သမ္မတဦးသိန်းစိန်ရဲ့ဧပြီလ၂၀ရက်ယမန်နေ့ကကျရောက်တဲ့၆၈ နှစ်မြောက် မွေးနေ့မှာဆုမွန်းကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက် စာမျက်နှာ မှာ ကျေးဇူးတင်ကြောင်း တုံ့ပြန်ထား ပါ တယ်။
"၂၀-၄၂၀၁၃ရက်နေ့တွင်ကျရောက်သော၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင် ရှိ ပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်း မာခြင်း တို့နဲ့ ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ "
အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်း ဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်း မှုလို့လည်း သုံးသပ် သူတွေ က ဆိုပါ တယ်။
အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို ကျေးဇူးတင်စကား တုံ့ပြန် တာ ကို တရားဝင် အသိပေးတာကလည်း ပထမဆုံး ဖြစ်နေတာပါ။
သမ္မတ တာဝန်ယူလာပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ လူချစ်လူခင်ပေါများလာခဲ့တာပါ။
အိမ့်သံစဉ် ~ဧရာဝတီ
No comments:
Post a Comment