မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကထုတ်ပြန်ကြေညာလိုက်ပြီး
နောက် ပိုင်း
၁၅၀၀တန်ဖုန်းနှင့် ပတ်သက်သည့် မေးခွန်းပေါင်း များ စွာ ပြည်သူလူထု အကြား
ထွက်ပေါ်လာသည်။
G လား . . . C လား . . .
မူလက GSM ဖုန်းများသာ ရောင်းချထား ပေးမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းကြောင့် လူအများစုက GSM သာ ချထားပေးမည်ဟု ထင်ကြသည်။
သို့သော် မြန်မာ့ဆက်သွယ်ရေးက ရောင်းချထားပေးမည့် မိုဘိုင်းလ်ဖုန်းများတွင် GSM 3G အမျိုးအစားဖြစ်သော WCDMA 3G ရော၊ CDMA 800 MHz ရော ပါဝင်မည်ဖြစ် သော်လည်း CDMA 800 MHz ကိုသာ ဦးစားပေးရောင်းချထား မည်ဖြစ်ပြီး WCDMA 3G များကို CDMA 800 ကွန်ရက် မရှိသည့် နေရာများတွင်သာ ရောင်းချထားပေးမည် ဖြစ်သည်။
WCDMA 3G ကို ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် ဒေသ အချို့ကို ဦးစားပေးကာ အလုံအလောက် ရောင်းချသွားရန် စီစဉ်ထားပြီး အဆိုပါ လိုင်းကတ်များကို တစ်နိုင်ငံလုံးကို သယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားသည်။
အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်လလျှင် CDMA 800 MHz လိုင်းကတ် သုံးသိန်းငါးသောင်း ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကတ်များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း ၄င်းက ရှင်းပြသည်။
"GSM တွေကလည်း နောက်နှစ်လ လောက်ဆို လိုသလောက် ရောင်းနိုင်ဖို့ ပြင်ထားပါတယ်။ သိပ်မကြာပါဘူး လာပါလိမ့်မယ်"ဟု ၄င်းကဖြည့်စွက် ပြောကြားသည်။
ကန့်သတ်ချက်အနေနှင့် ဖုန်းကတ် ဝယ်ယူပြီး ၁၅ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့် ကတ်ထည့်သွင်းအသုံးပြုရမည် ဖြစ်ပြီးတစ်လလျှင်၂၅၀၀ကျပ်ဖိုးအသုံးပြုရမည် ဖြစ်ကြောင်း၊ နှစ်လြ ပည့်ချိန်တွင် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများရှိနေသေးပါက ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး ၏ ကြေညာ ချက်တွင် ပါရှိသည်။
လိုင်းကျပ်မှာလား
"ဖုန်းစရောင်းချိန်မှာမြို့ကြီးတွေမှာ လိုင်းကျပ်မှု ပြဿနာတွေ ကြုံတွေ့မယ် ထင်တယ်။ နောက်ပိုင်း မှာ အဆင်ပြေသွားနိုင် တယ်"ဟု အိုင်တီပညာရှင် ဦးရဲမြတ်သူက ပြောကြားသည်။
ဖုန်းခေါ်ဆိုရာတွင် ကြည်လင်ပြတ်သားမှု မရှိခြင်း၊ ဖုန်းလိုင်းမကြာခဏကျခြင်း၊ အခန်းအတွင်းမှ အလွယ်တကူပြော၍ မရဘဲ အများအားဖြင့် အိမ်ပြင်ထွက် ပြောရခြင်း၊ မြို့တွင်းတွင် ရှိနေသော် လည်း ဆက်သွယ်မှု ဧရိယာ ရောက်နေသဖြင့် ခေါ်ဆိုမရကြောင်းသာ ဖြေကြားနေခြင်း စသည့် ဝန်ဆောင် မှုပိုင်း အားနည်းချက်များကြောင့် ဖုန်းလိုင်းအသစ် ထပ်တိုးတိုင်း ပြည်သူလူထုမှာ လိုင်းကျပ်ပြီး ခေါ်ဆိုမရ ဖြစ်မည်ကို စိုးရိမ်သောက ဖြစ်လေ့ရှိသည်။
ယခုလည်း GSM ထက် CDMA က လိုင်းပိုမိသည်ဆိုသဖြင့် CDMA ဝယ်ထား ကြသူများမှာ CDMA လိုင်းများထပ်မံချ ထားပေးမည်ဆို၍ လိုင်းကျပ်ပြီး အလုပ် မဖြစ်မည်ကို စိုးရိမ်နေကြသည်။
"လိုင်းကတော့ CDMA နဲ့ GSM နဲ့က မတူဘူးလေ။ CDMA တာဝါတိုင် တစ်ခုဆိုရင် သူ့ရဲ့ ကွန်ရက်လွှမ်းခြုံနိုင်မှုက GSM ထက်ပိုကျယ်တယ်။ အဲ့ဒီတော့ လူနေ ပြန့်တဲ့ ဒေသတွေမှာ CDMA နဲ့ မြို့ကြီး တွေမှာ GSM ကို ဦးစားပေးချထားရင် အဆင်ပြေမယ်ထင်တယ်။ လိုင်းကျပ်တာက အစပိုင်းလောက်တော့ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ဖြေရှင်းလိုက်ရင် ခဏပါ" ဟု ဦးရဲမြတ်သူ က သုံးသပ်ပြသည်။
လက်ရှိမြန်မာနိုင်ငံ
အနေအထားအရ CDMA 800 MHz မှာ အသုံးပြုမှု နည်းပါးနေသေးပြီး လိုင်းအင်အားတိုးချဲ့မှု အလုံအလောက် ပြုလုပ်ထား၍ လိုင်းမကျပ်နိုင်ကြောင်း၊ ယင်းအပြင် လိုင်းအရည်အသွေးတွင် GSM/3G လိုင်းများထက် ပိုမိုကောင်းမွန်နိုင်ပြီး ဆက်လက်၍လည်း ကွန်ရက်များ တိုးချဲ့ သွားရန်ရှိသဖြင့် လိုင်းကျပ်စရာ မရှိကြောင်း အိုင်တီပညာရှင်များက ပြောကြားသည်။
"800 MHz ကွန်ရက်တွေက တော်တော်များများ ပြင်ဆင်ပြီး ဖြစ်လို့ လိုင်းကျပ်စရာတော့ မရှိပါဘူး။ နောက်ပြီး MEC က လိုင်းတွေ ထပ်ချဲ့ဖို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သဘောတူထားတယ်။ တာဝါတိုင်တွေ အဆောက်အအုံတွေ အသုံးပြုခွင့်ပေါ့။ အဲ့တော့ ရောင်းနေရင်းနဲ့ ကွန်ရက်ကို ထပ်ချဲ့သွားမှာ ဆိုတော့ လိုင်းကျပ်စရာ မရှိပါဘူး" ဟု မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာက ရှင်းပြသည်။
Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကျပ်တည်းမှု မရှိစေရေးအတွက် လည်း ကြိုတင် စီမံ ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတကြီး ကလည်း မတ်လ ၂၉ရက်နေ့ က ပြောကြားထားသည်။
အဝင်ခေါ်ဆိုခ ပေးရမှာလား
ဧပြီလ ၂၄ရက်နေ့တွင် စတင်ရောင်းချမည့် မိုဘိုင်းဖုန်းများမှာ ပြည်သူလူ ထု မျှော်လင့် ထား သည့် နှုန်းထားထက် များစွာ ဈေးနှုန်းချိုသာနေသဖြင့် ဖုန်းခေါ်ဆိုခများ သီးခြားတိုးမြှင့် ကောက်ခံ မည်၊ အဝင်ခေါ်ဆိုခ ပေးရမည် စသဖြင့် ပြည်သူများအကြား ထင်ကြေးသတင်းများ ပျံ့နှံ့လျက် ရှိသည်။ယင်းနှင့် ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းခေါ် ဆိုခ နှုန်းထားများကို မူလအတိုင်း တစ်မိနစ် ကျပ် ၅၀နှုန်းဖြင့်သာ ကောက်ခံမည်ဖြစ်ပြီး အဝင်ခေါ် ဆို ခကို ကောက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
သို့သော် ကန့်သတ်ချက်အနေနှင့် ဖုန်းလက်လွှဲလက်ပြောင်း ရောင်းချမှု မရှိစေရန် ဖုန်းကတ်ဝယ်ပြီး ၁၅ရက်အတွင်း အနည်းဆုံး ငါးထောင်ကျပ်တန် ကြိုတင် ငွေဖြည့်ကတ်ထည့်၍ အသုံးပြုရ မည်ြ ဖစ်ပြီး ၁၅ရက်အတွင်း အသုံးမပြုပါက အလိုအလျောက် လိုင်းပိတ်သိမ်းမည် ဖြစ်ကြောင်း၊ တစ်လ လျှင် ၂၅၀၀ ကျပ်ဖိုး အသုံးပြုရမည်ဖြစ်ပြီး နှစ်လပြည့်ချိန်တွင် စတင်ဖြည့်ထားသည် ကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်မှ အသုံးမပြုဖြစ်ဘဲ ကျန်ငွေများ ရှိနေသေးပါက ဖြတ်တောက် သွား မည် ဖြစ်ကြောင်းသာ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားသည်။
အင်တာနက်ပါမှာလား
မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အများစုမှာ အင်တာနက်လျှောက်ထား အသုံးပြုလေ့ ရှိသဖြင့် ဖုန်းဝယ် ယူ ချိန်တွင် အင်တာနက်ပါ တစ်ပါတည်း ပါလာစေလိုကြရာ ယခု အသစ်ချထားပေးမည့် ၁၅၀၀ တန် မိုဘိုင်းလ် ဖုန်းများတွင် အင်တာနက်ပါလာမည်လား ဆိုသည့် မျှော်လင့်ချက်များ ရှိကြသည်။
"CDMA 800 MHz က အဓိက ဖုန်းပြောဖို့အတွက်ပဲ ရည်ရွယ်တယ်။ နယ်တွေမှာ လူတိုင်း အင်တာနက် သုံးမှာ မဟုတ်ဘူးလေ။ အင်တာနက် သုံးချင်လည်း သုံးလို့ရပါတယ်။ အဲတော့ သုံးချင်တဲ့သူအတွက်သီးသန့်လျှောက်ဖို့တော့လိုမယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ရှင်းပြသည်။လိုင်းဖွင့်ခနှုန်းထားကိုမူ ညွှန်ကြားချက် မလာသေး သဖြင့်ယခင်ကကဲ့သို့ကျပ်တစ်သောင်းသတ်မှတ်မည်၊မသတ်မှတ်မည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းက ဆိုသည်။
၁၀လုံးလား.. ၁၁လုံးလား
မြန်မာနိုင်ငံတွင် ချထားပေးသည့် ဖုန်းအမျိုးအစား များသကဲ့သို့ ဖုန်းအမျိုး အစားပေါ်မူတည်ပြီး ဂဏန်းအရေအတွက် မှာလည်း ၀၉ အပါအဝင် ၉လုံး၊ ၁၀လုံး၊ ၁၁လုံးဟူ၍ရှိရာ ယခုချထားပေးမည့် ဖုန်း များမှာ ဂဏန်းအရေအတွက် မည်မျှဖြစ်မည် ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်လာသည်။
မကွေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ၏ ပြောကြားချက် အရမူ ယခုချထားပေးမည့် CDMA 800 MHz ဖုန်းများမှာ ယခင် ကျပ်ငါးသိန်း ဖုန်းများကဲ့သို့ ၀၉၇၃ နှင့်စပြီး ၁၀ လုံး ဖြစ်မည်ဖြစ်ပြီး 3g WCDMA မှာလည်း ယခင် ကျပ်နှစ်သိန်းငါးသောင်း ဖုန်းများကဲ့သို့ ၀၉ အပါအဝင် ၁၁လုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသည်။
"ဂဏန်းထပ်တိုးဖို့ မရှိပါဘူး။ တိုးစရာလည်း မလိုပါဘူး" ဟု၎င်းကပြောဆိုသည်။
သိန်းလား.. သန်းလား
ဖုန်းလိုင်းချထားပေးမှုနှင့် ပတ်သက်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် လိုင်းရှစ်သန်း၊ ၂၀၁၄-၂၀၁၅တွင် လိုင်း ၁၈ သန်း စုစုပေါင်း ၂၆ သန်း တိုးချဲ့တပ်ဆင် ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆ အားဖြင့် ၂၀၁၂- ၂၀၁၃ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၁၃-၂၀၁၄ တွင် ၂၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ တွင်၅၀ ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ် ၂၉ ရက်နေ့ ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်း ချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ယင်းလျာထားချက်မှာအနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီးယင်းရည်မှန်းချက်ဖြစ်မြောက်အောင်အကောင် အ ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကြီးက ဆိုသည်။တစ်လလျှင် Sim Card ၃၅၀,၀၀၀ နှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ပြီး ရောင်းချပေးရာတွင် တိုင်းဒေသ ကြီး နှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သမ္မတကြီးက ယင်း အစည်း အဝေးတွင် ပြောကြားထားသည်။
ယခုချထားပေးမည့်အစီအစဉ်မှာCDMAကိုတစ်လလိုင်းကတ်၃၅၀,၀၀၀ချပေးမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီးများကို အချိုးကျဖြန့်ချိမည် မဟုတ်ဘဲ လူဦးရေ အချိုးစားလိုက် လူနေ ထူ ထပ်သော ဒေသများကို အရေအတွက် ပိုမိုချထားပေးမည် ဖြစ်ကြောင်း ဦးဌေးဝင်း က ရှင်းပြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ်ပေးထား သည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွား ရန် ဖြစ် ပါကြောင်း၊ Sim Card များ ကို လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလ မရရှိပါ က နောက်လတွင် ရရှိမည်ဖြစ်ကြောင်း သမ္မတကြီးက ပြောကြားထားသည်။
Handset တွေ ဈေးတက်မှာလား
မူလက GSM သာချပေးမည် ဆိုသည့် သတင်းကြောင့် မိုဘိုင်းလ်ဖုန်းဆိုင် အချို့ မှာ GSM များသာ ဝယ်ယူထားသဖြင့် မူလကတည်းက ဈေးကွက်အတွင်း များများ စားစား မတွေ့ရသည့် CDMA 800 MHz Handset များမှာ ဈေးနှုန်းမြင့်တက်ဖွယ် ရှိကြောင်း အများစုက ထင်ကြေးပေး ပြော ကြားကြသည်။"ကတ်အရေအတွက် ဘယ်လောက် ပေးမယ်ဆိုတာ အဓိကကျပါတယ်။ CDMA 800 MHz က Handset မှာ GSM လောက် တော့ မော်ဒယ်မများဘူး။ ဒါပေမဲ့ ပစ္စည်းပြတ်မယ်တော့ မထင်ပါဘူး။ အလုံအလောက် Supply လုပ်နိုင်မှာပါ။ ဆင်းကတ် အလုံ အလောက် မရမှာဘဲ စိုးရိမ်ပါတယ်။ Handset ဈေးတွေကတော့ အနည်းဆုံး Huawei ကျပ်လေးသောင်းဝန်းကျင် ကနေ အများဆုံး HTC ကျပ်နှစ်သိန်းကျော် အထိ ရှိပါတယ်" ဟု လူကြီးမင်းဖုန်း ဆိုင်မှ အထွေထွေ မန်နေဂျာ ဒေါ်ဇာခြည် က ဆိုသည်။ယင်းသို့ပင် မန္တလေး မိုဘိုင်းလ်မားသား ဖုန်းဆိုင်မှ ဦးအောင်မြတ်ကိုကို ကလည်း မထင်ထားသည့် CDMA 800 MHz ကို အရင်ချပေးသဖြင့် Handset ဈေးကွက် နည်းနည်း ပြောင်းသွားနိုင်ကြောင်း၊ သို့သော် ဈေးတက်မည် မထင်ကြောင်း ရှင်းပြသည်။"ခုကတော့ Handset ဈေးကွက်ကြီး ဖြစ်သွားပြီပေါ့။ အဲဒီမှာ ဒီလုပ်ငန်းကို တစ်ကယ် လုပ်တဲ့သူနဲ့ ငါးပွက်ရာ ငါးစာချတဲ့ စီးပွားရေးသမားတွေ ထိပ်တိုက်တွေ့မယ် ထင်ပါတယ်။ သုံးတဲ့သူ များလာတဲ့အတွက် Complaint တော့ များလာမှာပေါ့" ဟု ၄င်းက သုံးသပ်သည်။
ကနဦး အခြေအနေတွင် GSM ဖုန်းများ ထွက်ပေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ Handset အရောင်းဆိုင်များတွင် GSM Handset များကိုသာ ဝယ်ယူထားကြ ပြီး CDMA Handset က ဈေးကွက်အတွင်း အနည်းငယ်သာ ရှိသဖြင့် ရက်ပိုင်းအတွင်း CDMA Handset ဈေးကွက် လှုပ်ခတ်သွားနိုင်ကြောင်း စမ်းချောင်းမြို့နယ်ရှိ Win Mobile ဖုန်းဆိုင်မှ ဦးစိုးနောင်ဝင်း က ပြောကြားသည်။"တစ်ရက်နှစ်ရက်တော့အရမ်းလှုပ်သွားမယ်။ အချိန်ရသေးတဲ့ အတွက် ဈေးပြန် ကျမှာပါ" ဟု ၄င်းက ဆိုသည်။ဖုန်းကတ်များ ရောင်းမည့်အချိန်နှင့် ရက်ပေါင်း ၂၀ ခန့်ကြိုတင် အသိပေးထားခြင်း ဖြစ်သဖြင့် Handset တင်သွင်းချိန် အလုံအလောက် ရရှိထားသြ ဖင့် ဈေးနှုန်း မြင့်တက်နိုင်ဖွယ် နည်းပါးကြောင်း လူကြီးမင်း ဖုန်းအရောင်းဆိုင်မှ အထွေထွေမန်နေ ဂျာ ဒေါ်ဇာခြည်မှ သုံးသပ်သည်။
CDMA Handset ဈေးနှုန်းများမှာ လက်ရှိပေါက်ဈေးအရ အနိမ့်ဆုံး ကျပ် လေးသောင်းမှ အမြင့်ဆုံးနှစ်သိန်း ဝန်းကျင်တွင် ရှိနေပြီး Handset များကို တရုတ် ပြည်သူ့သမ္မတနိုင်ငံက အများဆုံး တင်သွင်း ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
GSM အမျိုးအစား WCDMA 3G လိုင်းကတ်များရောင်းချသော နယ်ဒေသ များတွင် GSM Handset များ ဈေးကွက်ရနိုင်မည် ဖြစ်ကြောင်း ဦးစိုးနောင်ဝင်းက ဆိုသည်။
"GSM မကြာမီမှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် GSM Handset လှောင်ထားတဲ့ သူတွေက ကိုင်ထားလက်စနဲ့ ဆက်ကိုင်ထားလိမ့်မယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။
သို့သော် CDMA အတွက် Handset အမြင့်များ ပြည်တွင်းဈေးကွက်တွင် နည်းပါးသဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တင်သွင်းထားသည့် Handset များသာ ဝယ်ယူအသုံးပြုရမည် ဖြစ်ပြီး အင်တာနက် လိုင်းတွင် GSM/3G တို့ထက် နှေးကွေးမည် ဖြစ်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။

v
(မောင်မိုးညို၊ နော်ကိုကို)
(မောင်မိုးညို၊ နော်ကိုကို)
No comments:
Post a Comment