ကိုလက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ်
ရေးကော် မတီ မှထုတ်ပယ်ပေးရန်
နိုင်ငံတော် သမ္မတထံ တင်ပြတောင်း
ဆိုမည်ဖြစ်ကြောင်း ယမန်နေ့ က ပြု
လုပ်သောနိုင်ငံရေးအကျဉ်း သားဟောင်းအင်အားစု(ယာယီ) စတင်
ဖွဲ့စည်းခြင်း အခမ်းအနားတွ င်
အဖွဲ့ဝင် ကိုရဲထွဋ်ခေါင်မှ ပြောသည်။
ထိုသို့တောင်းဆိုရခြင်းမှာ နိုင်ငံတကာအကူညီများကို AAPP (AssistanceAssociation for Political Prisoners) နေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရာတွင်ငွေစာရင်းကွာဟမှုများရှိနေကြောင်း ၎င်းကပြောဆိုပြီး ပွင့်လင်းမြင်သာမှုရှိအောင်
စာရင်းဇယား အတိအကျ ရှင်းလင်းပြရန်နှင့်
စာရင်းကွာဟမှုများရှိနေပါကဥပဒေအရအရေးယူနိုင်ရန်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ရှင်းပြသည်။
“၁၂နှစ်တာကာလ
အတွင်းမှာ AAPP အနေနဲ့ ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာ မြန်မာငွေနဲ့
ကိန်းဂ ဏန်းပေါင်းရင်တောင်ပေါင်းလို့တောင်ရတော့မှာမဟုတ်ဘူး”ဟုကိုရဲထွဋ်ခေါင်ကမှတ်ချက်ပြုသည်။
ဆက်လက်၍ ၂၀၀၇ စက်တင်ဘာ
သံဃာအရေးအခင်းတွင် ထောင်ဒဏ်ကျခံ ခဲ့ရသောကိုကြည်ဖြူ ကလည်း AAPP အနေဖြင့်
ငွေကြေးထောက်ပံ့ရာတွင်နာမည်မကြီးသော သာမန် နိုင်ငံရေးအ ကျဉ်းသားများကို
ချန်လှပ်ထားလေ့ရှိကြောင်းနှင့်
သူတွေ့ကြုံဖူးသမျှနိုင်ငံရေး အကျဉ်းသား များထဲတွင်လည်း AAPP ၏မူအတိုင်း
ရရှိကြသူများမှာ နာမည်ကြီး နိုင်ငံရေးအကျဉ်း သာများ သာဖြစ်ကြောင်း ယခုလို
ပြောသည်။
“AAPP ဆိုတာ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးပါဗျာ”
ကိုရဲထွဋ်ခေါင်ကAAPPကိုတစ်ဖက်သတ်စွပ်စွဲပြောဆိုခြင်းမဟုတ်ကြောင်းနှင့်သူတို့ထံတွင်
နိုင်ငံရေး အကျဉ်းသားဟောင်း ၇၅၀ ခန့်၏ ထောက်ခံမှုကိုရရှိထားကြောင်း ပြောသည်။
AAPP
၏စာရင်းဇယားများတွင်
စာရင်းအတုများသာရှိနေကြောင်းစွပ်စွဲလိုက်ပြီးတိုက်ဆိုင်
စစ်ဆေး လျှင် အဖြေမှန်ထွက် လာရန်အတွက် ၎င်းတို့အဖွဲ့မှ
ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ် မံရှင်းပြခဲ့ သည်။
ယခုအခမ်းအနားသို့
AAPP တာဝန်ရှိသူ ဦးဘိုကြည်နှင့်
ဦးတိတ်နိုင်တို့ကိုဖိတ်ကြားထားသော် လည်း လာရောက်ခြ င်းမရှိကြောင်း
ကိုရဲထွဋ်ခေါင်ကပြောသည်။
ဦးဘိုကြည်နှင့်ဦးတိတ်နိုင်တို့အား
မော်ကွန်းမဂ္ဂဇင်းက
ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော် လည်းဖုန်းပိတ် ထားပါ သည်ဟုသာ
အလိုအလျောက်ပြန်လည်ဖြေကြားခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက်AAPPအဖွဲ့သည် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို၁၃နှစ်ကြာကူညီထောက် ပံ့ မှုများပြုလုပ်ပေးခဲ့ပြီး ယခုနှစ် ဇန်န၀ါရီတွင် အစိုးရက
ပြည်တွင်း သို့ဖိတ်ခေါ်ကာ လက်ကျန်နိုင် ငံရေး အကျဉ်း သားစီစစ်ရေးကော်မတီ
တွင်ပါဝင်စေခဲ့သည်။ ။
From:
YPI
MEG
No comments:
Post a Comment