မြန်မာစီးပွားရေးလုပ်ငန်းရှင်ဦးတေဇပိုင်ဆိုင်တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)ဟာ အမေရိ ကန်ကကမ္ဘာကျော်အီလက်ထရွန်းနစ် နည်းပညာ ကုမ္ပဏီတွေဖြစ်ကြတဲ့ Master ၊ Visa Inc
တို့နဲ့ လက်တွဲဆောင်ရွက်ဖို့ဆွေးနွေးနေတယ်လို့ ဘဏ်ရဲ့ Customer Serviceဌာနကဒါရိုက်တာ ဦးသက်လွ င်ရွှေက ပြောပါတယ်။
“ဗီဇာဆိုတော့
ဗီဇာကတ်ကို ပိုက်ဆံထုတ်ပေးတဲ့ ဟာပေါ့။ တခြားလူတွေ လုပ်သလိုပါပဲ။
မြန်မာ နိုင်ငံက တခြား ဘဏ် ၃-၄ ခုလောက်နဲ့ သူတို့ လုပ် ပြီးနေပြီ။
ကျနော်တို့ ဘဏ်နဲ့က မလုပ်ရသေးဘူး၊ စကားပြောဆိုနေတုန်းပဲ ရှိသေးတယ်။
ကျနော်တို့ကို ပထမအကြိမ် သူတို့လာတုန်းကတည်းက လာရောက်တွေ့ဆုံဆွေးနွေးတာ
ရှိတယ်။ စကားလာပြောတာတော့ ရှိတယ်။”
အမေရိကန်ပြည်ထောင်စုကဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုအပေါ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စီးပွား ရေး
ဖြေလျှော့ပေးလိုက်ပြီးနောက် ဒီအစီအစဉ် ပေါ်ပေါက်လာတာပါ။
ဗီဇာကတ်လို့လူသိများတဲ့
အီလက်ထရွန်းနစ်စနစ် ငွေပေးချေရေးကတ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီ ၂ ခုနဲ့
ပူးပေါင်းပြီး ပြည်တွင်းမှာ ဒီငွေပေးချေရေးကတ်တွေကို အေဂျီဒီဘဏ်နဲ့
ချိတ်ဆက် အသုံး ပြုနိုင်မယ့် ဝန်ဆောင်မှုဟာ လာမယ့် လအနည်းငယ်အတွင်းမှာပဲ
အကောင်အထည် ပေါ်တော့ မယ်လို့ ဦးသက်လွင်ရွှေက ပြောပါတယ်။
ဒီအစီအစဉ်ဟာ နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဆီးဂိမ်းအားစားပြိုင်ပွဲကို လာရောက်မယ့်သူ တွေအတွက် အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်
“အေတီအမ်မှာ ထုတ်ရင်
ကျပ်ငွေပဲထုတ်ရမယ်။ ဒီနှစ်တွေမှာ နိုင်ငံခြားသားတွေလည်း အ၀င်များ တယ်။ဆီးဂိမ်းလဲစတော့မယ်ဆိုတော့အပြင်ကလာသူတွေများလာရင်သူတို့တွေ
အဆင် ပြေအောင် ဒီဘက်က ကြိုလုပ်တဲ့ သဘောပါ။ ကတ်ကိုင်ဆောင်သူတွေ
အဆင်ပြေတာပေါ့။”
အမေရိကန်ကုမ္ပဏီ၂ခုဟာလတ်တလောမှာတော့ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ အရှေ့ တိုင်းဘဏ်တို့နဲ့
လက်တွဲထားနှင့်ပြီးဖြစ်ပြီး ထူးကုမ္ပဏီအုပ်စုနဲ့ အခုမှ အစပြုမှာ ဖြစ်ပါတယ်။
အာရှစိမ်းလန်းမှု
ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီနှစ်ဆန်းပိုင်းမှာ ခွင့်ပြုခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်
ဦးတေဇဟာ သူ့ရဲ့လုပ်ငန်းတွေထဲက အကျိုးအမြတ်ရတဲ့ ကုမ္ပဏီတွေကို
အများပိုင်ကုမ္ပဏီတွေအဖြစ် ပြောင်းလဲပြီး အများ ပြည်သူကို ရှယ်ယာတွေ
ထုတ်ရောင်းပေး သွား မှာ ဖြစ်ပါတယ်။
No comments:
Post a Comment