Thursday, April 4, 2013

ရန်ကုန်သင်္ကြန်မဏ္ဍပ် ၃၀ ကျော်ဆောက်လုပ်ခွင့်ပြုမည်

  ယခုနှစ်သင်္ကြန်တွင်မဏ္ဍပ် များကို အာမခံ စပေါ်ငွေများသတ် မှတ်ရာတွင် မဏ္ဍပ် အကြီး ကျပ်သိန်း (၅၀) အလတ်နှင့် အသေး မဏ္ဍပ် များကို ကျပ်သိန်း (၃၀) ပေးသွင်း  ထားရမည်ဖြစ်ကြောင်းမဏ္ဍပ် ဆောက်လုပ် ခွင့်ပြုကော်မတီမှ သိရသည်။
မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုသော   နေရာများ
မှာ ကန်တော်ကြီး ပတ်လမ်းတွင် (၁၅) မှ ပြည်လမ်း  တွင် ၄ ခု၊ ကမ္ဘာအေးဘုရား လမ်း  တွင် ၉ ခုနှင့် သုဝဏ္ဏကွင်းအနီး တွင် တစ်ခု၊ ဆရာစံပန်းခြံရှေ့တွင်   တစ်ခု၊ ဘုရင့်နောင် လမ်း တွင် ၅ ခုနှင့် ကမ်းနားလမ်းတွင် ၂ ခု၊ စုစုပေါင်းမဏ္ဍပ် ၃၀ ကျော်ရှိကြောင်း သိရသည်။
ဒီနှစ်မှာကတော်တော်ဂရုစိုက်  ရမယ်။ ယာဉ်ကြောကြပ်တည်း တာတွေကလည်းဖြစ်နေတော့ မဏ္ဍပ်အနီးဝန်းကျင်မှာ သက်ဆိုင်  ရာတွေက ရှင်းလင်းဖို့လုံခြုံရေး တွေကလည်း တိုးမြှင့်ချထားဖို့ စီစဉ်ထားတယ်။ မဏ္ဍပ်ဆောက် လုပ်ခွင့်ပြုဆပ်ကော်မတီမှတာဝန် ရှိသူတစ်ဦးကပြောသည်။
သင်္ကြန်မဏ္ဍပ်အနီးတွင် ပတ်ဝန်းကျင်တွင် မူးယစ်ဆေးနှင့်  အရက်ဘီယာများရောင်းချခြင်းမရှိ စေ ရန်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

No comments:

Post a Comment