၆.၈.၂၀၁၃ ရက်နေ့ ၁၂၄၀ အချိန် လှိုင်သာယာ မြို့နယ်၊ သောင်ကြီး နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည်ဆင်ဆာမဲ့ခွေများ ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ အတွင်း ပဒံကျေးရွာ၊ အနော်ရထားလမ်းဘေးရှိ ရွှေကမ်းသာ ယာဆိုင်ခန်းသို့ဝင်ရောက်ရှာဖွေရာ ဆိုင်ရှေ့စားပွဲပေါ်
တွေ့ရှိသိမ်းဆည်း ရမိသဖြင့် သောင်ကြီး နယ်မြေ ရဲစခန်း (ပ)၄၅၀/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့် လည်းကောင်း၊ ညစ်ညမ်းဒီဗီဒီခွေ (၂၃)ချပ် သိမ်းဆည်း ရမိသဖြင့် (ပ)၄၅၁/၂၀၁၃၊ပုဒ်မ ၂၉၂ဖြင့်လည်းကောင်း အရေးယူထား ရှိပါသည်။
အလားတူ ၁၉၀၀အချိန် လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ခွေများရောင်း
ချ နေကြောင်း သတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်၊ ဇကားဝါ လမ်းမဘေး တွင် ဝေယံဖြိုး (ဘ)ဦးဘိုကြီး၊ အင်းစိန်မြို့နယ် နေသူ၏ ခွေအရောင်းဆိုင်အားရှာဖွေရာ ဆင်ဆာမဲ့မြန်မာ သီချင်းဒီဗီဒီခွေ (၃၁၀)ချပ်၊ ဆင်ဆာမဲ့မြန်မာအငြိမ့်ဒီဗီဒီခွေ (၈၀)ချပ်၊ ဆင်ဆာမဲ့မြန်မာ တရားဒီဗီဒီခွေ (၁၀၀)ချပ်၊ နိုင်ငံခြားဇာတ်လမ်းဒီဗီဒီခွေ (၈၉၀)ချပ်၊ နိုင်ငံခြားသီချင်း ဒီဗီဒီခွေ (၁၈) ချပ်၊ ခွေရောင်း ရငွေကျပ် (၁၆၀၀၀)တို့နှင့် အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၈၇၈/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါ သည်။
Yangon Police
No comments:
Post a Comment