ကားငယ်များသည်
လော်ရီကားကြီး
များအောက်
ရောက်နေသလို
လူအချို့ မြေပြင်ပေါ် လဲကျနေသည့် မြင်
ကွင်းသည် ခြောက်ခြား စရာ ကောင်း
လွန်းကြောင်း ယာဉ်မောင်း တစ်ဦးဖြစ်သည့် မာတင်စတမ်မာက ပြောကြား
ခဲ့သည်။
ကားငယ်များသည် လော်ရီကားကြီးများအောက် ရောက်နေသလို လူအချို့ မြေပြင်ပေါ် လဲကျနေ သည့် မြင်ကွင်းသည် ခြောက်ခြားစရာ ကောင်းလွန်းကြောင်း ယာဉ်မောင်း တစ်ဦးဖြစ်သည့် မာတင် စတမ်မာက ပြောကြားခဲ့သည်။ ရာသီဥတု အခြေအနေကြောင့် မော်တော်ကားများသည် ရှေ့သို့ (၁၀)ကိုက်မှ ကိုက်(၂၀)ထက် ပိုမြင်နိုင်စွမ်း မရှိခြင်းကလည်း ဆိုးရွားသည့် ယာဉ်တိုက်မှုကို တွန်း အားပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အပြင်ဘက် လမ်းမှ ပတ်သွားသည့် ကား(၅)စင်းသည်လည်း အချင်းချင်း ဆင့်တိုက်ခဲ့ကြသေးသည်။
"မမြင်မစမ်းနဲ့ ဆင့်တိုက်ကြတာ (၁၀)မိနစ်လောက်ထိ ကြာတယ်။ ကျွန်တော်တို့ ကားချင်းဆင့်တိုက် တဲ့ အသံတွေကို ကြားနေရတယ်။ လော်ရီကားကြီးတွေလည်း မှောက်ကုန်တယ်"ဟု စတမ်မာ က ပြောဆိုခဲ့သည်။ ၎င်းက မိမိနှင့် သားဖြစ်သူတို့သည် နောက်ဘက်သို့ ပြန်လှည့်ပြေးကာ ကားများ ထဲမှ ထွက်ပြီး တိမ်းရှောင်ရန် လိုက်လံအော်ဟစ် သတိပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ "တော်တော်ကြာတော့ အမျိုးသမီးကြီးတစ်ယောက် ငိုယိုရင်း လာပြောတယ်။ ကျေးဇူးတင်ပါတယ်။ မင်းတို့က ငါ့အသက်ကို ကယ်လိုက်တာပဲလို့လည်း ပြောသေးတယ်"ဟု စတမ်မာက ဆိုသည်။ ၎င်းက ဒဏ်ရာရသူ အများအပြား တွေ့ခဲ့ရသော်လည်း သေဆုံးသူ မရှိခဲ့ဟုလည်း ဆိုသည်။ ယာဉ်တိုက် မှု ဖြစ်ပွားချိန်တွင် မြူနှင်းများ ထူထပ်စွာ ကျဆင်းနေခဲ့ကြောင်း ကယ်ဆယ်ရေးများ က ပြောကြား ခဲ့သည်။ ယာဉ်အချို့ထဲတွင် လူအများအပြားမှာ မထွက်နိုင်သေးဘဲ ရှိနေပြီး ၎င်းတို့ကို ဦးစွာ ဖယ် ထုတ်ပေးခဲ့ရကြောင်း သိရှိရသည်။
No comments:
Post a Comment