ဇာတ်သဘင်လောကတွင် ဝေလေလေဆိုသော လူများရှိရ၏။ ဇာတ်လိုက်
က(သို့မဟုတ်)ဂိုဏ်းတစ်ခုခု၏ခေါင်းဆောင်က သူ့တွင်အင်အားရှိကြောင်းပြလိုသော
အခါ ”တို့လူလေးများ ဆိုသလေး”ဟု ကန့် လန့်ကာဖတ်လှည့်ပြီး အော်ရသည်။ ထိုအခါ
ကန့်လန့်ကာနောက်မှရှိသမျှ လူ တွေက ”ဝေလေလေ” ဟုပြိုင်တူအော်ရ ၏။
ထိုလူများကား ဇာတ်စင်ပေါ်၌ အရေးပါသူများမဟုတ်။ ကန့်လန့်ကာရှေ့
ပင်ထွက်စရာမလို။ ကန့်လန့်ကာရှေ့က လူအော်ခေါ်လျှင် ”ထူး”ရန်သာဖြစ်သည်။
ထိုဇာတ်ကွက်ကို နမူနာယူပြီး ဘာမျှအရေး မပါဘဲ ဆင်ခြင်ဥာဏ်မရှိဘဲ
သူများအော်လျှင်လိုက်အော်တတ်သူ များကို
”ဝေလေလေများ”ဟုခေါ်စမှတ်ပြုကြလေသည်။
တိုင်းပြည်တိုင်း တွင် ဝေလေလေများ ရှိကြသည်။မှန်၏သို့သော် ဝေလေလေ တွေများလာလျှင် တော့ တိုင်းပြည်ဒုက္ခ ရောက်ဖို့လမ်းများသည်။တိုးတက်သော တိုင်းပြည်ဖြစ်ချင်လျှင် ဝေလေလေ နည်း နိုင်သမျှနည်းအောင်လုပ်ကြဖို့လိုသည်။ အထူးသဖြင့် စည်းကမ်းစနစ်ကျဖို့နှင့်တရား ဥပဒေ လိုက်နာတတ်ဖို့ဖြစ်၏ စည်းကမ်း ဥပဒေမလိုက်နာလျှင်တော့ ထိုနိုင်ငံသည် ငွေကြေးမည်မျှ ရှိကြပါစေ ဗရမ်းဗတာ တွေဖြစ်နေမှာသေချာသည်။
ကြည့်ရသောမြင်ကွင်းကား ရွှေစက် တော်ပွဲခင်းနှင့် ဆင်ဆင်တူနေ၏ ချောင်းကလောနှင့် တောင်ပေါ်ဟောင်းတန်းမပါ ခြင်းသာကွာသည်။ ဝါးတဲကြီးများ၊ဝါးဓနိ ဆိုင်များ၊ ဆောက်ပြီးခါစ များ၊ ဆောက်လျက် တန်းလန်းများ၊အမိုးအကာတော့မတင်ကြ သေး၊ တိုင်အမာခံနှင့်အမိုးအကာ ကိုဝါး များဖြင့်အခိုင်အခံ့လုပ်ထားကြ၏ စုစုပေါင်း တဲကြီးများဘယ်နှစ်ခုမှရေတွက်၍မနိုင်ပေ။ ဧရိယာမြေကွက်(၁၈)ဧကလုံးလုံးပါပဲ။ ”၁ဝရက်အတွင်း ဒီလိုဖြစ်လာတာပဲဆရာမ” ”တဲတွေဆို တော့ ၅ပေx၆ပေလောက်ထင် တာ။အခု ၁၅ပေ ပတ်လည်လောက်ရှိ မယ်” ”သုံးလေးလုံးတွဲလျက်တွေအများ ကြီးပဲ။ခေါင်ကိုတော့ ခွဲထားတယ်။ တစ် လုံးစီလို့ထင်အောင်ပေါ့။ ဒါပေမယ့် သိ သာပါတယ်။ ”ဒီတဲတစ်လုံးဆောင်ဖို့ကုန် ကျစ၇ိတ်နည်းမယ်မထင်ဘူး” ဘယ်နည်း ပါ့မလဲ ဆရာမ၊အနည်းဆုံး ၅သောင်း၊ ၁ သိန်းကုန်မယ်။ဒါဆိုရင် ဒီလိုဆောက်ဖို့ လက်လုပ်လက်စား တွေ က တတ်နိုင်ပါ့ မလား။ အဲဒါပြောတာပေါ့ဆရာမရယ်။ တကယ်နေစရာမရှိတဲ့လူတွေဟာ သစ် စက်လေး၊ပလပ်စတစ်လေးတွေနဲ့အိပ်ရာ တစ်နေရာသာသာပဲလုပ်နိုင်ကြတာ။ အခု ဟာက ပွဲတော်ကြီး-ကျွန်မတို့သည် လှိုင်သာယာမြို့တွင်း၊ အမှတ်(၅)ရပ်ကွက်ကိုဖြစ်၍ကားမောင်း နေကြခြင်းဖြစ်ပါ သည်။ ရွှေလင်ပန်းရပ် ကွက်၌ စာပေဟောပြောပွဲပြုလုပ်ရန်၊ရပ် ကွက်၏ရပ်မိ/ ရပ်ဖများကိုယ်တိုင်လာ ရောက်ကြိုဆိုခြင်းဖြစ်ပြီး၊ဆရာမကို အထူးအဆန်းမြင်စေချင်လို့ဟုဆိုကာ၊ ဤလမ်းကိုဖြတ်ပြနေခြင်းဖြစ်၏။
မူလပိုင်ရှင်ရှိပါတယ်။ဦးပန်းချစ်တဲ့ လယ်သမားကြီးပါ ဟောဟိုအလယ်က အုန်းပင်စုစုလေးရှိ တဲ့ကုန်းဟာသူ့အိမ်ပေါ့။ လယ် ၁၈ဧကလုပ်ခဲ့တာ မိဘလက်ငုတ် ပဲ။အဲဒါကိုစက်မှုဇုန်စီမံကိန်းဆိုပြီး သိမ်း တယ်။ အနှစ် ၂ဝကြာတဲ့အထိဘာမှ မ လုပ်ဖြစ်ဘူး။မူလပိုင်ရှင်ကလယ်စိုက်တယ်။ အခုတော့ ဘယ်လိုက ဘယ်လိုဖြစ်တယ် မသိဘူး။ ဒီတဲကြီးတွေဝုန်းဆိုလာဆောက် ကြတာပဲ။ ”တားတဲ့လူမရှိဘူးလား”
”တားတာပေါ့ဗျာ၊ဒါပေမယ့်တားတဲ့ ရဲတွေကို ဝါးလုံးရှည်ကြီးတွေနဲ့ဝိုင်းရိုက် ကြတာ။ အုပ်ချုပ်ရေး မှူး လည်းဒဏ်ရာရ သွားတယ်”
ကျွန်မရင်တုန်သွားရ၏။ ဒါမင်းမဲ့ စရိုက်ပဲ။ ဒီလို လုပ်ခွင့်ရှိသလား။ ဦးခေါင်း ထဲမှာ ဆူဝေနေသည်။ ညနေ မှောင်ရီရီ ထဲမှာ ဆောက်လက်စများသယ်ကြ၊ထု ကြ၊ ပြောကြဆို မိန်းမအသံများက ခပ် ကျယ်ကျယ်။ ”ရွှေလင်ပန်းဖက်မှာက ကြားဖြတ်ရွေးကောက်ပွဲပြီးကတည်းက ကျူးလာကြတာ ဆရာမခဏနေမြင်ရပါ လိမ့်မယ်။ကွန်ကရစ်လမ်းကိုမေးတင်ပြီး အခိုင်အမာဆောက်ကြတာ တံပေါင်း ၁ဝဝဝကျော်တယ်။ မီးစက်မောင်းပေးတဲ့ သူဌေးရှိတယ်။ အိမ်ခပ်များများမှာTV တွေနဲ့ဗျ။ဒါ ဆင်းရဲသားမြေမဲ့ယာမဲ့တွေ မဟုတ်ဘူး။ငွေထုတ်ပေးတဲ့ရှိလူရှိရမယ်”
”ဘယ်က ရောက်လာကြတာလဲ”
”ဧရာဝတီတိုင်းအများစုပဲ”
”ဘာလုပ်လုပ်ကြတာလဲ”
”ဒီမှာက အလုပ်ပေါတယ်လေ၊အလုပ် ကြမ်းပေါတယ်။မအူပင်ဟိုဖက်က ရွာတစ် ရွာဆိုရင် ရွာလုံးကိုပျောက်သွားတာ။အ ကုန်ဒီရောက်လာပြီ။တစ်ချို့ကပြောတယ် ဗျ။ သမ္မတကြီးက ဧရာဝတီတိုင်းသားတဲ့ သူတို့လုပ်လို့ရတယ်ပေါ့။တစ်ချို့ကတော့ ဟိုပါတီမဲနိုင်ပြီ၊တို့အားလုံး ဒီမိုကရေစီရ ပြီတဲ့။
”အရေးမယူဘူးလား”
”ဧည့်စာရင်းမတိုင်။ ဧည့်စာရင်းအရေး မယူ။ဘယ်လိုသဘောတူညီမှုနဲ့လက်ခံ ထားလည်း ကျွန်တော် တို့မသိ”စတုတ္ထ မဏ္ဍိုင်တာဝန်ကိုသာ ဆောင်ရွက်နိုင်ပါ သည်။ ကျွန်မတို့စာပေဟောပြောပွဲတွေ အပင်ပန်းခံသွားနေကြသော ရည်ရွယ် ချက်ထဲတွင် ကျွန်မတို့ မသိသေးသောအရာ များကို ဒေသခံများထံမှ သင်ယူရန်ဆို သော အရေးကြီးသည့်အချက်ပါ သည်။ ပြုပြင်သင့်သောကိစ္စများကို အုပ်ချုပ်ရေး မဏ္ဍိုင်က အရေးယူနိုင်ရန် ကျွန်မတို့တင် ပြရန်သာ တာဝန်ရှိသည်။
”ကျွန်တော်တို့စာပေဟောပြောပွဲ လုပ်ချင်တာက လူငယ်တွေကိုအသိအမြင် ဒုက္ခရောက်တာ လို့ခံယူတယ်။ကျွန်တော် တို့ ကလေးတွေကို မညံ့စေချင်ဘူး။အဲဒါ ဆရာမတို့က သင်ပေးပါ။ အသိပညာ၊စာ ပေပညာပဲပေးကြပါ။ မလှုံ့ဆော်ပါနဲ့။ နိုင်ငံရေးလှုံ့ဆော်ဖို့မလိုတော့ပါဘူး။အား လုံးခံစားရပြီးသားတွေပဲ။မဆွကြပါနဲ့ တော့။ ဆွချင်တယ်ဆိုရင် ဓားနဲ့သေနတ် သာပေးလိုက် တော့။
ရပ်မိ/ရပ်ဖတစ်ဦး၏ ရင်ကွဲသံကို ကျွန်မနားလည်ပါသည်။ သူတို့လူတွေ အကြောင်းသူတို့အသိ ဆုံးဖြစ်ပါ လိမ့်မည်။ သူတို့ဖြစ်စေချင်သောအရာကိုကျွန်မတို့သဘောပေါက်ဖို့ လိုပါသည်။
လွတ်လပ်၍ပွင့်ပွင့်လင်းလင်းဖြစ်လာ သော အခွင့်အရေးကို ကျွန်မတို့မြတ်နိုး စွာထွေးပွေ့ ထားရပါလိမ့်မည်။ရေရှည် အောင်ထိန်းကြရပါလိမ့်မည်။ဇာတ်စင် နောက် ကန့်လန့်ကာ အကွယ်မှနေ ၍ လူလုံးပြရန်မလိုဘူးဆိုပြီး အရှေ့ကအော် တိုင်း ”ဝေလေလေ”ဟု အသံကုန်ဟစ် နေ ကြသူများကို ကျွန်မတို့ ”သတိ”ထားကြ ရပါဦးမည်။

ရွှေကူမေနှင်း
No comments:
Post a Comment