ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများထိရောက်စွာ
ပေးဆောင်နိုင်ရန် ကြိုးပမ်းနေသော အစိုးရ၏ အုပ်ချုပ်ရေးယန္တရား
ကောင်းမွန်ရေးအတွက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီ အစဉ် (United Nations
Development Programme) မှကန်ဒေါ်လာသန်း၁၅၀ ထောက်ပံ့မည်ဖြစ်သည်။
ယင်းငွေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂနိုင်ငံများဖွံ့ဖြိုးရေးအစီအစဉ်၏၂၀၁၃၂ဝ၁၅ခုနှစ် သုံးနှစ်တာလုပ် ငန်းစဉ် အတွက် သုံးစွဲသွား မည်ဖြစ်သည်။ကန်ဒေါ်လာ သန်း၁၅၀ အနက် ၄၅ သန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းတကျ အုပ်ချုပ်ရေး၊ ၅၉ သန်းကို ဒေသန္တရအစိုးရ အုပ်ချုပ်ရေး ကောင်းမွန်ရေးနှင့် ကျန် ၄၆ သန်းကိုမူ ရာသီဥ တုပြောင်းလဲမှု၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး တို့အတွက် သုံးစွဲရန် လျာထားသည်။
အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းကျရေး အတွက် နိုင်ငံ့ဝန်ထမ်း စွမ်းရည်မြှင့်သင် တန်းများ၊ ဝန်ထမ်းရွေးချယ်ရေး သင်တန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြု လုပ်သွားမည်ဖြစ်ကြောင်း၊ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေးကောင်းမွန်ရေး အတွက်မူ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။
ယခင်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်စေရန် မြို့နယ် ၄၉ မြို့နယ်၌ UNDP ရုံးခွဲများ ဖွင့်လှစ်ပြီး တိုက်ရိုက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။
"အကောင်အထည်ဖော်တဲ့ အနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း မြှင့်တင်ရေး သင်တန်းတွေ လုပ်တယ်။ လွှတ်တော်စာကြည့်တိုက် အတွက် စာအုပ်လှူတယ်" ဟု ဦးညီညီအောင်က ဆိုသည်။
ယင်းသုံးနှစ်တာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေး အတွက် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုလသမဂ္ဂလက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ Ajay Chhibber တို့ ဧပြီလ ၈ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

.. www.MyanmarExpress.net
No comments:
Post a Comment