NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မြန်မာ့နိုင်ငံရေးလမ်းကြောင
ပထမခြေလှမ်းစတင်နိုင်ရန် တွန်း
အားပေးခဲ့သူတစ်ဦးဖြစ်
ငံရေးသမားဟောင်း
------------------
မေး- ရှစ်ဆယ့်ရှစ်ကနေ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်
နိုင်ငံရေးခရီးလမ်းကခက်ခဲခဲ့ပေမယ့် ပြည်သူ့လက်ခုပ်သံကမစဲခဲ့ဘူး။ဒါပေမဲ့ကြားဖြတ်ရွေးကောက် ပွဲ အပြီး လွှတ်တော်ထဲရောက်သွားပြီးနော
ဖြေ- အဲဒါကတော့ အပေါ်ယံအမြင်လောက်ပဲ တခြားသူတွေလည်း အဲဒီလိုပဲ ပြောနေကြတာပါ။ သူနဲ့ သမ္မတကြီးဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီး နောက်လည်းအကြိမ်ကြိမ်အခါခါ တွေ့ခဲ့တယ်။ အဲဒီမှာ သူတို့နှစ်ဦးချင်းသာသိတဲ့က
အဲဒီအခါကျတော့ မြန်မာ့နိုင်ငံရေးလောကမှာ နှစ်ပေါင်းငါးဆယ်ကျော် ခြောက်ဆယ်နီးပါး စစ် တပ် ကပဲလွှမ်းမိုးခဲ့တာ၊ စစ်ဗိုလ်ချုပ်တွေပဲ လွှမ်းမိုးခဲ့တာ၊ အခုလည်း တကယ့်တကယ်ကတော့ သူတို့ပဲ လွှမ်းမိုးဆဲပါ။ အဲဒီတော့ ဘဘရဲ့အယူအဆက တပ်မတော်ခေါင်းဆောင်တွေနဲ့ လက် တွဲဆောင်ရွက်မှသာ အောင်မြင်မှုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင
မေး- ရှစ်ဆယ့်ရှစ်အရေးအခင်းနောက်
ဖြေ- လူကြီးတစ်ယောက်အနေနဲ့၊ နိုင်ငံရေးသမားတစ်ယောက်အနေန
မေး- နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်ပိ
ဖြေ- NLD ဟာ အစတုန်းက တပ်ပေါင်းစုပုံသဏ္ဍာန်ဖြစ်တယ်
မေး- ဘဘနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံရေးလမ်းကြောင်း စလျှောက်ခဲ့တုန်းက ဘယ်လိုပုံစံ မျိုးနဲ့ လျှောက်ခဲ့တာလဲ။
ဖြေ- သူနဲ့ဘဘနဲ့ နှစ်ယောက်တွဲ စလှုပ်ရှားကတည်းကနားလည်မှုရှိခဲ့တာက နိုင်ငံရေးပါတီထောင် ဖို့မဟုတ်ဘူး။ ကြားလူအနေနဲ့ပေါ့ အဲဒီလို တရုတ်ပြည်နမူနာယူပြီး တရုတ်ပြည်မှာက People Political consultive confrence ဆိုလား ခေါ်တယ်။ အဲဒီလို နိုင်ငံရေးအကြံပေးအဖွဲ့အစည်းမျိုး ထူထောင်ပြီးတော့ ဒီအဖွဲ့က ဥပဒေပြုအာဏာတော့မရှိဘူး။ အကြံပေးပိုင်ခွင့်တော့ ရှိတယ်။ အဲဒီ အနေအထားမျိုးဖြစ်ဖို့ စတည်ထောင်ကတည်းက အဲဒီလိုသဘောတူညီမှုရှိခဲ့တယ်။
မေး- ရှစ်ဆယ့်ရှစ်မျိုးဆက်တွေနဲ့ ပတ်သက်ပြီးတော့ရော ဘဘ ဘာပြောချင်ပါသလဲ။
ဖြေ- ရှစ်ဆယ့်ရှစ်နဲ့ပတ်သက်လို့ ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ပြန်မလာခင်ပေါ့။ စတင်လှုပ်ရှားနေတာ မင်းကိုနိုင်ပဲ။ ကျန်တဲ့သူတွေလည်း ရှိတာပေါ့။ ကိုကိုကြီးတို့၊ ဋ္ဌေးကြွယ် တို့ပေါ့။ ဘာပဲပြောပြော သူတို့က လူမှုရေးပဲ အခုလုပ်တော့မယ်လို့ ဆိုတယ်။ လူမှုရေးဆို တာ နိုင် ငံရေးရဲ့အဆက်ပဲ နိုင်ငံရေးခေါင်းဆောင်အချို့ကလည်း သူတို့လူမှုရေးပဲလုပ်နေတာကို မကျေ နပ်ကြဘူး။ ခက်တာက ၈၈ က ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုရင် NLD နဲ့ရော၊ တစည နဲ့ ရော၊ ကြံ့ဖွံ့နဲ့ရော ထိပ်တိုက်တိုးကြမှာ အဓိကကတော့ NLD ရယ်၊ ကြံ့ဖွံ့ရယ် ဒါကအဓိကပဲ။ ဘဘလည်း သူတို့ကို နိုင်ငံရေးထဲမှာ ပါစေချင်တယ်။ နိုင်ငံရေးပါတီအဖြစ် ဖွဲ့စေချင်တယ်။ ဒါပေ မဲ့ NLD နဲ့တော့ ထိပ်တိုက်မတိုးစေချင်ဘူး။ မဲကွဲသွားမယ်။ ဒါပေမဲ့ NLD နဲ့ မဟာမိတ်ဖွဲ့ဖို့ နား လည်ဖို့ဆိုတာလည်း မသေချာမရေရာဘူး ဖြစ်နေတယ်။
မေး- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်ပြီးနောက်ပိုင်းရော ဘဘနဲ့ အဆက်အသွယ်ရှိသေးလား။ ဘဘဆီမှာ နိုင်ငံရေးဆိုင်ရာ အကြံဉာဏ်လာတောင်းတာမျိုးရော ရှိသေးလား။
ဖြေ- အကြံဉာဏ်တောင်းတာတော့ မရှိပါဘူး။ ဘဘလည်း NLD က ထွက်ထားတဲ့အခါကျတော့ အရေးတကြီးကိစ္စ မသွားမဖြစ်တဲ့ကိစ္စကျမှသာ NLD ကို သွားတယ်။ သွားတဲ့အခါလည်း သူနဲ့ ရုံး မှာ တစ်ခါမှမဆုံခဲ့ဘူး။ ကျန်တဲ့သူတွေနဲ့ပဲ ဆုံတာပေါ့။ ပြန်ထွက်လာပြီးနောက်ပိုင်းမှာတော့ ဟို ပွဲဒီပွဲတွေလောက်မှာပဲ ဆုံဖြစ်တယ်။ အခု အခြေအနေမှာတော့ သူလည်း အလုပ်အင်မတန် များနေတာပဲ။ သူ့ဆီကတော့ ဘာသံမှမကြားပါဘူး။ အလုပ်များနေတော့ လူနာမေး ဘာမေးတော့ မလာပါဘူး။
မေး- စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလွှင့်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ ဗကပယူဂျီတွေ ၀န်းရံနေတယ်ဆိုတာကရော တကယ်ပဲလားခင်ဗျ။
ဖြေ- ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သြဇာပေးနိုင်လောက်အောင်တော့ အင် အားမရှိပါဘူး။ ရှိသလောက်လူတွေကလည်း အဲဒီလောက် ဉာဏ်မရှိပါဘူး။ မေး- လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအပေါ် ဘဘ ဘာများပြောချင်ပါသလဲခင်ဗျ။
ဖြေ- အရေးအကြီးဆုံးကတော့ တပ်မတော်ခေါင်းဆောင်တွေနဲ့ နားလည်မှုရရေးနဲ့ အပေးအ ယူမျှပြီး ညှိနှိုင်းနေတာမျိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီလိုပဲ ကြိုးစားနေတယ်လို့ ယူဆတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောသွားဖူးတာရှိတယ်။ တပ်မတော်ရဲ့ကဏ္ဍကို တဖြည်းဖြည်းနဲ့လျှော့ချနေတယ်လို့ ပြောသွားတာရှိတယ်။ အဲဒါပါပဲ။
ကျေးဇူတင်ပါတယ်ခင်ဗျာ။ ။
No comments:
Post a Comment