သမ္မတဦးသိန်းစိန်ကို လူသိရှင်ကြား ထောက်ခံနေတဲ့ ၉၆၉
လှုပ်ရှားမှုရဲ့ခေါင်းဆောင် ဦးဝီရသူက လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည် မဲမရအောင် ရည်ရွယ်တိုက်ခိုက်တာ မဟုတ်ဘူးလို့ ဒီဇင်ဘာ
၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မဲမရအောင် တိုက်ခိုက်တာ မဟုတ်သလို စိတ်ထဲကတောင် မကြံစည်ခဲ့တဲ့အကြောင်း၊ သမ္မတဖြစ်ခွင့် မပေးဖို့လည်း မဟောခဲ့ဘူးလို့ ကမာရွတ်မီဒီယာနဲ့ သီးသန့်တွေ့ဆုံပြီး ဖြေ ကြားခဲ့ပါတယ်။
နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့တဲ့အတွက် မျိုးမစောင့် တဲ့သူအဖြစ် မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် ကို ဝေဖန်တဲ့ ဦးဝီရသူရဲ့ ပြောဆိုချက်တွေဟာ ၁၉၈၈ခုနှစ်နောက် ပိုင်း အာဏာ သိမ်း စစ်အစိုးရရဲ့ တိုက်ခိုက်တဲ့ စကားလုံးတွေနဲ့ တူညီနေ ပါ တယ်။ ဆရာတော် ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထောင်ဖက်သာ တိုင်းရင်းသားဖြစ် မယ်ဆိုရင် ထိုးနှက်မှုခံရမှာမဟုတ် သလို သမ္မတအရည်အချင်းနဲ့ပတ်သက်တဲ့ ပုဒ်မ ၅၉(စ)ကို အသည်း အသန်ပြင်နေစ ရာ မလိုဘူးလို့ ဆိုပါတယ်။
ဦးဝီရသူက သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို တော်လှန်ရေးသမားကောင်းအဖြစ် အသိအမှတ်ြ ပုပေ မယ့်လည်း အုပ်ချုပ်ရေးအားနည်းပြီး ပါတီတွင်းဒီမိုကရေစီမရှိဘူး လို့ ဝေဖန်ပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီး လူများစုဟာ လူနည်းစုအပေါ် သဘော ထားကြီးရမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် မျှတမှုလုံးဝ မရှိသူလို့ မြင်နေပါတယ်။
ရဟန်းသံဃာတွေဟာ မဲပေးပိုင်ခွင့်မရှိသလို လောကီနိုင်ငံရေးထဲဝင်မစွက်ဖက်ရဘူးဆိုတဲ့တားမြစ် ချက်တွေ ရှိနေ တဲ့ မြန်မာပြည်မှာ သူ့အနေနဲ့ နယ်ကျွံတာမဟုတ်တဲ့ အကြောင်း၊ နိုင်ငံတကာ နဲ့ ပြည်တွင်းမီဒီယာတွေမှာ အမုန်းတရားဟောပြောသူအဖြစ် သူ့ကိုစွပ်စွဲနေတာ မဟုတ်ဘူးလို့ ဦးဝီရသူက ငြင်းဆိုပါတယ်။

From:Kamayut Media
No comments:
Post a Comment