အိန္ဒိယနိုင်ငံမှ အမေရိကန် ဒေါ်လာသန်း (၁၂၀) အကုန်ကျခံတည်ဆောက်နေသည့်
စစ်တွေရေ နက်ဆိပ်ကမ်း တည်ဆောက်မှု စီမံကိန်းမှာ (၉၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းအိန္ဒိယ
"ဆိပ်ကမ်းမြေဖို့အကြမ်းထည်လုပ်ငန်းတွေတော့ပြီးစီးသလောက်ရှိနေပါပြီ။အချောသတ်ဖို့လောက်ပဲ ရှိတော့ တာပါ။ သဘောင်္ချည်းကပ်
ဆိပ်ခံတံတားတည်ဆောက်မှုတွေကတော့ ခန့်မှန်း (၆၀) ရာ ခိုင်နှုန်း ပဲပြီးသေးတယ်။
ဒီနှစ်ကုန်ပိုင်းလောက်တော့ ရာနှုန်းပြည့် ပြီးစီးမယ်လို့
မျှော်မှန်းထား ပါတယ်"ဟု အိန္ဒိယဆောက်လုပ်ရေး ကုမ္ပဏီ(ESSAR)မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စီမံကိန်းပြီးစီးပါက
အိန္ဒိယ-မြန်မာ သဘောတူညီချက်အရ အိန္ဒိယအစိုးရမှ မြန်မာ အစိုး ရအသို့လွဲပြောင်းပေးအပ်ရမည်ဖြစ်ပြီးအိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုစရိတ်
လျော့ချနိုင်ရန်နှင့် ပို့ကုန် သွင်းကုန် တိုးမြှင့်တင်ပို့မှု
မြင့်တက်စေရန် ရည်ရွယ်၍ အကောင်ထည် ဖော်တည် ဆောက်ရြ ခင်းဖြစ်ကြောင်း ၄င်းက
ဆက်ပြောသည်။
နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာတွင်
စစ်တွေရေနက်ဆိပ်ကမ်းမှ ကုလားတန်မြစ်လမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံ
မီဖိုရန်ပြည်နယ်အထိ ကုန်တင်ဘောင်္များ တစ်နှစ်ပတ်လုံး
သွား လာနိုင်မည် ဖြစ်သည်။
ထိုကဲ့သို့သွားလာနိုင်ရန်အဆိုပါမြစ်လမ်းကြောင်းရှိရေတိမ်သောင်များနှင့်သဘောင်္များဝင်ထွက်သွား လာနိုင်ရန်ကျဉ်းမြောင်းသော နေရာများအား ခေတ်မီ စက်ယန္တားရားများဖြင့်
တူးဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
အာရကန် ကိုကို
No comments:
Post a Comment