Tuesday, December 10, 2013

ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို

Photo: ဗုံးပေါက်မှုသံသယရှိသူ နေတိုးရှိသည့်နေရာသိနေပြီဟု ကေအင်န်ယူ ထုတ်ဖော်ပြောဆို 
Monday, December 09, 2013

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီး အချို့၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရသူ နေတိုး(ခ)စောရွှေထူးမှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။

ကြေးနန်းရိုက် နေတိုး(ခ)စောရွှေထူးသည် မြန်မာနိုင်ငံကေအင်န်ယူ၏ ထိန်းချုပ်နယ် မြေအတွင်း၌ ရှိနေပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုကို လာရောက်ခံယူရန်အတွက် ကြေးနန်းရိုက်ကာခေါ်ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" စုံစမ်းစစ်ဆေးရေးကော်မရှင်က နာမည်ထွက်နေတဲ့ နေတိုးရှိတဲ့နေရာကို သိထားပြီးပါပြီ။ သူက ကေအင်န်ယူနယ် မြေအတွင်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒါက မြန်မာနိုင်ငံထဲမှာပါပဲ။ ကော်မရှင်မှာလာရောက်ပြီးတော့
အစစ်ဆေးခံဖို့လည်း ကြေးနန်းရိုက်ခေါ်သွားမှာပါ " ဟု ၎င်းက ပြောသည်။
သို့သော် တရားခံဟု သံသယရှိသူအားမဖမ်းဆီးဘဲ လာရောက်စစ်ဆေး ရန်အတွက် မည်သည့်အတွက်ကြောင့် ကြေးနန်းဖြင့် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကိုမူ ၎င်းကထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗုံးပေါက်ကွဲမှုများကို စေခိုင်းသည်ဟု သံသယရှိခံရသူ နေတိုး(ခ)စောရွှေ ထူးသည် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)၏ အောက်ခြေအဆင့်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် ကေအင်န်ယူ အနေဖြင့် အောက်တိုဘာ ၂၅ ရက်က ဗဟိုကော်မတီအစည်း အဝေးခေါ်ယူကာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုဖွဲ့စည်းခဲ့ပြီး သံသယရှိသူကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စုံစမ်းမှုများကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် မပူးပေါင်းဘဲ သီးသန့်စုံစမ်းကာ ဆောင်ရွက်ခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

နေတိုး(ခ)စောရွှေထူးရှိနေသည့် နေရာနှင့် စစ်ဆေးသွားမည့်အကြောင်း အရာများမှရရှိလာမည့် အချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ရန်ကုန်မြို့နှင့် တိုင်းဒေသကြီး အချို့၌ ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသူတစ်ဦး အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန် ခဲ့သည်။

ရဲမွန်
စံတော်ချိန် နေ့စဉ်သတင်းစာ
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် အပါအ၀င်တိုင်းဒေသကြီးအချို့ ၌ အောက်တိုဘာလအတွင်းက ဗုံးပေါက်ကွဲ မှုများ ဆက်တိုက်ဖြစ် ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားစေရန် စေခိုင်းခဲ့သည်ဟုသံသယရှိခံရ သူ နေတိုး (ခ)စောရွှေ ထူး မှာ လွတ်မြောက်နေသော်လည်း ယခုအခါ ၎င်းရှိသည့်နေရာကို ကရင်အမျိုးသား အစည်း အရုံး (ကေအင်န်ယူ)၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်က သိရှိထားပြီဖြစ်ကြောင်း ကေအင်န်ယူ ဗဟိုကော် မတီဝင် ဖဒို မန်းငြိမ်းမောင်က စံတော်ချိန်သို့ ပြောဆိုသည်။
ကြေးနန်းရိုက် နေတိုး(ခ)စောရွှေထူးသည် မြန်မာနိုင်ငံကေအင်န်ယူ၏ ထိန်းချုပ်နယ် မြေအတွင်း၌ ရှိနေပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးမှုကို လာရောက်ခံယူရန်အတွက် ကြေးနန်းရိုက်ကာခေါ်ယူ သွား မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
" စုံစမ်းစစ်ဆေးရေးကော်မရှင်က နာမည်ထွက်နေတဲ့ နေတိုးရှိတဲ့နေရာကို သိထားပြီးပါပြီ။ သူက ကေ အင်န် ယူ နယ် မြေအတွင်းမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။ အဲဒါက မြန်မာနိုင်ငံ ထဲမှာ ပါပဲ။ ကော်မရှင်မှာလာရောက်ပြီးတော့ အစစ်ဆေးခံဖို့လည်း ကြေးနန်းရိုက်ခေါ်သွားမှာပါ " ဟု ၎င်းက ပြော သည်။
သို့သော် တရားခံဟု သံသယရှိသူအားမဖမ်းဆီးဘဲ လာရောက်စစ်ဆေး ရန်အတွက် မည်သည့် အတွက်ကြောင့် ကြေးနန်းဖြင့် ဖိတ်ခေါ်ရသည့် အကြောင်းရင်းကိုမူ ၎င်းကထုတ်ဖော်ပြော ဆိုခြင်း မရှိပေ။
ဗုံးပေါက်ကွဲမှုများကို စေခိုင်းသည်ဟု သံသယရှိခံရသူ နေတိုး(ခ)စောရွှေ ထူးသည် ကရင်အမျိုး သား အစည်းအရုံး(ကေအင်န်ယူ)၏ အောက်ခြေအဆင့်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အတွက် ကေ အင်န် ယူ အနြေ ဖင့် အောက် တိုဘာ ၂၅ ရက်က ဗဟိုကော်မတီအစည်း အဝေးခေါ်ယူကာ စုံစမ်း စစ်ဆေးရေးကော် မရှင် တစ်ခုဖွဲ့စည်းခဲ့ပြီး သံသယရှိသူကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စုံစမ်းမှု များကို မြန်မာနိုင် ငံ ရဲ တပ်ဖွဲ့နှင့် မပူးပေါင်းဘဲ သီးသန့်စုံစမ်းကာ ဆောင်ရွက်ခဲ့ကြောင်း ဖဒိုမန်း ငြိမ်းမောင် က ဆက်လက်ပြော ကြားသည်။
နေတိုး(ခ)စောရွှေထူးရှိနေသည့် နေရာနှင့် စစ်ဆေးသွားမည့်အကြောင်း အရာများမှရရှိလာမည့် အချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလအတွင်း ရန်ကုန်မြို့နှင့် တိုင်းဒေသကြီး အချို့၌ ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှု များကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး နိုင်ငံခြားသူတစ်ဦး အပါအ၀င် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းပြန် ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ခဲ့သည်။

ရဲမွန်
စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment