သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည်ဟု ယူဆ ရ သည်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ မကြာသေးမီကထုတ်ပြန်ချက်တစ်ခုတွင်မြန်မာနိုင်ငံသည် ဘင် ဂါလီမူဆလင်များကို လူမျိုးတုန်းသတ်ဖြတ်မှုများ
ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည်။ သို့သော် လည်း သမ္မတဦးသိန်းစိန်၏
လူ့အဖွဲ့အစည်းချင်းသဟာဇာတဖြစ်ရေးကြေညာချက်ကို အိုဘားမား အစိုးရက ချီးကျူးခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သ ည့်
သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာ ပြီးနောက် နိုင်ငံရေး
အကျဉ်းသားရာနှင့်ချီ၍ လွှတ်ပေးခဲ့ ခြင်းနှင့်
အတိုက် အခံဒေါ်အောင်ဆန်း စုကြည် ကို လွှတ်တော်တွင်းဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းတို့အပါအ၀င် ပြုပြင်ပြောင်း လဲမှုအများ အပြား ဆောင် ရွက်ခဲ့ခြင်းဖြင့် ဝေဖန်သူအများအပြားကို အံ့အားသင့်စေခဲ့သည်။
အိုဘားမားအစိုးရက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချ က်များကို အားပေးမည်ဟု ကတိပြုထားပြီး မြန်မာနိုင်ငံ၏တိုးတက်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့မှုအများစု ကို ရုတ် သိမ်းပေးခဲ့သည်။
Ref: Channel NewsAsia

No comments:
Post a Comment