Friday, April 5, 2013

WCDMA (3G) ဖုန်းဆင်းကတ် ကယားနှင့် ချင်းပြည်နယ်ကို ရောင်းချမည်

ဧပြီ ၂၄ ရက်မှာ ငွေကျပ် ၁၅၀ဝ နဲ့ ရောင်းချမယ့် တယ်လီဖုန်းဆင်းကတ် တမျိုးဖြစ်တဲ့ WCDMA (3G) ဖုန်းဆင်းကတ်တွေဟာ ကယားနဲ့ ချင်းပြည်နယ်ကို ရောင်းချဖို့ ဖြစ်တယ် လို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောပါတယ်။
မြန်မာ့ဆက်သွယ်ရေးက ဧပြီ ၂၄ ရက်မှာ စတင် ရောင်းချမယ့် ဆင်းကတ်တွေဟာ CDMA-800 နဲ့ WCDMA (3G) ဆင်းကတ်တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။အသုံးပြုလို့ ရမယ့် ဟမ်းဆက်တွေနဲ့ ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဖုန်းဌာနဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင် က “၈၀ဝ သည် ၈၀ဝ ဟမ်းဆက်မှပဲ ရမယ်။ WCDMA ဟမ်းဆက်ဆိုတာ မြင့်နေမှရမယ်။ 3G ဟမ်းဆက်ပဲ ထည့်လို့ရမယ်။ တချို့နေရာတွေမှာ ဂျီ (ဂျီအက်စ်အမ်) ပဲ ရတဲ့နေရာတွေရှိတယ်။ ဒဗလျူရေပမယ့် ဒဗလျူ ဟမ်းဆက်ထဲမှာ မထည့်ခဲ့ဘူးဆိုရင် မရဘူး။ WCDMA ဟမ်းဆက်တွေ မြင့် တယ်။ 3G ထည့်မှ နားလည်တယ်။ နက်ဝဆီလည်း သွားပြီးအလုပ်လုပ်တယ်။ 3G ဟမ်းဆက်ဖြစ်မှ အဆင်ပြေမယ်” လို့ ပြောပါတယ်။
လိုင်းကျပ်တာမျိုး မြဖစ်အောင် ပြင်ဆင်ထားကြောင်းလည်း ပြောပါတယ်။အခု ရောင်းမယ့်ဖုန်းဆင်းကတ် အေရအတွက်နည်းတာမို့ ထူးထူးကဲကဲ ရောင်းရလိမ့် မထင်ဘူးလို့ ရန်ကုန်မြို့ လူကြီးမင်းဖုန်းစင်တာက အေထွေထွမန်နေဂျာ   ဒေါ်ဇာခြည်လင်းက ပြောပါတယ်။“ကတ်အေရအတွက်ကလည်း နည်းတဲ့ အတွက်ကြောင့် အရင် ၂ သိန်းလောက် သိပ်ပြီး ဟမ်းဆက်ဈေးကွက်ကို မလှုပ်ဘူးလို့ ထင်ပါတယ်။ အရင် ၂ သိန်းတုန်းကဆို ကုမ္ပဏီတွေကလည်း ရတယ်၊ ဆိုင်တွေကလည်း ရတယ်၊ ပြီးတော့ အများကြီးလည်း ထွက်တယ် ဆိုတော့ အခုချိန်မှာ limit လည်း သတ်မှတ်ထားတော့ အေရအတွက်က လိုချင်သလောက် မရတော့ ဈေးကွက်က အရင် သိန်းလောက်တော့ မလှုပ်လောက်ဘူး မြင်ပါတယ်။”

ဒီအရင် ၂ သိန်းတန်ဖုန်းက အေရအတွက် ၁ သန်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ၁၅၀ဝ တန် ဆင်းကတ် တွေကို ပြည်နယ်နဲ့ တိုင်းအစိုးရေတွ အစီအစဉ်နဲ့ ရောင်းချတဲ့ နေရာမှာ ပွင့်လင်းမြင် သာမှုရှိရှိ ရောင်းချဖို့ လိုတယ်လို့ ပေါ်ပြူလာဂျာနယ် အယ်ဒီတာ ဦးမျိုးညွန့်က ပြောပါတယ်။
“ဖုန်းဈေးတခုဟာ နိုင်ငံတော် လျှို့ဝှက်ချက်မဟုတ်ဘူးလို့ ကျေန်ာတို့ ယုံကြည်တယ်။ အဲလိုအေန အထား မှာ ဖုန်းနဲ့ ပတ်သက်တဲ့ program ဘာတွေ ရှိမယ်ဆိုရင်လည်း ဒီ program တွေနဲ့ ပတ် သက်ပြီး ပြည်သူ တွေကို သေသချာချာ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ မြင်တယ်။ ”အြေခခံ လူတန်းစားတွေကေတာ့ ၁၅၀ဝ နဲ့ ဖုန်းကိုင်လို့ ရြကေတာ့မှာမို့ ဝမ်းသာနြေက တယ် လို့ ပြောပါတယ်။
ဖုန်းဆင်းကတ် ၃ သိန်းခွဲကို ပြည်နယ်နဲ့တိုင်း အားလုံးမှာ ခွဲဝေရောင်းချေပးမှာမို့ လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တေလးမြို့တွေမှာ စေရာင်းတဲ့နေ့တွေ ဝရုန်းသုန်းကား ဖြစ်နိုင်မလား၊ တဆင့် ပြန်ရောင်းတာတွေရာ ဖြစ်နိုင်မလားလို့ မန္တေလးက စာရေးဆရာ သတင်းစာဆရာ ဦးကျော်ရင်မြင့်ကို မေးမြန်းရာမှာ ဖြစ်မယ် မထင်ဘူးလို့ ပြောပါတယ်။
အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ သူက လူတွေကို အကုန်လုံး ချေရာင်းလိုက်မှာ မဟုတ်သေးဘူး။ ဝန်ထမ်းတွေက အချိုးဘယ်လောက်၊ ဘာအချိုးဘယ်လောက်ဆိုပြီး အချိုးတွေပဲ ရှိသေးတယ်။ နောက် တခုက ဖုန်းမရေသးဘူးဆိုတဲ့သူတွေကို ရောင်းမယ်ဆိုတာမျိုးလည်း ရှိသေးတယ်။ ဈေးအေတာ် သက်သာ သွားတဲ့အတွက် သာမန်လက်လုပ်လက်စား အေတ်ာများများ ဝယ်ချင်ကောင်း ဝယ်ချင်လိမ့်မယ်။ ဒီအပေါ်ကနေပြီး အမြတ်ထုတ် တဆင့်ခံ ရောင်းဖို့ကလည်း အလားအလာကြီးတော့ ဝရုန်းသုန်းကား ဖြစ်လိမ့်မယ်လို့ မထင်ဘူး။ လိုချင်တဲ့သူများပြီး အထိုက်အေလျာက် တိုးဝှေ့တာမျိုးတော့ ရှိရင်ရှိလိမ့်မယ်။”
ဧပြီ ၂၄ ရက်နေ့ ရောင်းမယ့် ဖုန်းဆင်းကတ်တခုဖြစ်တဲ့ CDMA-800 ဖုန်းဟာ နိုင်ငံခြားကိုပါ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ၁၅၀ဝ တန်ဖုန်း ရောင်းချမယ့်အစီအစဉ်တွေကို ဆက်လက် သတင်းထုတ်ပေးသွားမယ်လို့ အစိုးရ သတင်းက ဆိုပါတယ်။
Credit : Here

No comments:

Post a Comment