ခေါ် ဖလောင်းချိတ် ခရိုင်မြို့တွင်
ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ
ဝင်များကလက်ချင်းချိတ်ပြီးအိန္ဒိယ
နိုင်ငံ
ဗုဒ္ဓဂါယာအား ဗုံးခွဲတိုက်ခိုက် မူကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့်
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ သည်။၎င်းဆန္ဒုပြပွဲအားခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ညီညွှတ်ရေး အဖွဲ့မှဦးဆောင်
ပြုလုပ်ခြင်း ဖြစ်ပြီး ယမန်နေ့ ( တနင်္ဂနွေ)နေ့ နံနက် ၁၀ နာရီမှ စတင်ပြီး
ကော့စ်
ဘဇားမြို့ ခရိုင် ကောင်စီ ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။ဆန္ဒပြပွဲတွင်ဇူလိုင်လ၇ရက်နေ့ကဗုဒ္ဓဂါယာရှိ မြတ်ဗုဒ္ဓပွင့်တော်မူရာမဟာဗေါဓိနှင့်တစ်ခြား နေရာ နှစ် ခုအား ဗုံးခွဲတိုက်ခိုက်မူကို မိမိတို့ ရှုတ်ချကြောင်း၊ သက်ဆိုင်ရာ အိန္ဒိယ နိုင်ငံ အနေဖြင့် အမြန်ဆုံး တရားခံများအား ရှာဖွေ ဖေါ်ထုတ်ဖမ်းဆီးရန် လိုအပ်ကြောင်း၊ ဘင်္ဂလာဒေခ်ျ့ အစိုးရ အနေဖြင့် လည်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့်ပူးပေါင်း၍တရားခံများကိုဖမ်းဆီးရရှိရေးကူညီရန် တောင်း ဆိုကြောင်း စသဖြင့် ဆန္ဒပြ ခေါင်းဆောင်များက ပြောကြားသည်။
ဆန္ဒပြပွဲသို့ ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကျော်သိန်း၊ ဒေါက်တာ မယဉ်နုနှင့် ရခိုင်အမျိုး သမီး များ တက်ရောက်ခဲ့ကြသည်။
(နိရဉ္စရာ- ၂၂ ဇူလိုင် ၂၀၁၃)
No comments:
Post a Comment