ကာလအတွင်း နိုင်ငံတကာမှ အကြမ်း
ဖက်သမားများနှင့် လုံခြုံရေးစည်းကို
ကျိုးပေါက်အောင် လုပ်ဆောင်မည့်
သူများ၊ ရာဇ၀တ်သားများ မြန်မာနိုင်
ငံတွင်းသို့ ၀င်ရောက်မလာနိုင်စေရန်
နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) မှ ရဲတပ်ဖွဲ့ဝင် ကိုးဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လာရောက်
ပူးပေါင်းကူညီပေးနေကြောင်း နေပြည်တော်ရဲချုပ်ရုံးမှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကေ
“နိုင်ငံတကာဝင်ပေါက်ဖြစ်တဲ့ ရန်ကုန်လေဆိပ်မှာ ဒီဇင်ဘာ ၂ ရက်ကစပြီး အင်တာပိုလ်က အရာရှိငါးဦး စတင်ရောက်ရှိလာပြီး ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေနဲ
အချို့သော နိုင်ငံတကာဧည့်သည်များ၏ ပတ်စ်ပို့များမှာ Smart Card များ ဖြစ်နေသည့်အတွက် ကတ် များ အတုဟုတ်၊ မဟုတ် စစ်ဆေးနိုင်သည့်စက်၊ လက်ဗွေစက်ကဲ့သို့ စက်များကိုလည်း ပံ့ပိုး ထားပြီး ဧည့်သည်များ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေဘဲ စစ်ဆေးသည့်နည်း လမ်းများကို ယခုဆီးဂိမ်းကာလအတွင်း၌ပင် အင်တာပိုလ်အရာရှိများက မြန်မာအရာရှိများအား တစ်ပါတည်း သင်တန်းပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“စစ်ဆင်ရေးမှာ အင်တာပိုလ်မပါပေမယ့် တစ်ခုခုပြဿနာဖြစ်တာ၊ အခက်အခဲဖြစ်တာနဲ့ တစ်ပြိုင် တည်း စစ်ဆင်ရေးထဲကို အင်တာပိုလ်ကအရာရှိတွေကို လှမ်းချိတ်ဆက်လိုက်ရုံပါပဲ။ အင်တာပိုလ် ကတော့ ရန်ကုန်လေဆိပ်မှာ Stand by (အဆင်သင့်) ရှိနေမှာပေါ့” ဟု ၎င်းက ပြော ကြားသည်။
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လုံခြုံရေးအင်အားကို ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ အရန်မီးသတ်တပ်ဖွဲ့များ အပါအ၀င် အင်အား ၂၅၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်မြတ်မိုးက ပြောထား သည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးနှင
ရန်ကုန်၊ မန္တလေး၊ နေပြည် တော်နှင့် ငွေဆောင်တို့တွင်လည်း ဆီးဂိမ်းကျင်းပမည့်နေရာများနှင်
“ဒီဇင်ဘာ ၁၀ ရက် မတိုင်မီ အင်တာပိုလ်အရာရှိ နောက်ထပ်လေးယောက် ထပ်ရောက်ပါ မယ်။ နေပြည်တော်မှာတော့ ရဲချုပ်ကိုယ်တိုင် နေ့တိုင်း ကစားပွဲကျင်းပမယ့်ကွင်းတွေအထိ ဆင်းကြည့် ပါတယ်။ အင်တာပိုလ်နဲ့ ပူးပေါင်းပြီးလုပ်သလို အာဆီယံပိုလ် (Aseanpol) နဲ့လည်း နိုင်ငံ အချင်းချင်း သတင်းတွေ အဆတ်မပြတ် ဖလှယ်နေပါတယ်။ ခုထိတော့ အနှောင့်အယှက် တစ်စုံတစ် ရာ မတွေ့သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။
အင်တာပိုလ်သည် မြန်မာအပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံလုံးတွင် အကြမ်းဖက်ရာဇ ၀တ်ကောင်များ ပူးပေါင်းထောက်လှမ်းရေးကို တစ်ပြိုင်တည်းလုပ်ဆောင်နေခြင်ြး
No comments:
Post a Comment