သြစတြေးလျနိုင်ငံ ဆစ်ဒနီဥပဒေ ပညာသင်ကျောင်း(Sydney Law School) က
ဦးဆောင်ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေ အလုပ်ရုံဆွေးနွေးပွဲ ကို
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်
မည်ဖြစ်ကြောင်း ယင်းဥ ပဒေ ပညာသင် ကျောင်းကထုတ်ပြန်သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို မေလ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ရန်ကုန် မြို့တော်ရှိ သြစတြေးလျ ကလပ်တွင် သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ဖက်ဒရယ်စနစ်၊ ဖွဲ့စည်း ပုံနှင့် တပ်မတော်၏ အခန်းကဏ္ဍတို့ကို ဘာသာရပ်ဆိုင်ရာ ပညာရှင် အသီးသီးက ဆွေးနွေးသွား မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ် ရေး ဆွဲရေး အတွက် တိုက်တွန်းရန်မဟုတ်ကြောင်း၊ သို့သော် ကောင်းမွန်သော ဖွဲ့စည်းပုံ အခြေ ခံဥပဒေ တစ်ရပ်သည် ရေရှည်ခံသော ဒီမိုကရေစီ စနစ်တည်ဆောက်နိုင်ရေးအတွက် အရေးကြီး သည်ဆိုသော သတင်းစကားပါးလိုသဖြင့် ယခုဆွေးနွေးပွဲကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆစ်ဒနီ ဥပဒေ ပညာသင်ကျောင်း လက်ထောက် ကထိက Andrew McLeod က ထုတ်ပြန် ပြောကြား သည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင် များဖွဲ့ရန် အဆိုကို ပြည် ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံးက ထောက်ခံ အတည်ပြုထားပြီးဖြစ်သည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကလည်း ၂၀၁၅တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတနေရာ ဝင် ရောက် ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပေးမည်ဟု ၂၀၁၃ ခုနှစ် ဧပြီလအတွင်း အမေ ရိကန်နိုင်ငံ သို့ ရောက်ရှိစဉ်တွင် ပြောကြားထားသည်။

No comments:
Post a Comment