အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ ချဲထီနှင့်
လေးကောင်ဂျင် ကစားဝိုင်းကို တရား ဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည်ဟု
ထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါဖမ်းဆီးသည့်
ကိစ္စနှင့်ပတ်သက်၍ ဖမ်းမိသူများကို စစ်ဆေးလျက်ရှိသောကြောင့် အတည်ြ ပု
ပြောကြား၍ မရသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိ တစ်ဦးက
ပြော ကြားသည်။
“တစ်ရက်က ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက
ဒီဒိုင်မှာထိုးတာ သူ့ဂဏန်း ထွက်လာတော့ ဂဏန်း က ထိုးလို့မရဘူးလို့
ချဲရောင်းသမားကပြောတော့ အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့ သိရတယ်။
တိုင်တဲ့သူများရှိလို့ ဝင်ဖမ်းတာလား အတိအကျတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းမှ
အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါအခန်းကို
ဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့် ငှားရမ်းအသုံးပြုလျက်ရှိပြီး
ဖမ်းဆီးရာ တွင် လောင်း ကစား အသုံးပြုသည့် စာရွက်စာတမ်း၊ ပရိဘောဂနှင့် ငွေကျပ်
သိန်း ၃၀ ကျော်တို့ကို ဖမ်းမိခဲ့ကာ ဖမ်းဆီး မိသူများကို
ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း (၂) ရပ် ကွက်
အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။

No comments:
Post a Comment