အမေရိ ကန်ပြည်ထောင်စုသည်
ဆီးရီးယားနိုင်ငံကို
စစ်ရေးအရ တိုက်ခိုက်သွားဖွယ်ရှိကြောင်း အိမ်ဖြူတော်တာဝန်ရှိသူများက
ပြေကြားလိုက်
သည်။ အစောဆုံး ကြာသပတေးနေ့ (သြဂုတ် ၂၉ ရက်) တွင် ဆီးရီးယားကို
အကန့် အသတ်ထားရှိသော စစ်ရေးတိုက်ခိုက်မှု စတင်ပြုလုပ်ရန် အမေရိ ကန် က
စီစဉ်နေခြင်းဖြစ်သည်။ ဆီးရီးယားကို စစ်ရေးအရ မည်မျှအ တိုင်းအတာအထိ
တိုက်ခိုက်ရန်အတွက် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ရေး အမေရိကန်
ထောက်လှမ်းရေး အဖွဲ့ များက ပြင်ဆင်နေပြီး မဟာမိတ်နိုင်ငံ များ ကိုလည်း
စည်းရုံး ထားကြောင်း သိရသည်။
သမ္မတအိုဘားမား
အနေဖြင့် ဆီးရီးယားကို အကန့်အသတ်ရှိသည့် တိုက်ခိုက်မှု ပြုလုပ်ရန်
ချိန်ဆနေကြောင်း၊ စစ်ရေးတိုက်ခိုက်မှုအတွက် ဆုံးဖြတ်ချက်ချနိုင်ရန်
ရှုထောင့်မျိုးစုံမှ စဉ်းစားသုံး သပ်လျက်ရှိကြောင်း အမေရိကန်အစိုးရ၏
ထိပ်တန်းတာဝန်ရှိသူများက Washington Post သို့ ပြောကြားသည်။ Washington
Post ၏ အဆိုအရ ဆီးရီးယားကို တိုက်ခိုက်ရာ တွင် မြေထဲပင် လယ် အတွင်းမှ
စစ်သင်္ဘောများ အသုံးပြုကာ ကမ်းတက်တိုက်ပွဲ ဆင်နွှဲမည်ဖြစ်ပြီး စစ်ပွဲမှာ ၂
ရက်ထက် ပိုမိုကြာမြင့်မည် မဟုတ်ဟုဆိုသည်။ ဆီးရီးယားနိုင်ငံအတွင်း
ဓာတုလက်နက် တိုက်များ တည်ရှိနေသည်ဟုယုံကြည်ရသော နေရာများကိုလည်း
ပစ်မှတ်ထားတိုက်ခိုက်မည် မဟုတ်ကြောင်း သိရသည်။ အမေရိကန်ပင်တဂွန်
စစ်ဌာနချုပ်သည် ခရုစ်ဒုံးကျည်များ တပ်ဆင် ထားသည့် စစ် သင်္ဘော ၄ စင်းကို
မြေထဲပင်လယ်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်။
ဆီးရီးယားတွင်
သမ္မတ အာဆတ်၏ အစိုးရတပ်က ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်ခဲ့ မှုကြောင့်
ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ရာပေါင်းများစွာ သေဆုံးခဲ့ရကြောင်း
အတိုက်အခံများက ပြောကြားခဲ့သည်။ ထောင်နှင့်ချီ အရေအတွက်ရှိသော
ဆီးရီးယားပြည်သူများ မှာလည်း ဓာတုအဆိပ်သင့်မှု ခံစားရကြောင်း
သတင်းများကဆိုသည်။ ဓာတုလက်နက်ဖြင့် တိုက် ခိုက်မှုနှင့်စပ်လျဉ်း၍
ဆီးရီးယားအစိုးရနှင့် အတိုက်အခံ တော်လှန်ရေးတပ်ဖွဲ့တို့ကြား အပြန် အလှန်
စွပ်စွဲမှုများလည်း ရှိနေသည်။
No comments:
Post a Comment