ဆန္ဒပြသူအများစုကို လိုက်လံကြည့်မိတော့လည်း အဆိုပါ အင်္ကျီမျိုး ၀တ်ဆင်ထားခြင်းမရှိတာ တွေ့ ရပါတယ်.... ဒါဆိုရင်ဖြင့် မော်ကျော်နုရဲ့ မီးရှို့ရန်မှာ ရည်ရွယ်ချက်မရှိဆိုတာ ဗျောင်လိမ်နေမှန်း သိသာပါတယ်..... ပြဿနာတက်လာတော့မှ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် ယင်းဆန္ဒပြပွဲ ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့သည့် Burmese Rohingya Association in Thailand (BRAT) ဥက္ကဋ္ဌ မောင်ကျော်နု ဆိုတဲ့ သတင်းက ထွက်ထားပီးသား ဖြစ်သလို၊ ပုံပါအတိုင်း အင်္ကျီမီးရှို့ ရန် ပြင်နေသူများနောက်မှာ မိုက်ခရိုဖုန်းကို ဟန်ပါပါနဲ့ ကိုင်နေတဲ့သူဟာ ဟန့်တားနေတဲ့ပုံစံ လုံးဝ မမြင်ရပါဘူး...... ပင်ကိုယ်ကပင် အလေးမထားတဲ့အတွက် ဂရုမစိုက်တာကို ဖော်ညွှန်းနေ ပါတယ်.....
ဆန္ဒပြတဲ့နေ့ဟာ ဧပြီလ ၉ ရက်နေ့ဖြစ်ပေမယ့် ဗိုလ်ချုပ်ပုံပါသွားလို့ ဖြေရှင်းချက်ထုတ်တာ ချက်ခြင်း ထုတ်ရင် ရရဲ့သားနဲ့ ၁၀ ရက်နေ့မှ ထုတ်တယ်လို့ သိရပါတယ်..... သို့သော် ၁၀ ရက်နေ့မှ ထုတ်တယ်ဆိုသောသတင်းကို ဧရာဝတီ သတင်းဌာနမှာ တက်လာတာဟာ ဧပြီလ ၁၁ ရက်နေ့ ၆ နာရီခွဲကျော်မှ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်...... ဗိုလ်ချုပ်ပုံကို အလေးထား တဲ့ မြန် မာပြည်သူတွေကို အကဲစမ်းတဲ့အနေနဲ့ တမင်လုပ်ပီးမှ ဘုန်းကြီးခေါင်းခေါက်ပီး ကန်တော့ ဆိုသလို လုပ်တဲ့လုပ်ရပ်ကို အတိုင်းသားမြင်အောင် ကြည့်နိုင်ပါတယ်..... FROM-JAMES MINT
No comments:
Post a Comment