Friday, December 6, 2013

" မိုးအောင်ရင်ရဲ့ ဂျပန်အချစ်ခရီးစဉ် "

မိုးအောင်ရင်က ဂျပန် နိုင်ငံ မှာရှိတဲ့ အဒေါ်ဖြစ် သူထံ နှစ် ပတ်ကြာအလည်အပတ်သွား ရောက် ခဲ့ပြီး နိုဝင် ဘာ ၂၉ရက် နေ့ မနက်၉နာရီက ရန် ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ် ကိုပြန် လည်ရောက်ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ အဒေါ်နဲ့ လည်း တွေ့ခဲ့သလိုအလုပ်ကိစ္စနဲ့ ဂျပန် မှာ ရောက် ရှိနေတဲ့ ချစ်သူနဲ့ လည်း လည်ပတ် ခဲ့တာကြောင့် အချစ်ခရီးစဉ်လေးဖြစ်ခဲ့တယ် လို့လည်းမိုးအောင်ရင်က ပြော ပါတယ်။
“Disney Land တို့၊ ဖူဂျီတောင်တို့ကို သွားလည်ခဲ့ တယ်။အလုပ်ကိစ္စရှိတော့ သူနဲ့ လည်း သိပ်မတွေ့ လိုက်ရဘူး။ ရတဲ့အချိန်မှာပဲလျှောက်လည် တာပေါ့။ ဖူဂျီတောင်ကို ညနေ ၄နာရီလောက် မှ ရောက် တယ်။ တအားအေးတော့ ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်ခဲ့ရဘူး။ 
ဒီခရီးစဉ်ရဲ့အကြီးကျယ်ဆုံးအမှတ်တရကတော့ လျှာဖောက်လာခဲ့ တယ်။ကောင်မလေးနဲ့ ဆင် တူ ဖောက်ခဲ့ တာ။နောက်ပြီး သူတို့ ရဲ့ ရိုးရာပုံစံဆာမူရိုင်းလိုဝတ်ခဲ့ တယ်။”လို့ဂျပန်ခရီးစဉ်ရဲ့အမှတ် တရတွေကို ပြန် လည်ပြောပြ ခဲ့ပြီး၊ဒီခရီးစဉ်ကတအား ပျော်စရာ ကောင်းခဲ့ကြောင်း မိုးအောင်ရင် ကပြောပါတယ်။

Popular Journal

No comments:

Post a Comment