Saturday, April 6, 2013

ဆင်းမ်းကတ်နဲ့ ဂျပန်စိတ်ဓါတ်

ဆုံးအောင်ဖတ်ပါ..စဉ်းစားပါ..လုပ်ကြည့်ပါ 
ဟိုးတစ်ခါတုန်းက ဂျပန်မှာ အနုမြူ ပဿနာဖြစ် တုန်းက ဆောင်းပါးလေးတစ်ခု ဖတ်ဖူးတယ်။ ကလေးလေးတစ်ယောက်က အခွင့်အရေးမယူဘဲ သူ့အတွက်ပေးတဲ့မုန့်ကို အပုံထဲ ပြန်ထည့်ခဲ့ တာလေး မှတ်မိကြမယ်ထင်တယ်။ ဟုတ်လားမဟုတ်လား မှန်လား မမှန်လားတော့ ကျနော်လည်း မသိဘူး။ ဒါပေမယ့် ဒါက ပုံပြင် ဆိုရင်တောင် တော်တော်လေးကောင်းတဲ့ ပုံပြင် တစ်ပုဒ်နဲ့ လေးစားဖို့ကောင်းတဲ့ စိတ်ဓါတ် တစ်ခု ပါပဲ။ အဲဒီ့ ပုံပြင်ကို ကြိုက်သလို အဲဒီ့စိတ်ဓါတ်ကို လည်း အားကြ ကြမယ်ထင်တယ်။
မြန်မာနိုင်ငံကို တစ်ကယ် တိုးတက်ချင်တဲ့စိတ်ရှိရင်၊ ဂျပန်ကလေးငယ်ရဲ့ စိတ်ဓါတ်မျိုးကို လေးစားအား ကျပြီး တစ်ကယ်အတုယူချင်တယ်ဆိုရင် ခင်ဗျားတို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခု က စောင့် ကြိုနေ ပါတယ်။ SIM Card တွေ 1500 နဲ့ ရောင်းနေပါပြီ။ လိုသလောက်တော့ မရသေးပါဘူး တစ်ကယ့် ကို လိုအပ်နေတဲ့သူတွေအများကြီးရှိပါတယ်။
ခင်ဗျားတို့ ကျွန်တော်တို့တွေလက်ထဲ 15 သိန်းတုန်းက မမီလိုက်တောင် 5 သိန်းနဲ့ 2သိန်းတုန်းက၀ယ်ဖြစ် ခဲ့မှာပါ။ တစ်ကယ်မရှိသေးတဲ့ တစ်ကယ်လိုအပ်နေတဲ့သူတွေကို ဦးစားပေးလိုက်ကြပါဗျာ။ တစ်ယောက် တည်း ဖုန်း သုံးလုံး လေးလုံးနဲ့ ဘာလုပ်မှာလဲ။ SIM card အလကားရတဲ့ နိုင်ငံတွေမှာတောင် ဖုန်းသုံးလေး လုံး မကိုင်ကြပါဘူး။ မရူးကြပါနဲ့။ အိမ်မှာလည်း လူက သုံးယောက် ဟန်းဖုန်းက 2 လုံး တစ်လလုံးနေမှ အထွက် call ဆယ်ခွန်းတောင်မရှိဘဲနဲ့ ဘာလို့များ ဖုန်းထပ်ဝယ်ဦးမှာလဲ။ ဒီလိုဈေးသက်သာဖို့ နှစ်တွေ အများကြီး စောင့်ခဲ့ပြီးပြီပဲ။ ဘာလို့ ဖုန်းကတ်တွေ ၀ယ်ထားပြီး ပစ္စည်းပြတ်မှ ဈေးတင်ပြီးပြန်ရောင်းဖို့ တွေး ရတာလဲ။
ခင်ဗျားတို့ ကျွန်တော်တို့စိတ်ဓါတ်တွေ ပြုပြင်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။

No comments:

Post a Comment