
အဆိုပါ ဇာတ်ကားတွေ ကတော့ လက်ပံ၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ၊ ဥ ၊ မော်ကင်း
ဥဒါန်း၊ ကယန်းအလှ၊ အမုန်းမီးတောက်၊ အမွေခံထိုက်သူဖြစ်ပါစေ စတဲ့
ဇာတ်ကားပေါင်း ၇ ကား ပါဝင်တာ ဖြစ်ပါတယ်။ ဒီလို ဇာတ်ကားများကို အကဲဖြတ်ဖို့
အတွက် ကိုတော့ သက်ဆိုင်ရာ အဖွဲ့များမှ ပညာရှင်များ ပါဝင်တဲ့ အကဲဖြတ်
အဖွဲ့ဝင် ၁၇ ဦးတို့မှ အကဲဖြတ် စစ်ဆေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဆေးမှုတွေမှာ သတ်မှတ်ချက်များ အတိုင်း ဇာတ်ကား အားလုံးကို တာဝန်ရှိသူ
တွေမှ အဆင့်လိုက် စစ်ဆေး ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု
လက်ရှိ စစ်ဆေးမှု ဟာတော့ နောက်ဆုံး အဆင့် စစ်ဆေးတာ ဖြစ်ပြီး ပထမအဆင့်
စစ်ဆေးမှု ကတော့ ဇူလိုင် ၃ ရက်နေ့က စစ်ဆေးမှုများ ပြီးစီးခဲ့တာ ဖြစ်တယ်လို့
သိရပါတယ်။
No comments:
Post a Comment