Friday, April 5, 2013

Google.com.mm မှာ Zawgyi font ရော Unicode ရောအဆင်ပြေပြေဖတ်နိုင်ဖို့

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက unicode ပါ။ အဲ့အတွက် zawgyi ကိုပဲ အမြဲတမ်းသုံးတဲ့ကျနော်တို့အတွက်font2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။အ ခုကျနော်ပြော မယ့် နည်းလမ်း က zawgyi ကော် unicode ကော်ကို font setting မပြောင်းပဲ နဲ့ အဆင်ပြေပြေ ဖတ်နိုင်ဖို့ပါ။ လိုအပ်တာကတော့ -
Firefox ( http://www.mozilla.org/en-US/firefox/new/ )
GreaseMonkey firefox addon
Myanmar 3 font ( http://www.myanmarlanguage.org/sites/default/files/mm3-multi-os.ttf_ .zip )
MyanmarFontTagger( GreaseMonkey addon)
Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။
အရင်ဆုံး myanmar 3 font ကိုdownloadချပါ။ install လုပ်ပါ။
ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို default အတိုင်း ထားရပါမယ်။ အဲ့အတွက် Tools>Options>Content ထဲ ကFont setting မှာ default font ကို TimeNewRomance ထားပေးပါ။ Advance မှာ proportional ကို Serif / Serif ကို Times New Roman ။ San-serif ကို Arial / Monospace ကို Courier New ထားပါ။ Default charcter encoding ကို Western(ISO-8859-1) ထားပါ။ ဟုတ်မဟုတ်အရင်စစ်ပါ။မှန်တယ်ဆိုရင် ok နဲ့ထွက်ပါ။
GreaseMonkey addon သွင်းရပါမယ် အဲ့အတွက် အောက်ကလင့် ကို နှိပ်ပီး install လုပ်လိုက်ပါ..
https://addons.mozilla.org/firefox/downloads/latest/748/addon-748-latest.xpi?src=dp-btn-primary
ပြီးလျှင် Firefox ကို Restart လုပ်ပါ ။
firefox တက်လာရင် https://userscripts.org/scripts/show/103745 ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။ အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။ pop-up window တခုပေါ်လာပါလိမ့်မယ်။ install ကိုနှိပ်ပါ။ MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။
http://www.google.com.mm/ ကိုသွားပါ။ မြန်မာဘာသာ ကိုရွေးပါ။ အားလုံးကိုအဆင်ပြေပြေ မြင်ရ ပါ လိမ့်မယ်။
zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။ Zawgyi ကော unicode ကော အားလုံး အဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။ အဆင်ပြေပါစေခင်ဗျ။
Credit : Here

No comments:

Post a Comment