မြန်မာအမျိုးသမီး ဘောလုံးအသင်း၏
ဂျပန်လူမျိုး နည်းပြက အိန္ဒိယဒိုင်၏
ဆုံးဖြတ်ချက်ကို အာရှ ဘောလုံး
အဖွဲ့ချုပ် (AFC) သို့ တိုင်ကြားသွား
မည်ဟု ဆီးဂိမ်း အကြိုဗိုလ်လုပွဲ
မြန်မာနှင့် ထိုင်းပွဲအပြီးတွင် ပြု
လုပ်သော သတင်းစာရှင်းလင်းပွဲ
တွင် ပြောကြားသည်။
ဒိုင်၏ မှားယွင်းမှုကြောင့် ဂိုးပေးလိုက် ရသောအခါ ကစားသမားများ အနေနှင့် နောက်မှလိုက်ကာ ကစားရသည့် အခြေအနေသို့ ရောက်ရှိ သွားကြောင်း၊ ပင်နယ်တီ အဆုံးအဖြတ်တွင်မူ ဂိုးသမားနှင့် ကန်သွင်းသည့်သူ နှစ်ဦးတည်းနှင့်သာ သက်
ဆိုင်သောကြောင့် မည်သူမှားသည်၊ မှန်သည်ဟုပြော၍ မရကြောင်း၊ ၎င်းအနေနှင့် ယခုဒိုင်များ အပေါ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် တိုင်ပင်ကာ AFC သို့ တင်ပြသွားမည် ဖြစ်ကြောင်း၊ အမျိုးသမီး ဘောလုံး မျိုးဆက်သစ်ကိုလည်း မွေးမြူသွားမည် ဖြစ်ကြောင်း မြန်မာအသင်း နည်းပြ က ဆိုသည်။
“ဂိုးမပေးသင့်တဲ့ ဂိုးနဲ့ ဂိုးပေးရမယ့် ဂိုးကို မပေးခဲ့တဲ့ ဒိုင်တွေက level အရမ်းနိမ့်လွန်းအား ကြီးနေ တယ်။ ဒီလောက်အဆင့်နဲ့ ဒီလိုပွဲမျိုးမှာ ဒိုင်မလုပ်သင့်ဘူး” ဟု မြန်မာနည်းပြက ဆိုသည်။
“ထိုင်းအ မျိုးသမီးအသင်း နည်းပြ ဖြစ်သူကမူ ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ မပြောလိုပါဘူး။ ချန်ပီယံဖြစ်အောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားသည်။
No comments:
Post a Comment