နေပြည်တော် မေ ၃၁
ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီ မြို့နယ်
ဗဟို ဆေး တပ်ရှိ ပြည်ထောင်စု ခန်းမ၌ ယနေ့နံနက် ၉ နာရီ တွင် သူနာပြု
သိပ္ပံဘွဲ့ရ (အမျိုးသမီး) အုပ်ချုပ်မှု သင် တန်း အမှတ်စဉ်(၂) ဆင်းပွဲနှင့်
ဆေးဝန်ထမ်း ခန့်အပ် လွှာ ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ် ရာ
စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်
ဗိုလ်ချုပ် တင်မောင်ဝင်းနှင့် တပ်မတော် အရာ ရှိကြီး များ၊ တာဝန် ရှိသူများ၊
ကျောင်းဆင်း သင်တန်းသူ များနှင့် မိဘ ဆွေမျိုးများ တက်ရောက် ကြ သည်။အခမ်းအနားတွင် စစ်ရေးချုပ် ဒုတိယ
ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ကျောင်းဆင်း သင်တန်းသူ များအား အမှာစကား
ပြောကြားပြီး ကျောင်းဆင်း သင်တန်းသူ များနှင့် မိဘ ဆွေမျိုးများအား
ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်း ရရှိ သည်။
No comments:
Post a Comment