရားလိုမှာ
မအေးအေးဖြိုးဖြစ်ပြီး ၎င်းအနေဖြင့် သက်သေလိုက်မည်ဖြစ်ကြောင်း တရားလို
မအေးအေးဖြိုး၏ ဖခင်ဦးအောင်ရှိန် (လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ) က
နိုဝင် ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။
"ဒါပေမဲ့
သာမန်အားဖြင့်တော့ သတင်းထောက်တစ်ယောက်ဟာ သတင်းကိစ္စနဲ့ သွားရင်းလာရင်းနဲ့
ပိုက်နက်ကျူး လွန်မှုနဲ့ တရားစွဲပြီး အပြစ်ပေးခံရတယ်ဆိုတာတော့ ဒါကတော့
သတင်းထောက်ဘက်က နစ်နာတာပေါ့။ စတုတ္ထမဏ္ဍိုင် ဆိုတာကတော့ သမ္မတကြီးလည်း
ပြောပါတယ်။ တစ်ဦးဦးရဲ့ လုပ်ဆောင်ချက်တွေကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့
မီဒီ ယာတွေကနေ စောင့်ကြည့်နေကြတယ်။ မှန်မှန်လုပ်ကြပါ။ မျှမျှတတလုပ်ကြပါလို့
သမ္မတကြီးက ပြောထားတာ ရှိ တယ်လေ။ အဲ့ဒီတော့ ဒီလိုခေတ်ကြီးမှာ
စတုတ္ထမဏ္ဍိုင်အတွက် တာဝန်ယူလုပ်တဲ့၊ မိမိတာဝန်အရ မိမိလုပ်ကိုင်ရတဲ့
သတင်းထောက်တစ်ယောက်ကို ဒီလိုပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတာကတော့
မဖြစ်သင့် ဘူးပေါ့။ သေသေချာချာ မသိရသေးတော့ ဘယ်သူမှန်တယ်။ မှားတယ်ဆိုတာတော့
မပြောလိုဘူး။ ဒါပေမဲ့ ဒါမျိုးအဖြစ်ကတော့ မဖြစ်သင့်ဘူးလို့ပဲ
မှတ်ချက်ပေးလိုပါတယ်။ ဖြစ်စဉ်အပေါ် သုံးသပ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့
သတင်းထောက်တစ်ယောက်ရဲ့ သတင်းရယူခွင့်ထဲကဆိုရင်တော့ ဒါမျိုးဟာ
မဖြစ်သင့်ပါဘူး"ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဒုတိယဥက္ကဋ္ဌနှင့်
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးဝင်းရွှေက ပြောကြားသည်။
"မြန်မာ့ယဉ်ကျေးမှုအရ
ပိုင်နက်ကျူးလွန်မှုဆိုတဲ့ကိစ္စကို စဉ်းစားစစ်ဆေးသင့်တယ်။ ရှေ့နေနဲ့
တရားသူကြီးဆိုတာက အပြန်အလှန်အပေးအယူရှိတယ်လို့ ယူဆနိုင်တဲ့အတွက် အလျဉ်အမြန်
မဆုံးဖြတ်သင့်ဘူး။ အသရေဖျက်တာလည်း ယူဆလို့မရဘူး။ တစ်ဦးတစ်ယောက်ကို
အသရေဖျက်တယ်ဆိုတာ ဘယ်လိုဟာမျိုးဆိုတာကို ထုတ်ပြန်သင့်တယ်။ ဒါက
စတုတ္ထမဏ္ဍိုင်ကို စော်ကားသကဲ့သို့ ဖြစ်နေလို့ စိတ်မကောင်းဖြစ်ရတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် သတင်းထောက်တွေ သတင်းလိုက်တဲ့အခါ
ကြောက်ရွံ့နေမယ်ဆိုရင် မကောင်းဘူး။ အမှန်တရားကို မျက်ကွယ်ပြု ရာရောက်မယ်။
ဒါကြောင့် ဒီကိစ္စက ဒီမိုကရေစီနိုင်ငံတည်ထောင်နေတဲ့ အနေအထားမှာ
သတိထားဆင်ခြင်သင့်တယ်" ဟု စာရေးဆရာနှင့် သတင်းစာဆရာ ဒေါက်တာခင်မောင်ညိုက
ပြောကြားသည်။
No comments:
Post a Comment