ဇူလိုင်လ ၂၂ ရက်က ၀ါရှင်တန် ရုက္ခဗေဒဥယျာဉ်အတွင်း
မသာပန်းပွင့်နေသည်ကို ကြည့်ရှုနေကြစဉ် (Photo:AFP)
အင်ဒိုနီးရှား အမြဲစိမ်းတောများအတွင်း ပေါက်ရောက်လေ့ ရှိသော အသားပုပ်နံ့ထွက်သည့်"မသာပန်း"ဟု ခေါ်ကြ သော ပန်းတစ်မျိုးသည်ဇူလိုင်၂၂ရက်တွင် ၀ါရှင်တန်မြို့ရှိ ရုက္ခဗေ ဒ ဥယျာဉ်အတွင်း ပွင့်လာရာ ယင်းကကမ္ဘာလှည့်ခရီး သည်ပေါင်း များစွာကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။ Plant ဟုခေါ်သော အမျိုးအစားတွင် ကမ္ဘာ့အကြီးဆုံးဖြစ် သည့် Titan arum ဟုခေါ်သော ပန်းပွင့်သည် နောက်ထပ် ၂၄ နာရီမှ ၄၈ နာရီ ကြာသည်အထိ ပွင့်ချပ်များ ဆက်လက် ပွင့်နေဦးမည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။ အပင်များနှင့် ပတ်သက်သည့် ကျမ်းပြုပညာရှင် တစ်ဦးဖြစ်သော ဘီလ် မက် လပ်ဖလင်းက ဇူလိုင် ၂၂ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါပန်းပွင့်မှ ထွက်ပေါ်လာသည့် အပုပ်နံ့ကိုစတင်သတိပြုမိခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။သူကယင်းအနံ့ကိုရရှိပြီးနောက် အော်ဂ လီဆန်နေခဲ့ရာ ည ၁၁ နာရီအထိ အစားမစားနိုင် ဖြစ်ခဲ့ရကြောင်း အေ အက်ဖ် ပီ သတင်းဌာန သို့ ပြောကြားခဲ့သည်။
သူက ပထမဆုံး ပန်းအဖူးကို လက်ဖြင့်ထိကြည့်ရာ အပူများ ထွက်နေသည်ကို သိရှိရပြီးနောက် အပုပ်နံ့များ ထွက်ပေါ်လာခြင်းနှင့်အတူ ပွင့်အာလာခဲ့ကြောင်း ပြောပြခဲ့သည်။ သူက ယင်းအနံ့ကို ရ ပါကအနီးပတ်ဝန်းကျင်တွင်လူသေပုပ်များရှိနေသည်ဟုထင်မှတ်လာလိမ့်မည်ဖြစ်ကြောင်း ပြော ကြား ခဲ့သည်။
ပန်းပွင့်၏ အမြင့်သည် ရှစ်ပေ (၂ ဒသမ ၄ မီတာ)ရှိပြီး ၀တ်မှုန်ကူးခြင်းအတွက် အပုပ်နံ့ကြိုက် သည့် ပိတုန်း အမျိုးအစားများကို မြူဆွယ်နိုင်ရန် အပုပ်နံ့များ ထုတ်လွှတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါပန်းများ ပွင့်တတ်သည့်အချိန်မှာ ခန့်မှန်း၍မရဘဲ နှစ်ပေါင်းအတန်ကြာလျှင် တစ်ကြိမ် သို့မ ဟုတ် ဆယ်စုနှစ် အနည်းငယ်ကြာပြီးလျှင် တစ်ကြိမ် ပွင့်တတ်သည်ဟု ဆိုသည်။ ပန်းပွင့်သည် အပြည့်အ၀ ပွင့်လာပြီးနောက် ၂၄ နာရီမှ ၄၈ နာရီအတွင်းသာခံပြီး ကြွေကျသွားတတ်သည်ဟု ဆို သည်။
ဝါရှင်တန် ရုက္ခဗေဒဥယျာဉ်က ယင်းပန်းပင် စိုက်ရန်အတွက် ပူနွေးသောနေ့ဘက်နှင့် ညဘက်အပူ ချိန်နှင့် စိုစွတ်မှုကဲ့သို့သော အထူးအခြေအနေရပ်များ လိုအပ်သည်ဟု ဆိုသည်။ ၀ါရှင်တန်ရုက္ခဗေ ဒဥယျာဉ်တွင် ထူးဆန်းသော အဆိုပါအပင်ကို စိုက်ရန်အတွက် သဘာဝအတိုင်း ထားသော နေ ရာတစ်ခုကို အသုံးပြုခဲ့သည်ဟု ဆိုသည်။
ယင်းပန်းပင် အမျိုးအစားကို ၁၈၇၈ ခုနှစ်က ပထမဆုံး စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမေရိ ကန် ပြည်ထောင်စုရှိ ရုက္ခဗေဒ ဥယျာဉ်တွင် ၂၀၀၇ ခုနှစ်က နောက်ဆုံးပွင့်ခဲ့ကြောင်း သိရသည်။ ဥယျာဉ်မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး လော်ရာကွန်ဒီလုချီက ပန်းပင်၏ ဆွဲဆောင်မှုကြောင့် ဥယျာဉ်သို့ ဇူလိုင် ၁၁ ရက်မှ ၂၁ ရက်အတွင်း လူပေါင်း ၉၈,၀၀၀ လာရောက်ခဲ့ရာ မယုံကြည်နိုင် စရာ အရေအတွက် ဖြစ်သည်ဟု ဆိုသည်။ ပန်းပင်ကို အနီးကပ် ကြည့်ရှုနိုင်ရန် စီတန်းနေကြသော လူအုပ်ကြီးထဲမှ အချို့သည် အနံ့ကို ကြိုရသွားကာ စိတ်ပျက်ခဲ့ရသည်ဟု ဆိုသည်။
from-AFP

No comments:
Post a Comment