ဒီနေရာလေးကို ဖြတ်သွားတိုင်း
တွေ့နေရတာကတော့ လမ်းမဘက်ကို
ဦးလှည့် ထားတဲ့ စုံတွဲတွေ၊ ကန် ဘက်
ကို
မျက်နှာမူ ထားတဲ့ စုံတွဲတွေ အပြည့်
ရှိနေ တတ်တဲ့ နေရာလေးပါပဲ။
ရန်ကုန်
တက္ကသိုလ်ကြီး သာ ဒီနေ ရာ
မှာအရင် လို ရှိလို့ကတော့ ဒီထက်
သွားဖူးတဲ့ ဆရာ တစ်ယောက်က ဒီနေရာဟာအရှက် ကင်းမဲ့ဇုန်ပဲ။ ဘယ်နေ့များ ငါ့ သ
မီးလေး ဒီရောက်နေမလဲ ဆိုတာ တွေးပူနေ ရတယ်လို့ ဆိုဖူးခဲ့ပါတယ်။
အဆိုးဆုံးကတော့ ထိုနေရာကို
ကျောင်းသား အရွယ် ကလေးငယ် များပင် ရောက် ရှိနေကြခြင်း ပင်။ ပြီးခဲ့ သည့်နှစ်
များကတော့ ဓာတ်ပုံ ရိုက်ပြီး ဂျာနယ် များတွင် ထည့်မည်။ မိဘ များကို ခေါ်ယူ
အသိပေးမည်ဟု လုပ်ခဲ့ ဖူးသည်။ သို့ပေမယ့် အရင် အတိုင်း မပြောင်း လဲသေးဘဲ
ရှိနေတုန်းပင်။
ထိုသတင်းနှင့် ပတ်သက်၍ ဧရာဝတီ တွင်
တင်ထားသော သတင်းအား ထပ်ဆင့် ဖော်ပြ လိုက်ပါသည်။ ဓာတ်ပုံ များတွင်
ကိုယ့်တူ၊ ကိုယ့်သား၊ ကိုယ့်သမီးများ ပါနေပါက နောင်တွင် ဆင်ခြင်နိုင်စေ ရန်
ဆုံးမ ပါလေ။
===================================
ဒီနေမပူ မိုးမရွာလည်း ထီးဆောင်းရသူတွေကတော့ ရန်ကုန်က စုံတွဲတချို့ ဖြစ်ပါတယ်။
ရန်ကုန်စုံတွဲများ ရောက်တတ်ကြ၊ ဆုံတွေ့တတ်ကြတဲ့ ရိုမန်တစ်ဆန်တဲ့နေရာထဲမှာ အင်းလျား ကန်လည်း ပါပါတယ်။ကန်ဘောင်ပေါ်မှာ ပူးကပ်ထိုင်ကြတဲ့ အတွဲတွေရဲ့ လုံခြုံရေးအကာအကွယ် ကတော့ ဖွင့်ပြီး ခပ်အုပ် အုပ်ဆောင်းထားကြတဲ့ ထီးတွေပါပဲ။

"ဒီနေရာမှာ ဒီထီးက အရမ်း အရေးပါတာပဲ" လို့ ၂၅ နှစ်အရွယ် ကိုမိုးဇော်က ပြောပါ တယ်။စုံ တွဲ တိုင်းထီးလိုအပ်တာတော့မဟုတ်ပါဘူး။ချိန်းတွေ့ချိန်သီးခြားကမ္ဘာလေးဖန်တီးလိုသူတွေအတွက်တော့ အ မှန်တကယ် လိုအပ်ပါတယ်။
ဒီအကြောင်း အင်းလျားကန်ဘောင်မှာ လမ်းလျှောက်ခဲ့သူ ဧရာဝတီ သတင်းထောက် လ၀ီဝမ်း ကေ ရး ထားပါတယ်။မူရင်းသတင်းလင့်က http://www.irrawaddy.org/archives/20565 ဖြစ်ပါတယ်။
ဒီလို ပန်းခြံဥယျာဉ်တွေမှာပဲ စုံတွေတွေ ကျက်စားတာ မဟုတ်ပါဘူး၊ ဘုရားတွေမှာလည်း ချိန်း ကြ တွေ့ကြပါတယ်တဲ့။ဘုရားရင်ပြင်မှာထိုင်ကြတဲ့စုံတွဲတချို့က ကျောက်ချထိုင်ရင်း နမ်းကြ ပုကြ လို့ ထင်ပါရဲ့ ရန်ကုန်မြို့ ဘုရားပရ၀ုဏ်တွေမှာ စုံတွေမထိုင်ရ ဆိုတဲ့ ဆိုင်းဘုတ်များ ထင်ထင် ရှားရှား ချိတ်ဆွဲထားတတ်ကြပါတယ်။
ထိုင်ရုံတင်ပဲဆိုရင်တော့ ဒီလိုဆိုင်းဘုတ်မျိုး ပေါ်မလာဘူးလို့ ယူဆရပါတယ်။
ဟုတ်ပါတယ် - ဘာသာရေးဆိုင်ရာနယ်မြေတွေကတော့ စုံတွဲတို့ရဲ့ လွတ်မြောက်နယ်မြေ မဖြစ်သင့် ပါဘူး။

Copy From OppositEye WEB
No comments:
Post a Comment