
စက်တင်ဘာ ၁၀ ရက်နေ့ ရန်ကုန်မှာ ယှဉ်ပြိုင်တဲ့
အာစီယံ အမျိုးသမီး ချန်ပီယံရှစ် အုပ်စု ခ ပွဲစဉ်မှာ အိမ်ရှင် မြန်မာက
လာအိုကို ၅ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြန်မာအမျိုးသမီး အသင်းအတွက်
အနိုင်ဂိုးတွေကို စန်းစန်းမော်၊ခင်မာလာထွန်း၊
ရီရီဦးနဲ့ခင်မိုးဝေတို့က သွင်းယူပါတယ်။ အုပ်စု ခမှာ ပွဲဦးထွက်
နိုင်ပွဲရတဲ့ မြန်မာဟာ ၁၄ ရက်နေ့မှာ ဖိလစ်ပိုင်၊ ၁၆ ရက်နေ့မှာ
အင်ဒိုနီးရှား၊ ၁၈ ရက်နေ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂျပန်ယူ ၂၃
အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

No comments:
Post a Comment