“အခွင့်ထူးခံလူတန်းစား” တဲ့လား (The Vioce မှ ဆရာ ၀န် များအားပုတ်ခတ်ထားသောကြောင့် ပြန် လည်ဖြေ ရှင်းထား ချင်းဖြစ်ပါသည်)ဟောသည်ကကျွန်တော့်မော်တော် ဆိုင် ကယ် အဟောင်းလေး ရဲ့ နဖူးစီးမှာ ကပ်ထားတဲ့ တိပ်အ စိမ်းကြားတြိဂံ ပုံလေးက
“သည်လအတွက် ဆိုင်ကယ် အပ် ခ ပေးပြီး” လို့ အမှတ်အ သားလုပ် ထားတာပါ။ ကျွန်တော်
တာဝန်ကျနေတဲ့ မန္တလေးဆေးရုံကြီး၊ ဖျားနာကုသဆောင် (၁)ထိပ်က
ဆိုင်ကယ် အပ်ရာနေရာမှာ ကျွန်တော် ဆိုင်ကယ် အပ်ခလပေးနဲ့ ပေးရပါတယ်။ကိုယ်အလုပ်လုပ်တဲ့ဌာန၊
နေရာကိုအလုပ်တာဝန်ထမ်းဆောင်ဖို့ ဆိုင်ကယ်အပ် ခ
ပေး ပြီးမှလာရတဲ့“အရာရှိ” ဆိုတာ မြန်မာပြည် မှာ ဆရာဝန်တွေ အပြင်
သိပ်ရှိမယ်မထင်ပါဘူး။
ဒီဆေးရုံကြီးထဲမှာပဲ ဖျားနာဆောင် (၃) ကို သွားရမယ့် ကိစ္စရှိလို့ အဲဒီရှေ့က ဆိုင်ကယ်စတန်းမှာ သွားရပ်လိုက်ရင် တစ်ခါအပ် (၂ဝဝ) ပေးရပါတယ်။ ကုတင် ၃ဝဝ ဆေးရုံကြီး က ဆေးကျောင်း သားတွေကို စာသွားသင်ပေးရတဲ့နေ့ဆို အဲဒီဆေးရုံမှာ ဆိုင်ကယ်အပ်ခ (၃ဝဝ)။ ဗဟိုအမျိုးသ မီးဆေး ရုံကြီး သားဖွားခန်းထဲက လူနာ အမောဖောက်နေလို့ လာကြည့်ပေးပါဦးခေါ်လို့ ညကြီးသန်းခေါင် သွားကြည့်ပေးရရင် အဲဒီဆေးရုံရဲ့ ဆိုင်ကယ်စတန်းမှာ တစ်ခါရပ် (၃ဝဝ)၊ တစ်ညသုံးခါသွားကြည့်ရရင် (၉ဝဝ) ပေါ့။
ပြီးခဲ့တဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်၊ မဟာသင်္ကြန်ပွဲတော်ကြီး တစ်နိုင်ငံလုံး ပျော်မြူးနေချိန်မှာ သင်္ကြန်အကျနေ့ မနက် (၈) နာရီ ကျွန်တော် ဂျူတီစဝင်ရတာ အကြတ်နေ့ ည (၇) နာရီကျော်မှ ပြီးပါတယ်။ အသည်းအသန် လူနာတွေ များလွန်းလို့ အကျနေ့ ညစာငတ်ပါတယ်။ မနက်လေးနာရီမှ အိပ်ပြီး မနက် ခြောက်နာရီ ပြန်ထ၊ လူနာကြည့် ရောင်းလှည့်ရတယ်။
ဒါတွေအားလုံး လခ တစ်သိန်းခွဲနဲ့ လုပ်ရတာပါ။
ကျွန်တော်တို့ ပါမောက္ခ/ဌာနမှူးရဲ့ “နိုင်ငံ့ဝန်ထမ်းလုပ်နေတဲ့ ဆရာဝန်တွေဟာ တိုင်းပြည်အတွက် အနည်းနဲ့အများ အနစ်နာခံပြီး လုပ်ပေးနေကြတဲ့သူတွေပဲ။” ဆိုတဲ့စကား ဟာ သွေးထွက်အောင် မှန်ပါတယ်။ အိမ်ငှားခတောင် မရှိတဲ့လခလေးနဲ့ ထားရာနေ စေရာသွား၊ လင်တကွဲ မယားတကွဲ၊ အမိတကွဲသားတကွဲတာဝန်ထမ်းဆောင်ရခြင်းဆိုတာ ဆရာဝန်တွေအတွက် ထမင်းစားရေသောက် ဆိုတာ လို မဆန်းတဲ့ ကိစ္စတောင် ဖြစ်နေပါပြီ။
“ဧပြီ ၂၉” ထုတ် The Voice ဂျာနယ်ထဲမှာ “ငွေကို ရေလို၊ လေလို ရနေသော အခွင့်ထူးခံ ဆရာ ဝန်ကြီး လူတန်း စား ပပျောက်ရေး” ဆိုပြီး မျက်နှာပြည့်ဆောင်းပါးထည့်ထားတာ တွေ့ လိုက် ရတော့ (မရင့်ကျက်သေးဘူးပဲဆိုဆို၊ ဥပေက္ခာတရား မထားနိုင်သေးဘူးပဲပြောပြော) ကျွဲမြီးတိုမိ တာတော့ အမှန်ပါပဲ။ ဒီလောက်တောင် ဆရာဝန်လူတန်းစားကိုပဲ ဒီတိုင်းပြည်မှာ လက်ညှိုးထိုး ချင်နေကြရင်လည်းတစ်တိုင်းပြည်လုံးက ကျွန်တော်တို့ ဆရာဝန်တွေအားလုံး တပြိုင်နက်ထဲ
အလုပ် ထွက်လိုက်ကြရင်မကောင်းဘူးလား။မကျေနပ်ရင်(သူ့ဆောင်းပါးထဲကလို)အချိန်တစ်နာရီပေးပြီး ဒေါ် လာတစ်သောင်းတောင်းတဲ့ နိုင်ငံခြားက ဆရာဝန်တွေနဲ့
သွားကုကြ။ ဆွေ မျိုး တစ်စု ကောင်း စားရေးအတွက် တိုင်းပြည်ဆင်းရဲတွင်းနက်၊
တွင်းဆုံးကျအောင် လုပ်ခဲ့၊ လုပ်နေကြ တဲ့ အခွင့် ထူးခံ လူတန်းစား
အစစ်တွေကိုကျတော့ ဘာမှ မပြောရဲကြပါလား။ အံ့ဖွယ့် တို့တိုင်းပြည်။ သြချစရာ့
တို့လူမျိုး။ ။
From:
Aung Khineဒီဆေးရုံကြီးထဲမှာပဲ ဖျားနာဆောင် (၃) ကို သွားရမယ့် ကိစ္စရှိလို့ အဲဒီရှေ့က ဆိုင်ကယ်စတန်းမှာ သွားရပ်လိုက်ရင် တစ်ခါအပ် (၂ဝဝ) ပေးရပါတယ်။ ကုတင် ၃ဝဝ ဆေးရုံကြီး က ဆေးကျောင်း သားတွေကို စာသွားသင်ပေးရတဲ့နေ့ဆို အဲဒီဆေးရုံမှာ ဆိုင်ကယ်အပ်ခ (၃ဝဝ)။ ဗဟိုအမျိုးသ မီးဆေး ရုံကြီး သားဖွားခန်းထဲက လူနာ အမောဖောက်နေလို့ လာကြည့်ပေးပါဦးခေါ်လို့ ညကြီးသန်းခေါင် သွားကြည့်ပေးရရင် အဲဒီဆေးရုံရဲ့ ဆိုင်ကယ်စတန်းမှာ တစ်ခါရပ် (၃ဝဝ)၊ တစ်ညသုံးခါသွားကြည့်ရရင် (၉ဝဝ) ပေါ့။
ပြီးခဲ့တဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်၊ မဟာသင်္ကြန်ပွဲတော်ကြီး တစ်နိုင်ငံလုံး ပျော်မြူးနေချိန်မှာ သင်္ကြန်အကျနေ့ မနက် (၈) နာရီ ကျွန်တော် ဂျူတီစဝင်ရတာ အကြတ်နေ့ ည (၇) နာရီကျော်မှ ပြီးပါတယ်။ အသည်းအသန် လူနာတွေ များလွန်းလို့ အကျနေ့ ညစာငတ်ပါတယ်။ မနက်လေးနာရီမှ အိပ်ပြီး မနက် ခြောက်နာရီ ပြန်ထ၊ လူနာကြည့် ရောင်းလှည့်ရတယ်။
ဒါတွေအားလုံး လခ တစ်သိန်းခွဲနဲ့ လုပ်ရတာပါ။
ကျွန်တော်တို့ ပါမောက္ခ/ဌာနမှူးရဲ့ “နိုင်ငံ့ဝန်ထမ်းလုပ်နေတဲ့ ဆရာဝန်တွေဟာ တိုင်းပြည်အတွက် အနည်းနဲ့အများ အနစ်နာခံပြီး လုပ်ပေးနေကြတဲ့သူတွေပဲ။” ဆိုတဲ့စကား ဟာ သွေးထွက်အောင် မှန်ပါတယ်။ အိမ်ငှားခတောင် မရှိတဲ့လခလေးနဲ့ ထားရာနေ စေရာသွား၊ လင်တကွဲ မယားတကွဲ၊ အမိတကွဲသားတကွဲတာဝန်ထမ်းဆောင်ရခြင်းဆိုတာ ဆရာဝန်တွေအတွက် ထမင်းစားရေသောက် ဆိုတာ လို မဆန်းတဲ့ ကိစ္စတောင် ဖြစ်နေပါပြီ။
“ဧပြီ ၂၉” ထုတ် The Voice ဂျာနယ်ထဲမှာ “ငွေကို ရေလို၊ လေလို ရနေသော အခွင့်ထူးခံ ဆရာ ဝန်ကြီး လူတန်း စား ပပျောက်ရေး” ဆိုပြီး မျက်နှာပြည့်ဆောင်းပါးထည့်ထ
www.mmdailystar.com
No comments:
Post a Comment