
သိရသည်။Fortune International Limited ဥက္ကဋ္ဌ ဒေါက်တာဦးမြဟန် က "ရန်ကုန် မှာ ပဲ စဖွင့်သွားမှာပါ။ စက်တင် ဘာ၊ အောက်တိုဘာလောက် စဖွင့်နိုင်ဖို့စီစဉ်နေတယ်။ တခြားမြို့ကြီးတွေ မှာတော့ နောက်နှစ်တွေမှာမှ ဖွင့်ဖို့စီစဉ် သွားမှာပါ" ဟု ပြောကြားခဲ့သည်။
HYUNDAI သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့စတုတ္ထ အကြီးဆုံး ကားကုမ္ပဏီလည်း ဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး KIA ကားကုမ္ပဏီ ၏ အစုရှယ်ယာ အချို့ကို လည်း ပိုင်ဆိုင်ထားသည်။
မြန်မာနိုင်ငံတွင် HYUNDAI ၏ Commercial ကားများကို တရားဝင် တင် သွင်းရောင်းချနေသော ကုမ္ပဏီ အချို့ ရှိနှင့်ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်မည့် KALAO Holding သည် တောင် ကိုရီးယား အခြေစိုက် မော်တော်ယာဉ် အပိုပစ္စည်း ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရောင်းချ သူဖြစ်ပြီး အာရှအခြေစိုက် ထိပ်တန်းမော်တော်ယာဉ် ပစ္စည်းထုတ်လုပ် သူနှင့် ဖြန့်ဖြူးရောင်းချသူ တစ်ဦး ဖြစ်သည်။ HYUNDAI ၏ တရားဝင် အရောင်း ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့် ရရှိခဲ့သည့် Fortune International Ltd သည် တောင်ကိုရီးယား ကုန်ပစ္စည်း အများအပြားကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချလျက်ရှိသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊ အင်ဂျင်နီးယား ရင်းလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း စသည့်လုပ်ငန်း အများအပြား လုပ်ကိုင်လျက်ရှိသည့် ထိပ်တန်းကုမ္ပဏီတစ် ခု ဖြစ်သည်။
Fortune International Ltd ဥက္ကဋ္ဌ ဒေါက်တာဦးမြဟန်သည် UMFCCI ၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ် ပြီး အခြားစီးပွားရေး အသင်းအဖွဲ့ အချို့တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
EMG
No comments:
Post a Comment