ပနှင့် အာရှ ထိပ် သီး ကား ကုမ္ပဏီပေါင်း ရှစ်ခုခန့် တရား ၀င်ရောင်း ချခွင့် ရရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ
ခန်းများ အပါအ၀င် ဆားဗစ်စင်တာများ မော်တော် ယာဉ် ထုတ်လုပ်မှု စက်ရုံများကို တစ်ပါ တည်းဆောင်ရွက်နိုင် ရန် စီစဉ်နေပြီဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီများ ထံမှ ကိုယ်စားလှယ် လုပ်ကိုင်ခွင့်ရရှိသူများက ပြောသည်။
ကားတင်သွင်းခွင့်ကို ၂၀၁၀ ပြည့်နှစ်က စတင်ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ဂျပန်တစ် ပတ် ရစ်လေ လံကားအမြောက်အမြား အဓိက တင်သွင်းလာခဲ့ကြသည်။ ထို့ကြောင့် ယခုကဲ့သို့ ဥရောပနှင့် အာရှမှ ကား ကုမ္ပဏီကြီးများ ၀င်ရောက်လာပါက ပြည်တွင်းကား ဈေးကွက်၌ ဂျပန်တစ်ပတ်ရစ် လေလံ ကားအများ စု ဈေးနှုန်းများ ထပ်ကျလာနိုင်သေးကြောင်း မင်း ရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားပွဲစား တစ်ဦးက ပြောသည်။ ယင်းကုမ္ပဏီရှစ်ခုအပြင် ထိပ်တန်းကုမ္ပဏီကြီးဖြစ်သော Mercedes Benz (Germany) ကလည်းယခုနှစ်အတွင်း အရောင်းပြခန်း စတင်ဖွင့်လှစ်သွားမည်ဟု ယင်းကုမ္ပဏီကဆိုသည်။
“ဈေးကအများကြီးတော့ မကျနိုင်ပေမယ့် ယှဉ်ပြိုင်မှုအပိုင်းနဲ့ အရည်အသွေးဈေးကွက်ဝေစုက အရမ်းကွာ သွားနိုင်တယ်။ ကားအရောင်းပြခန်းတွေ ဖွင့်တုန်းက တောင် ကားပွဲစားတန်းဘက်က သူတွေ အရှုံးကြီးရှုံးပြီး ထုတ်ရောင်းခဲ့ရတာ” ဟု အဆိုပါ ပွဲစားကပင် သုံးသပ်သည်။
ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုအားကောင်းလာနိုင်ပြ
“ဈေးနှုန်းက ဂျပန်ကားတွေ နဲ့ ကောင်းကောင်းယှဉ်နိုင်မှာပါ” ဟု ဦးကိုကိုကြီးက ပြောသည်။ ကားအရောင်းပြခန်း အများစုကမူ အစိုးရမှ လက်ရှိ မော်တော်ယာဉ် တင်သွင်းမှုနှင့်ပတ်သက်ပြီး လက် ရှိကောက်ခံနေသော အခွန်နှုန်းထားများကို ပြင်ဆင်ပေးမှသာ ဈေးကွက်၏ ယှဉ်ပြိုင်မှုမှာ တရားမျှတမည်ဖြစ်ကြောင်း အရောင်းပြခန်းကိုယ်စားလှယ်များက
No comments:
Post a Comment