Friday, April 5, 2013

ညီမလေးဖတ်ဖို့ ရေးတဲ့ စာ..........

ညီမလေးရေ 
သိပ်မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူး ပွဲေ တ်ာသင်္ကြန်ရက်လေးတွေရောက်လာကျ
တော့ မယ်နော်။မြန်မာနိုင်ငံကလည်းခေတ်မှီ
တိုးတက်တဲ့ ဒီမိုကရေစီအတိုင်းကျင့်သုံးနေ လြေ ပန်တော့တချို့အရာတွေကိုလည်း လက်မခံ ချင် ပဲလက်ခံနေရသလိုဖြစ်နေပြန်တယ်လေ။ဒါေ ပ မဲ့ လည်း ဒီနှစ်မှာတော့  ရိုးရာပွဲဆိုတာနဲ့ အညီ ၀တ်စားဆင်ယင်မူ့လေးတွေကိုထိန်းထိန်း သိမ်း သိမ်းဖြစ် ဖို့ စည်း ကမ်းတွေသတ်မှတ်ထားတယ် လို့ ကြားမိပြန်တော့ စိတ်အေးရပြန် တာပေါ့.......
ညီမလေးရေ......
နိုင်ငံရေးမှ မဟုတ် ပါဘူး။လူတွေဖြစ် တည်လာ တဲ့  ဟိုးရှေးရှေးကတည်းက အရာဝတ္တု ပဲဖြစ်ဖြစ်၊စိတ်နေ စိတ်ထားပဲဖြစ်ဖြစ် မျိုးတူရင် စုတက်ကျ တာသဘာဝပဲမဟုတ်လား။ညီမလေးစိတ်ထဲမှာမြင်အောင်ပြောပြရမယ်ဆိုရင်ခု လူငယ်တွေ သုံးနေ တဲ့  ဆိုရှယ်နက်ဝေါ့ ဖြစ်တဲ့ ဖေ့ဖုတ်မှာ သိပ်ကို ကွဲကွဲပြားပြားမြင်နိုင် တာပေါ့။
ဘာလို့ လဲဆိုတော့ ခေတ်ယဉ်ကျေးမူ့ဆိုတဲ့ စကားလုံးကို ခဏလောက်ထား လိုက်ဦး။ ကိုယ်ဝတ် ထားတဲ့ အ၀တ်အစားကလူမြင်မကောင်းအောင်ဖြစ်နေခဲရင်..သေချာတယ်ညီမလေးရယ် ယောက်ျားေ လးတွေ ခဏအပန်းဖြေရာ ဆိုတဲ့  မကောင်းတဲ့ မိန်းကလေးမဟုတ်ပေမဲ့  မသင့်လျှော်တဲ့  အ၀တ် အစားဝတ်မိလို့  အဲ့လို Fan Page ထဲရောက်သွားခဲ့ ရင်...သိပ် ကိုရှက်စရာကောင်းပါ တယ်နော်။ ဘာဖြစ် လို့ လဲ ဆိုတော့ တခြား တဖက်မှာလည်း မြန်မာဆန်ဆန် မိန်းကလေးအလှတွေဆိုပြီး အစရှိသဖြင့် Fan Page  လေးတွေ ရှိကျပြန်တော့  ယောက်ျားလေးတွေစိတ် ထဲမှာရော၊ပ တ်ဝန်း ကျင် အသိုင်းအ၀ိုင်းမှာရော အဆင် မပြေလှပါဘူးကွယ်။
နောက်တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ စာပဲဖြစ်ဖြစ်၊အသုံးလိုတဲ့  ဓါတ်ပုံတပုံဖြစ်ဖြစ် အကို တို့ တွေက Google မှာ ရိုက်ရှာဖြစ်ကျတယ်လေ။တဖြည်းဖြည်းခေတ်မှီလာတာကလွဲရင် Google Search မှာရောက် သွား တဲ့  ပုံတွေက တော့ ဘယ်သူတွေကဖျက်ပေးကျမှာလဲ။
ညီမလေးက နောင်တချိန် ခေတ်ပညာတက် အမျိုးသမီးဖြစ်လာမယ်။ ၀န်ထမ်းအရာရှိ တစ်ယောက် လည်းဖြစ်ကောင်းဖြစ်နိုင် တယ်။လေယာဉ်မယ်လည်းဖြစ်နိုင်တယ်။အများကြီးမှ တကယ်ကို အများကြီး ဖြစ်နိုင်သေး တယ်မဟုတ်လား။ဘယ်အရာတွေ မဖြစ်ခဲ့ စေဦးတော့  နောင်တချိန် မျိုးဆက် သစ်အတွက် အိမ်ထောင်ရက်သားကျပြီး မိခင်တစ်ယောက်တော့ ဖြစ်လာဦးမယ်လေ။
တဒင်္ဂ ကိုယ်ပျော်မြူးခဲ့ တဲ့  အချိန်၊လွတ်လပ်ခွင့်ဆိုပြီး စိတ်တိုင်းကျ ၀တ်ဆင်ခဲ့ မူ့တွေ က နောင် တချိန် ကိုယ်သား သမီး၊ကိုယ်မိဘ၊ကိုယ်မောင်နှစ်မ ကြားမှာ ပတ်ဝန်းကျင်အလည် အရှက်ရစ ရာတြွေ ဖစ်မှာ စိုးရိမ်စရာသိပ်ကောင်းပါတယ်နော်.....။

သင်္ကြန်တွင်းမှာ ဥပုဒ်စောင့်ရမယ်လို့ ကိုယ်မဆိုလိုပါဘူးနော်။ကိုယ်ဖတ်ထားတဲ့  စာလေးကို ပြန် Sharing  လုပ်ရရင်-
သင်္ကြန်တွက်ရိုးကျမ်းများအလို သင်္ကြန်အခါအတွင်း မပြုလုပ်ဘဲ ရှောင်သင့်သည်များကို သင်္ကြန်စာ များ၌ အောက်ပါအတိုင်း ဖော်ပြထားကြလေသည်--------။
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။ (၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။ (၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။ (၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။ (၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။ (၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။
ဆိုပြီး အကိုမှတ်သားဖူးတယ်။

ညီမလေးသင်္ကြန်မှာ နှစ်ဟောင်းကိုစွန့်ပြီးနှစ်သစ်ကိုကြိုရင်း တချို့အရာတွေ ကို ရှောင်ကြဉ် နိုင် ပါစေနော်........
From: (ပုံရိပ်စစ်)

No comments:

Post a Comment