များစွာရှိသဖြင့် ဝေဖန်ခံနေ
ရသော ၂၇ ကြိမ်မြောက် SEA
Games ပြိုင်ပွဲ အိမ်ရှင်မြန်မာနိုင်
ငံမှာ အာရှအဆင့် အားက
စားပြိုင်ပွဲများ လက်ခံကျင်း
ပနိုင်သည့် အနေအထားရှိနေ
ပြီဟု အာဆီယံနိုင်ငံများမှ
အားကစားဝန်ကြီးများက မှတ်ချက်ပြုခဲ့ကြောင်း
အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။
SEA Games ပြိုင်ပွဲကျင်းပရန် တည်ဆောက်ထားသည့် အားကစားကွင်း၊ အားကစားရုံများ မှာ နိုင်ငံတကာ အဆင့်ရှိပြီး အာရှအဆင့် ပြိုင်ပွဲများပင် လက်ခံကျင်းပနိုင်ပြီ ဖြစ်ရာ ယင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် ကမ်းလှမ်းမှုများရှိကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံဂုဏ်ကို မြင့်တက်စေကြောင်း၊ SEA Games ပြိုင်ပွဲ မကျင်းပမီ အစောပိုင်းကာလက ပြိုင်ပွဲဝင်နိုင်ငံများ၏ အားကစားဝန်ကြီးများအဆင့် တွေ့ဆုံပွဲတွင် အာဆီ ယံ နိုင်ငံများက အထင်အမြင် သေးခဲ့ကြသော်လည်း နောက်ဆုံးအကြိမ် တွေ့ဆုံပွဲတွင်မူ ၎င်းတို့၏ သဘောထား ပြောင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြားပစ်အားကစားနည်းတွင်ကမ္ဘာ့အဆင့်ရှိသည့် တောင်ကိုရီးယား နိုင်ငံသည်ပင်မြန်မာနိုင်ငံ ၏ မြားပစ်ကွင်းကို အံ့သြခဲ့ရပြီး ကမ္ဘာ့မြားပစ်ပြိုင်ပွဲ ကျင်းပရန် ကမ်းလှမ်းခဲ့ခြင်းကြောင့်ပြိုင်ပွဲကျင်း ပနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။ ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရန် ဝဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားရုံများ ကို နေပြည်တော်တွင် အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment