အထားမဲ့ မြန်မာအလုပ်သမား
များ မလေးရှား ဥပဒေဖြင့်
မရေးယူ
မခံရတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်
လာခွင့်ရရှိရန်
ညှိနှိုင်းမှုရရှိခဲ့ေ
ကြာင်းအလုပ်သမား၊ အလုပ်
အကိုင်နှင့် လူမှုဖူလုံရေး
ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်က ပြောကြား သည်။
စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အထောက် အထားမဲ့
မြန်မာ အလုပ်သမား များအရေး အဓိကထား ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့
စက်တင်ဘာ ၁၂ရက်က ပြန်လည်ရောက်ရှိစဉ် မီဒီယာများနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။
''အဓိကတော့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက်ပါ။ အဲဒီအတွက်လည်း
အထောက် အထားနဲ့ အလုပ် လုပ်ချင်တဲ့သူတွေကို တရားဝင် မှတ်ပုံတင်တွေ
ထုတ်ပေးမယ်။ နောက်တစ်ခုက ဟိုပြေး၊ ဒီပြေးနဲ့ အလုပ်ရှင်ကလည်း
မလိုအပ်ဘူးဆိုတဲ့သူတွေရယ်၊ စခန်းတွေမှာ ရောက်နေတဲ့ ကလေးတွေကို
မလေးရှားဥပဒေနဲ့ အရေးယူခံရမှုကို ကင်းလွတ်ခွင့်ရရှိဖို့
ညှိနှိုင်းနိုင်ခဲ့ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။
ယခုလက်ရှိ မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေသူ
၁၀၀၀ ကျော်ခန့် ရှိနေကြောင်း၊ ယခင်က မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက်
အထောက်အထားမဲ့ မြန်မာအလုပ်သမားတစ်ဦးအနေဖြင့် မလေးရှားဥပဒေအရ ဒဏ်ကြေးငွေ
မလေးရှားရင်းဂစ် ၄၀၀ ပေးဆောင်ရကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြန်လာမည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို
Bio-Matric System နည်းဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တိကျသည့်
အဖြေထွက်ရှိမှသာ ပြန်လာခွင့်ရရှိ မည်ဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက
ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆက်လက်၍ ''မြန်မာနိုင်ငံကို
ပြန်လာမယ့်သူတွေကို Bio-Matric System အရ လက် ၁၀ ချောင်းလုံးကို
လက်ဗွေနှိပ်မယ်။ သူငယ်အိမ်က မျက်ကြည်လွှာကို ဓာတ်ပုံရိုက်မယ်။ အဓိကတစ်ချက်က
မြန်မာနိုင်ငံသားဖြစ်ရမယ်။ အဲဒီကမှရလာတဲ့ အထောက်အထားတွေ ကို
မြန် မာနိုင် ငံမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးကို ပို့ပြီး စစ်ဆေးမယ်။
ပြီးရင်တော့ ပြန်လာနိုင်မှာပါ'' ဟု ပြောကြားသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား
စုစုပေါင်းနှစ်သိန်းခွဲကျော် ရှိနေပြီး ၁၄၀၀၀၀ ကျော်မှာ တရားဝင်
အလုပ်သမားများဖြစ်ကာ ၁၁၀၀၀၀ ကျော်မှာ အထောက်အထားမဲ့
အလုပ်သမားများဖြစ်နေသည့်အပြင်UNHCRကတ်ကိုင်ဆောင်ထားသူမှာ၈၀၀၀
ခန့်ရှိကြောင်း ပြည်ထောင် စုဝန်ကြီးက ပြောကြားသည်။
ယခုနှစ်လယ်ပိုင်းက မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော
ပဋိပက္ခဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော
မြန်မာအလုပ်သမား ရာနှင့်ချီ ပြန်လာနေကြောင်း သိရသည်။
No comments:
Post a Comment