Tuesday, December 10, 2013

တီမောအသင်းကိုအနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်နေရာမှာ ဆက်လက်ရပ်တည်ခဲ့တဲ့ မြန်မာ ( မြန်မာ ၃-၁ တီမော)

တီမောအသင်းကိုအနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်နေ
ရာမှာ ဆက်လက်ရပ်တည်ခဲ့တဲ့ မြန်မာ 
( မြန်မာ ၃-၁ တီမော)
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စု (ခ)ပွဲစဉ်အဖြစ် မြန်မာအသင်းနဲ့ အရှေ့ တီမော အသင်းတို့သည် ဒေသစံတော်ချိန် ၆း၄၅ မှာရန်ကုန် သုဝဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ နှစ်သင်းစလုံး
အတွက် အရေးကြီး သည့်ပွဲစဉ်ဖြစ်တာ နဲ့အညီ တစ်သင်းနဲ့တစ်သင်းအပြိုင်အဆိုင် တိုက်စစ်ဆင် ကစားခဲ့ကြတာကိုစိတ်လှုပ်ရှား ဖွယ်မြင်တွေ့ ခဲ့ရ ပါတယ်။ မြန်မာအသင်းသည် ပွဲစသည်နှင့် ဂိုးရရှိရေး ထိုးဖောက်တိုက်စစ်ဆင်မှုတွေရှိခဲ့ပါတယ်။ ပွဲကစားချိန် (၁၀)မိနစ်အတွင်းမှာ ကြည်လင်း နှင့် နေလင်းထွန်းတို့ ဦးဆောင်ဂိုးရရှိရေး အခွင့် အရေး ရရှိခဲ့သော်လည်း ကန်ချက်မကောင်းခဲ့၍ ဂိုးအဖြစ်ဖန်တီးနိုင်ခဲ့ခြင်းမရှိမှုကြောင့် အိမ်ရှင် အသင်းအတွက် နစ်နာရပါတယ်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကိုတော့ အသင်းခေါင်းဆောင်  ကျော်ဇေယျာဝင်းမှ ပွဲကစားချိန် (၁၃) မိနစ်ခန့်လောက်မှာ တီမောဂိုးရှေ့ တွင်ရရှိခဲ့သည့် ပြစ်ဒဏ်ဘောမှတဆင့်တိုက်ရိုက်ကန်သွင်းပြီးဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။  မြန်မာ
အသင်းသည် ဦးဆောင်ဂိုးရပြီးနောက် အခွင့်အရေးအများအပြားရခဲ့ပြီး တိုက်စစ်မှုးများ၏ ဂိုးပေါက်ပျောက်မှု၊ တကိုယ်ကောင်းဆန်နေမှုတွေကြောင့် အနိုင်ဂိုးတွေမရခဲ့ခြင်းမျိုးကို တွေ့ရ ပါတယ်။ ကွင်းလယ်ပိုင်းထူးခြားမှုမရှိဘဲဒေးဗစ်ထန်း၏ လှုပ်ရှား ကစားမှုအပိုင်းသိပ်မပေါ်လွင်နိုင်ခဲ့ ပါဘူး၊ အရှေ့ တီမောအသင်းကတော့ မြန်မာအသင်းကို အမြင့်ကန်တင်ဘောအသားပေး ကစား သွားခဲ့ပြီး၊ ဂိုးရှေ့ ဖြတ်တင်ဘောများဖြင့် ခြိမ်းခြောက်ကစားခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲချိန် (၃၆) မိနစ်မှာ ညာတောင်ပံမှ ဖြတ်တင်မှုကို ပိတ်သွင်းနိုင်ခဲ့ပါတယ်။ ထိုပိတ်သွင်းမှုကို ဂိုးသမားပြည့်ဖြိုးအောင် ပုတ် ထုတ် ကာကွယ်နိုင်ခဲ့သော်လည်း ကျလာတဲ့ဘောလုံး ကို မြန် မာနောက်ခံလူ ထပ်မံရှင်းထုတ်နိုင်ခြင်း မရှိတာကြောင့်၊ တီမောရှေ့တန်းမှ အသာအယာသွင်းယူ ခဲ့ပြီး ချေပဂိုးရ ယူသွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ပထမပိုင်း မြန်မာအသင်းကစားကွက် သေချာထိထိမိမိမရှိတာ ကိုတွေ့မြင်ရပြီး၊ အထူး သဖြင့် ရှေ့တန်းတိုက်စစ်မှုးများ၏ အဆုံးသတ်ပိုင်းအားနည်းမှုက တီမောအသင်းကို ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီးနဲ့ သရေရလဒ်ဖြစ်စေခဲ့တယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။
ဒုတိယပိုင်းပြန်အစတွင် မြန်မာကွင်းလယ် နှင့် တိုက်စစ်မှုးများ တစ်ဦးနဲ့တစ်ဦး နားလည်မှုအားနည်း မှုကြောင့် အပေးအယူလွဲချော်မှုများကိုတွေ့ရပါတယ်။ တီမောအသင်းကလည်း အပြန်အလှန်တိုက် စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး ပွဲကစားချိန် (၅၃) မိနစ်မှာ ကြည်လင်းကြောင့် တီမောအသင်းမြန်မာ အသင်းဂိုးရှေ့ မှာ ဖရီးကစ် ကန်ခွင့်ရပါတယ်။ ထိုဖရီးကစ်ကို တီမောအသင်းမှ တီအာဂိုက အကောင်း ဆုံးကန်သွင်းယူခဲ့သော်လည်း မြန်မာဂိုးသမား ပြည့်ဖြိုးအောင်က အကောင်းဆုံး လက် စွမ်းပြ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာလည်း ပြည့်ဖြိုးအောင်တစ်ယောက် အရှေ့ တီမော အသင်း ၏ ဖြတ်တင်ဘောများကို အကောင်းဆုံး ပုတ်ထုတ်ကာကွယ်နေရတာကို မြင်တွေ့ရပါတယ်။ နည်းပြကြီး ပတ်ဆောင်ဟွာက ဒုတိယပိုင်း အားမပါလှတဲ့ ကစားကွက်ကို လူစားလှဲမှုတစ် ရပ်ပြု လုပ်ပြီး ပြောင်းလဲကစားစေခဲ့ပါတယ်။ ဒေးဗစ်ထန်းနေရာမှာ သိန်းသန်းဝင်းကို အစားထိုးကစားစေ ခဲ့ပြီး အနိုင်ရရှိရေး ကြိုးစားကစားလာပါတယ်။ မြန်မာအသင်း၏ အနိုင်ဂိုးကိုတော့ ပွဲချိန် (၆၈)မိနစ် မှာ ကြည်လင်းကြောင့်ရခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ကနေ ကျော်ကိုကို အမှားအယွင်းမရှိ ကန်သွင်း ယူနိုင်ခဲ့ပါတယ်။ ထို့နောက်မှာလည်း ကစားကွက်ပိုမိုကောင်းလာခဲ့ပြီး၊ ထပ်မံလူစားလှဲမှု တရပ် အဖြစ် ကျော်ဇေယျာဝင်းနေရာမှာ ရန်အောင်ဝင်းကို ထည့်သွင်းခဲ့၊ ကျော်ကိုကို ကိုအသင်းခေါင်း လက်ပ တ်လွဲပေးခဲ့ပြီး မြန်မာအသင်း လက်ရှိအနိုင်ရရှိနေမှုကို ထိန်းသိမ်းကစားခဲ့ပါတယ်။ ထို့နောက်မှာတော့ ပွဲချိန် (၇၇) မိနစ်မှာ ယနေ့ပွဲအတွက် အကောင်းဆုံးတိုက်စစ်ဆင်နေကြတဲ့ ကျော်ကိုကိုဖန်တီးပေးမှုကတဆင့် ကြည်လင်းအကောင်းဆုံး အဆုံးသတ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့တာကြောင့် မြန်မာအသင်း ပြိုင်ဘက်အသင်းကို ၂ ဂိုးအသာနဲ့အနိုင်ရရှိနေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အိမ်ရှင်အသင်းက ဒုတိယပိုင်းအနိုင်ဂိုးများနှင့်အတူ အနိုင်ရလဒ်စွမ်းဆောင်ခဲ့ပြီး (၃) ဂိုး တဂိုးဖြင့်အနိုင်ရရှိခဲ့ကာ အုပ်စုဇယား၏ ထိပ်ဆုံးမှာရပ်တည်နေနိုင်ခဲ့ပါတယ်။ ယနေ့ပွဲ စဉ် မှာ မြန်မာပရိတ်သတ် ၁သောင်း ၉ထောင်နီးပါး တခဲနက်လာရောက် လာပေးခဲ့ကြတာပါ။
ပွဲအပြီးမှာ မီဒီယာများ၏ မေးမြန်းမှုတွေအရ အရှေ့ တီမော အသင်းခေါင်းဆောင်က ပင်နယ်တီပေးခဲ့ရမှုအပေါ် မပေးသင့်ဘူးလို့ထင်မိကြောင်း အကောင်းဆုံးကစားခဲ့ကြောင်းပြောကြားထားတာကိုတွေ့ရပါတယ်။ မြန်မာအသင်းမှ ဇော်မင်းထွန်းကို မေးမြန်းရာမှာတော့ ဒုတိယပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အမှားအယွင်းမရှိအောင် သေချာကစားနိုင်ခဲ့ပါတယ်။ အရပ်အမောင်းကြောင့် လူကပ်ကစားရတာ ခက်ခဲ့တယ်လို့လည်း နောက်ခံလူ ဇော်မင်းထွန်း မှ ပြောကြားခဲ့ပါတယ်။ေ ကျာ်ကိုကိုကတော့ "ဒီနေ့ကစား သွားတာ အရမ်းကောင်းပါ တယ်။ တချို့အမှားတွေရှိပေမဲ့ အကောင်းဆုံးကြိုးစား ကစားခဲ့ကြတယ်လို့ မှတ်ချက်ပြုရမှာပါ။ ထိုင်းအ သင်း ကိုတော့ အနိုင်ကစားနိုင်မယ်လို့ထင်ပါတယ်။ ပင်နယ် တီပေးတာ ကတော့ အိမ်ရှင်အားသာ ချက်မျိုးရှိခဲ့တာလို့လည်းပြောလို့ရပါတယ်။ ဒိုင်ဆုံးဖြတ်ချက် အပေါ်မှုတည်ပါတယ် သူ့ဆုံးဖြတ် ချက်ကြောင့်လည်း ထပ်ကံကောင်း ခဲ့ရတယ် လို့ပြောရမှာပါ" ။ မြန်မာအသင်းသည် လက်ကျန် အုပ်စုနောက်ဆုံး ပွဲ နှစ်ပွဲအဖြစ် ဒီဇင်ဘာ (၁၄) မှာထိုင်း နဲ့ (၁၆) ရက်နေ့တို့မှာအင်ဒိုနီးရှား အသင်း တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။
 

No comments:

Post a Comment