ယောက်တည်းတူတူတက်ရဖို့
အခြေ အနေကြုံလာခဲ့မယ်ဆိုရင်...လေ့
လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများ ရဲ့ အဆိုအရ ဓါတ်လှေကားထဲကို
ဝင် လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို
အ ကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ် သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ
အကုန်နှိပ်ထား လိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ
သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ် ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ် ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူ အညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံ ပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်း ဆက် လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...
ကျွမ်းကျင်သူများရဲ့အဆိုအရဆိုင်တစ်ဆိုင်ဒါမှမဟုတ်အိမ်တစ်အိမ်ထဲကိုဝင်လိုက်ပါ...သင်ကြုံတွေ့ေ န ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...
-------------===-------------
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

From:
ကြယ်မင်းတာယာ
No comments:
Post a Comment