Friday, April 5, 2013

ကြောက်တတ်သူများ မဖတ်ရ

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျမဖေါ်ပြတော့ပါ
ကြောက်တတ်သူများ မဖတ်ပါနှင့်)
 
      ၁၉၉၆ လောက်က ခလရ(xx)က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန် လာ ပါတယ်။ဗိုလ်ကြီးက အသားဖြူဖြူအရပ်မြင့်မြင့် သူ့ချစ်သူဟာ လည်း ရုပ်ချောလှပသူဖြစ်ရုံသာမက မြို့မျက်နှာဖုံး ချမ်းသာ သူဖြစ်လေတော့ နှစ်ယောက်စလုံးဟာ နေနဲ့လ ရွှေနဲ့မြ လိုက် ဖက် တဲ့ချစ်သူတွေ ဖြစ်ပြီး အားလုံးကအားကျရတဲ့စုံတွဲပါ
ချစ်သူနှစ်ယောက်ကလည်း မင်္ဂလာဆောင်အတွက်ပျော်မဆုံး
 မော်မဆုံးနဲ့ ပြင်ဆင်နေကြတာပေါ့လေ
ဒီလိုနဲ့ မင်္ဂလာဆောင်တဲ့နေ့ရက်ကို ရောက်ရှိလို့လာပါတယ်။
          တပ်မတော်က အရာရှိဖြစ်လေတော့ ဗိုလ်ကြီးက ဆဖာရီကုတ် ခေါ်တဲ့ အခမ်းအနားဝတ်စုံနဲ့ပါ
သတို့သမီးကလည်း မြန်မာထိုင်မသိမ်းဝတ်စုံဖြူလေးနဲ့ သိပ်လှနေတာပေါ့ဗျာအားလုံးက ကံကောင်း တယ် လိုက်ဖက်ပါ တယ်ပြောနေကြတဲ့ ဒီစုံတွဲဟာ အားလုံးကထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးကြီးနဲ့ ဆုံခဲ့ရပါတယ်
ဒါကတော့ တချိန်က သတို့သမီးရဲ့ချစ်သူဟောင်းဟာ မင်္ဂလာပွဲကို ဓါးတလက်နဲ့ဝင်ရောက်လာပြီး အားလုံးဝိုင်းဆွဲနေတဲ့ကြားထဲက ဆွဲတဲ့သူတွေရော သတို့သမီး သတို့သားရော ကိုပါ ဓါးနဲ့ခုတ်ခဲ့လို့ သတို့သမီးဟာနေရာတွင်ပဲ ပွဲချင်းပြီးသေဆုံးရရှာပါတယ်
  သတို့သမီးရဲ့ အဖြူရောင်ဝတ်စုံဟာ သွေးချင်းချင်းနီရဲသွားပေမယ့် သတို့သမီးရဲ့မျက်လုံးတွေ ကတော့ သူမချစ်မြတ်နိုးတဲ့ သတို့သားကိုဝမ်းနည်းတဲ့မျက်လုံးအစုံနဲ့ ကြည့်နေရင်းအသက်ပျောက် သွားရ ရှာပါတယ်သတို့သားဟာလည်း သွေးချင်းချင်းနီနေတဲ့ သူရဲ့သတို့သမီးအလောင်း ကို ကျစ် ကျစ်ပါအောင် ဖက်ပြီးငိုကြွေးနေလေတော့ သူ့ရဲ့ဝတ်စုံကလည်း သတို့သမီးရဲ့သွေးတွေ နဲ့ရဲရဲနီနေ ပါတော့တယ်ဒီလိုနဲ့သူတို့ဇာတ်လမ်းကလေးဟာ ကြေကွဲစရာတွေနဲ့အဆုံးသတ်သွားပါတယ်
  ဒါပေမယ့်ဇာတ်လမ်းကမပြီးခဲ့ပါဘူးဗိုလ်ကြီးဟာသူ့ချစ်သူကိုမမေ့နိုင်လေတော့သူ့ချစ်သူသွေးတွေ   ပေနေတဲ့ အခမ်းအနားဝတ်စုံကို မလျှော်ပစ်ပဲ ဒီအတိုင်း မိုက်ရူးရဲဆန်စွာ သိမ်းဆည်းထားပါတယ်
အားလုံးကဝိုင်းပြောကြပေမယ့် ဗိုလ်ကြီးကို ဘယ်လိုမှပြောလို့မရခဲ့ပါဘူးဒီအတိုင်းထားတာ  ဟာ သူမအနားမှာရှိနေသလိုပဲလို့ တတွတ်တွတ်ပြောနေပါတော့တယ်ဒါကြောင့် အဲ့သည်အ ရာရှိ ဟာ စစ်မှုထမ်းဆောင်ရန်ဆက်လက်မသင့်တော်တဲ့ မှတ်ချက်နဲ့ တပ်မတော်ကနေ အနားယူခဲ့ရပါတယ်
သူဟာတကိုယ်တည်းဘဝနဲ့ပဲ၂၀၀၉ခုနှစ်မှာမိတ္တီလာမြို့နာမည်ကျော် ရေကျော်ခုနှစ်ပေါက်  ရေတံ ခါးမှာ ရေနစ်သေဆုံးခဲ့ပါတယ်
မသေဆုံးခင်အထိ ညစဉ်ညတိုင်း သူရဲ့ သွေးပေနေ တဲ့ သတို့သား ဝတ်စုံကို ရှေ့မှာချပြီးတယောက် တည်းစကားတွေပြောနေတာကို ချောင်းတွေ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်
သူမသေခင် နေ့စဉ်နေ့တိုင်း သူ့အခန်းထဲမှာ ညဘက်ဆို မြန်မာသတို့သမီး ဝတ်စုံဖြူနဲ့ မိန်းကလေး တစ်ယောက်ကို ခဏ ခဏ တွေ့ကြောင်းလဲပြောကြပါတယ်  ဒီလိုနဲ့၂၀၁၀ခုနှစ်(သတို့သမီးသေ  ဆုံးပြီး ၁၄ နှစ် သတို့သားသေဆုံးပြီး တစ်နှစ်မှာပါ)ကျွန်တော့်  သူငယ်ချင်း သေသူရဲ့တူတော် တဲ့သူ က မိတ္တီလာစစ်ဆေးရုံမှာ ဆေးမှူးဗိုလ်ကြီးအဖြစ်တာဝန်ကျပါတယ်ကျွန်တော်တို့နှစ်ယောက် ဟာ အဆောင်မှာ တခန်းထဲနေသူတွေပါ အရမ်းခင်တဲ့ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။
              သူကအဲ့သည့်အိမ်ကို အမြဲဝင်ထွက်နေသူဖြစ်တာကြောင့် ဒီဇာတ်လမ်းကိုလည်း ကျွန်တော်ရော သူပါ သိရှိထားပြီးဖြစ်ပါတယ်အဲ့သည့်နေ့က မှတ်မှတ်ရရ ၂၀၁၀ ခုနှစ် မတ်လ ၂၆ ရက်ကပါနောက်နေ့ တပ်မတော်နေ့ညစာစားပွဲအတွက် ကျွန်တော့်သူငယ်ချင်းဟာ ဆာဖာရီကုတ် မရှိပါဘူးပြန်ချုပ်ဖို့ကလည်း အချိန်မမှီ ရှိတဲ့သူတွေ အကုန်လုံးက စားပွဲတက်မှာ ဆိုတော့ ငှားလို့ လဲမရဘူးလေဒါနဲ့ဆက်စပ်တွေးလိုက်တော့ မနှစ်ကဆုံးသွားတဲ့ သူ့ဦးလေး ဗိုလ်ကြီးဟောင်း ကို အမှတ်ရပါတယ်ဒါနဲ့ သူ့အိမ်မှာရှိမှာပဲဆိုပီးသွားငှားပါတယ်ဒီလိုနဲ့ ကျွန်တော်တို့ နာရီစင်နား က သူတို့အိမ်ရောက်တော့ အိမ်သားတွေက "ရှိပါတယ် ဦးလေးပစ္စည်းတွေအကုန်သိမ်းထားပါတယ်"တဲ့ ထူးဆန်းတာတခုက ဒီလောက်နှစ်တွေကြာပြီ သူတို့လည်းသေသေချာချာ လျှော်ဖွပ်ပါတယ် ပင်မင်းတွေပေါင်းစုံအပ်ပေမယ့် အကျီ ရင်ဘတ်ကသွေးကွက်ဟာ ဘယ်လိုမှချွတ်လို့မရဘူးတဲ့
သူတို့ပုံစံကြည့်ရတာ ကြောက်ရွံနေတာအရမ်းသိသာပါတယ် ဒါပေမယ့် သူငယ်ချင်းက ဆရာဝန် ဆိုတော့ အယုံအကြည်မရှိဘူးလေ သူက ထုတ်ပြဖို့ပြောတော့အိမ်သားတွေက အပေါ်ထပ် က အသေပိတ်ထားတဲ့အခန်းကို ကျွန်တော်တို့နှစ်ယောက်စလုံးကို ခေါ်လာတယ် အဲ့မှာပဲခြောက်ခြား စရာ ဆာဖာရီကုတ်ကို နံရံမှာချိတ်ထားတာတွေ့လိုက်ရပါတယ်။
 
ဖုန်အလိမ်းလိမ်းတက်နေပေမယ့် ဘယ်ဘက်ရင်အုံမှာ ငါးလက်မပတ်လည်လောက်ရှိတဲ့ သွေး ကွက်ကြီးကို ထင်ထင်ရှားရှားကြီးတွေ့နေရပါတယ်ကျွန်တော်က ကြောက်တတ်လို့ပြန် ဖို့ပြောပေ မယ့် သူငယ်ချင်းကမရပါဘူး ချက်ခြင်းဆိုသလိုပဲအကျီ င်္ကို အစမ်းကောက်ဝတ်ပစ်လိုက်ပါတယ်
အဲ့မှာ တော်တယ်ဆိုပီး ငှားပါတယ်အဲ့သည့်အိမ်ကလည်း အပိုင်သာယူသွားပါဆိုပီး သေသေချာချာ ထုတ်ပေးလိုက်ပါတော့တယဖြစ်တာက အဲ့သည့်ညမှာပါဆာဖာရီကုတ်ဆိုတာ အထူကြီးပါရေလျှော်  ပီးရင် တော်တော်နဲ့ မခြောက်လို့သူငယ်ချင်းဟာ ရောက်ရောက်ချင်းညနေခင်း မှာပဲ လျှော်ပါတော့ တယ်အဲ့သည်လိုလျှော်နေတုန်းခဏတော့ ပျောက်သွားသလိုဖြစ်ပေမယ့်ခဏနေ နေပူပြန်လှန်း ရင် ဒီသွေးကွက်ဟာ နီကျင်ကျင်နဲ့ပြန်ပေါ်လာပါတော့တယယိုးဒယားကအစွန်းချွတ်ဆေးသုံးပေမယ့် မရ ပါဘူဒီကောင်တော်တော်စိတ်အိုက်သွားပုံရပါတယ်
ဒီလိုနဲ့အခန်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဒီဝတ်စုံကြီးကို ကျွန်တော်တို့နှစ်ယောက် အခန်းထဲက စင်မှာ ချိတ်ထားပါတယ်သူက မကြောက်တတ်ပေမယ့် ကျွန်တော်က အလွန်ကြောက်တာမို့  အပေါ့ သွားရင်တောင် လှည့်မကြည့်ရဲပါဘူးဒီလိုနဲ့ ည ၁၀ နာရီ ရောက်လာပါတယ်
 
ကျွန်တော်တို့နှစ်ယောက် စာဖတ်နေရင်း ဒီကောင်က ဘာစိတ်ကူးပေါက်လဲမသိပါဘူးရုတ်တရက်  ဝတ်စုံကြီးကို စိုက်ကြည့်ပြီး"ဘာဖြစ်လို့ ဒီအစွန်းက မကျွတ်ရသလဲကွာ" ဆိုပီး  တယောက်တည်းရေ ရွတ်လိုက်ပါတယ်အဲ့သည့်အချိန်မှာပဲရုတ်တရက်မီးပျက်သွားပါတယ်ကျွန်တော်တို့နှစ်ယောက် လုံးကြောင်သွားတဲ့ မျက်စိတစ်မှိတ်မှာပဲ မီးပြန်လာပါတယ်
ဒါပေမယ့် အခန်းကတော့အရင်လိုမဟုတ်တော့ပါဘူ
ဆာဖာရီ ဝတ်စုံကြီးရဲ့နားမှာ အဖြူရောင်ဝတ်စုံနဲ့ သွေးဆုတ်ဖြူလျော်နေတဲ့ မျက်နှာပိုင်ရှင်သတို့ သမီးတစ်ယောက်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်သူငယ်ချင်းက အားခနဲ အော် လိုက်သလို
ကျွန်တော့်ရဲ့ဦးခေါင်းဟာလည်း အဆမတန်ကြီးထွားသွားသလို ခံစားလိုက်ရပါတယ်
ဒါပေမယ့်
သတို့သမီးက တချက်ပြုံးကြည့်ပြီး"အစွန်းကဘယ်ကျွတ်မလဲ အမှတ်တစ် စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ ရွှေဝါဆပ်ပြာနဲ့မှ မလျှော်တာ"လို့ပြောလဲပြောသူ့ရဲ့ လက်ထဲက ရွှေဝါဆပ်ပြာ နှစ်ပိုင်း ကို ကျွန်တော်တို့ကို ပေးလိုက်ပါတယ်
သူငယ်ချင်းလဲဝမ်းသာအားရနဲ့ညတွင်းချင်း လျှော်ပစ်တာအစွန်းအထင်းမှန်သမျှအကုန်ပျောက်ပီး   နောက် တနေ့ dinner ကို ဝတ်စုံအသစ်နဲ့ရင်ကော့ခေါင်းမော့ကာ တက်နိုင်ခဲ့ပါတယ်
ကျေးဇူးပါပဲ ရွှေဝါရယ်
(ဟီဟိ)
http://aungthetkhing.blogspot.com/2013/02/blog-post_5807.html

No comments:

Post a Comment