From :
..mrtv4
အရပ်သား အခွင့်အရေး ကာ ကွယ်သူများ အဖွဲ့က CRD (Civil Right Defenders) ဌာနချုပ် များဆီသို့ သတိပေး အချက် ပြပေးနိုင်သည့်၎င်းတို့၏ ပထ မ အသုတ် GPS လက်ပတ်များကို ထုတ်ဝေခဲ့သည်။ အဆိုပါ GPS
လက်ပတ်ကို ၀တ်ဆင်ထားသူ အား ပြန်ပေးဆွဲ အကြမ်းဖက်မှု တစ်စုံတစ်ရာ
ပြုလုပ်ခဲ့ပါက CRD ဌာနချုပ်များ ၊ အနီးအနားရှိ အခြား တက်ကြွ
လှုပ်ရှားသူများနှင့် CRD လူမှုကွန်ယက် တစ်ခုလုံးသို့ တည်နေရာ သတိပေးချက်များ
ထုတ်လွှင့် ဖြန့်ချီပေးမည် ဖြစ်သည်။
ဧပြီလ (၂) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့အထိ အရပ်သား အခွင့်အရေး ကာကွယ်သူများနေ့ ညီလာခံ ကျင်းပနေစဉ် အတောအတွင်း GPS လက်ပတ် (၅) ခုကို ပထမဦးစွာ ထုတ်ဝေခဲ့သည်။ နောင်လာမည့် တစ်နှစ်ခွဲ အချိန်အတွင်း စုစုပေါင်း လက်ပတ် (၅၅) ခုခန့် ထုတ်လုပ် ဖြန့်ဝေပေးသွားရန် CRD မှ ရည်ရွယ်ထားကြောင်း သိရသည်။ ၄င်းထုတ်ကုန်အား ၂၀၀၉ ခုနှစ် အတွင်းက ပြန်ပေးဆွဲ သတ်ဖြတ်ခံခဲ့ရသော လူ့အခွင့်အရေး လှုပ်ရှားသူ Natalia Estemirova အား ဂုဏ်ပြုသည့် အနေဖြင့် “Natalia Project” ဟု အမည်ပေးခဲ့သည်။

No comments:
Post a Comment