ကချင်ပြည်နယ်ကျေးရွာအချို့သို့KIA တပ်မဟာ(၃)လက်အောက် ခံတပ်ရင်းများမှဝင်ရောက်ဖမ်းဆီးထားသူ လူပေါင်း (၁၀၀)ကျော် အနက်က ရှမ်းလူမျိုး(၃၀)ကို တစ်ယောက်ကို တရုတ်ယွမ်ငွေ
(၃၀၀၀) ကျပ်ဖြင့် လာရောက်ရွေးယူကြဖို့ သူတို့မိဘဆွေ မျိုးတွေ ထံ အကြောင်းကြားထားပါကြောင်း သိရှိရပါ သည်။
ရှမ်းလူမျိုးများကို KIA တပ်မှာ စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်သော်လည်း၊
ရှမ်းလူမျိုးများ အပေါ်မှာ ယုံကြည်စိတ်ချမှုမရှိသည့်အတွက် စစ်မှုမထမ်းခိုင်းဘဲ ငွေကြေးဖြင့်ရွေး ယူ ရန် အကြောင်းကြား ခဲ့ခြင်း
ဖြစ်ကြောင်းသိရှိရပါသည်။
KIAများအနေနဲ့
တပ်အင်အားများ တိုးချဲ့ဖို့လူသစ်များစုဆောင်းနေသလို
စုဆောင်းထားသူများ ကိုလဲတစ်ချို့ကိုတပ်သားသစ်သင်တန်းများပို့ချပေးနေပြီးတပ်ဖွဲ့ဝင်မဖြစ်နိုင်သူများကိုတော့ငွေကြေး နဲ့ လဲလှယ် ဖို့ လုပ်ဆောင်လျက်
ရှိကြောင်း၊ ဒေသခံ လူထုတွေ အနေနဲ့ KIA တပ်များ အင်အား ကြီးမား လာမှာကို
စိုးရိမ် နေသလို ကချင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခတ် မှုတွေ
ပြန် လည်ဖြစ်ပေါ်လာမှာကိုလဲ
စိုးရိမ်သောကရောက်နေ ကြသည်ဟု ဦးလဖိုင်ဆောင်မှပြောပြခဲ့ ပါသည်။
From...ကချင်နေ့စဉ်သတင်း
No comments:
Post a Comment