Monday, December 9, 2013

အ​င်္ဂ ​လန်​နိုင်​ငံ ​လေ​ကြောင်း​ထိန်း​ချုပ်​ရေး​ဌာ​န​က ​ကွန်​ပြူ​တာ​စ​နစ် ​ချွတ်​ယွင်း​မှု​ကြောင့် ​လေ​ယာ​ဉ်​ခ​ရီး​စ​ဉ်​များ ​ဆိုင်း​ငံ့

England

အ​င်္ဂ​လန်​တောင်​ပိုင်း ​အ​ခြေ​စိုက်​တဲ့ ​လေ​ကြောင်း ​အ​ချက်​ပြ ​ထိန်း​ချုပ်​ရေး​ဌာ​န​မှာ ​နည်း​ပ​ညာ ​ချွတ်​ယွင်း​သွား​တဲ့​အ​တွက် ​အ​င်္ဂ​လန်​ပြည်​တ၀ှမ်း​က ​လေ​ယာ​ဉ်​ကွင်း​တွေ​မှာ ​ခ​ရီး​သည် ​ထောင်​ပေါင်း​များ​စွာ​ဟာ ​ဒီ​ဇင်​ဘာ ၇ ​ရက်​နေ့​က ​သောင်​တင်​ခဲ့​ကြ​ပါ​တယ်။
ဟမ်း​ရှဲ ​အုပ်​ချုပ်​ရေး​နယ်​မြေ​မှာ​ရှိ​တဲ့ ​လေ​ကြောင်း​ထိန်း​ချုပ်​ရေး​ဌာ​န​က ​ကွန်​ပြူ​တာ​စ​နစ် ​ချွတ်​ယွင်း​နေ​တဲ့​အ​ကြောင်း ​အ​မျိုး​သား​လေ​ကြောင်း​လိုင်း ​အ​ချက်​ပြ​ဌာ​န (​အန်​အေ​တီ​အက်စ်)​ကို ​အ​စီ​ရင်​ခံ​တဲ့​နောက်​မှာ ​လေ​ကြောင်း​ခ​ရီး​စ​ဉ်​တွေ​ကို ​ဆိုင်း​ငံ့​ခဲ့​တာ ​ဖြစ်​ပါ​တယ်။
ဗြိ​တိန်​ရဲ့ ​အ​ကြီး​ဆုံး​လေ​ဆိပ်​ဖြစ်​တဲ့ ​လန်​ဒန်​မြို့​က ​ဟီ​သ​ရိုး​လေ​ဆိပ်​မှာ ​ခ​ရီး​စ​ဉ် ၆၀ ​ကို ​ဖျက်​သိမ်း​ခဲ့​ရ​သ​လို ​မန်​ချက်​စ​တာ၊ ​ဘာ​မင်​ဂမ်၊ ​လန်​ဒန်​နဲ့ ​န​ယူး​ကာ​ဆယ်​စ​တဲ့ ​မြို့​ကြီး​တွေ​က ​လေ​ကြောင်း​ခ​ရီး​စ​ဉ်​တွေ​လည်း ​ဖျက်​သိမ်း​ခဲ့​ရ​ပါ​တယ်။
ဘယ်​အ​ချိန်​မှာ ​ထိန်း​ချုပ်​ရေး​စ​နစ် ​ပြန်​ကောင်း​လာ​မ​လဲ​ဆို​တာ​ကို ​လေ​ကြောင်း ​အ​ချက်​ပြ ​ဌာ​န​က ​ခန့်​မှန်း​ထုတ်​ပြန်​ခဲ့​တာ ​မ​ရှိ​ပါ​ဘူး​။

No comments:

Post a Comment